Window 10 တွင် Lock Screen ဖြုတ်နည်း
နည်းလမ်း (၁) Group Policy Editor ကိုအသုံးပြုခြင်း
Group Policy Editor ကိုဖွင့်ပါ။ Window+R
တွင် gpedit.msc ဟုရိုက်ပါ။
Group Policy Editor ၏ Window Box တွင်
Computer Configuration >> Administrative Template >> Control Panel
>> Personalization >> Do not Display the Lock Screen သို့ အဆင့်ဆင့်သွားပြီး
ဖွင့်ပေးပါ။
Do not Display the Lock Screen ကိုဖွင့်ပေးပြီးသောအခါ
Enable ပေးပါ။ Window အား Reboot ချပေးပြီး ပြန်တက်လာပါက Lock Screen မရှိတော့သည်ကို
တွေ့ရပါမည်။
နည်းလမ်း
(၂) – Window Registry ကိုအသုံးပြု၍ ဖြုတ်ခြင်း
Group Policy Editor ကိုဖွင့်ပါ။ Window+R
တွင် regedit ဟုရိုက်ပါ။
Registry Window Box တက်လာသောအခါ
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows အဆင့်ဆင့်သို့ဝင်ရောက်ပေးပါ။
အဆိုပါနေရာတွင် Right Click ထောက်ပြီး New
>> Key ကိုရွေးချယ်ပေးပါ။ ရရှိလာသော Key အသစ်ကို "Personalization” ဟုအမည်ပြောင်းလိုက်ပါ။
အဆိုပါ Personalization အား Select ပေးပြီး
ညာဖက် Box ထဲတွင် New >> DWORD (32 bit) value ကိုရွေးချယ်ပြီး DWORD တန်ဖိုး
အသစ်တစ်ခုကို ဖန်တီးပါ။
အဆိုပါ Name အသစ်အား "NoLockScreen” ဟုနာမည်ပြောင်းပြီး
တန်ဖိုးကို 1 ထည့်ပေးပါ။ ထို့နောက်
Computer ကို Reboot ချပြီးနောက် ပြန်တက်လာသောအခါတွင် Screen Lock မရှိတော့ကြောင်းကို
တွေ့ရပါမည်။
6-4-2016
စီစဉ်တင်ဆက်သူ - Zarni (MEHN Team)
Window 10 တွင် Lock Screen ဖြုတ်နည်း
Reviewed by Myanmar Ethical Hacking News
on
7:22 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:22 PM
Rating:








No comments: