Opera Web Browser ၏ Free VPN ၀န်ဆောင်မှူ့
Opera
Web Browser သည် နော်ဝေအခြေစိုက် Company မှာ စတင်ခဲ့ပြီး ယခုအခါမှာတော့ လူတိုင်း အတွက်
256 bit Virtual Private Serve (VPN) ကို အခမဲ့ ၀န်ဆောင်မှူ့ပေးနိုင်သော ပထမဆုံးသော
Web Browser တစ်ခု ဖြစ်လာခဲ့ပါတယ်။ Opera Web Browser ကို Windows အတွက်သာမက OS X အတွက်လည်း
ထုတ်လုပ်ထားပါတယ်။ ဆိုလိုသည်မှာ အသုံးပြုသူများအနေဖြင့် မည်သည့် Operating System အသုံးပြုနေသည်ဖြစ်စေ
Opera Web Browser ကို အသုံးပြုမည် ဆိုပါက အချက်အလက်များကို လုံခြုံစိတ်ချစွာ စီးဆင်းစေမည်
ဖြစ်သည်။
Opera
၏ 256-bit Encryption VPN Service သည် အချက်အလက်များကို လုံခြုံစွာ စီးဆင်းစေပြီး မည်သည့်
အချက်အလက်များ စီးဆင်းနေသည်။ မည်သည့်နေရာမှ စီးဆင်းနေသည်။ စသည့် အသေးစိတ်အချက်အလက်များကို
ဖုံးကွယ်ထားပေးမည်ဖြစ်သည်။ ထိုသို့ ဖုံးကွယ်ထားပေးသည့်အတွက် တစ်စုံတစ်ယောက်မှ နောက်ယောင်ခံလိုက်ခြင်း
မပြုလုပ်နိုင်အောင် ကာကွယ်ပေးထားခြင်း ဖြစ်သည်။
Opera
၏ VPN ၀န်ဆောင်မှူ့သည် အသုံးပြုရ လွယ်ကူပါသည်။ အင်တာနက်အပေါ်တွင် လှူပ်ရှားသွားလာရာ
လမ်းကြောင်းများကို ဖုံးကွယ်ပေးမည် ဖြစ်သည်။ အချက်အလက်များကို ထိန်းသိမ်းထားကာ အသုံးပြုသူများ၏
အင်တာနက်လှူပ်ရှားမှူ့များအား ကိုယ်ပျောက်လူသားများသဖွယ် ဖြစ်စေပါသည်။
Blog
တစ်ခုမှာ Opera ၏ နည်းပညာ အင်ဂျင်နီယာပညာရှင် Krystian Kolondra မှ ခုလိုရေးသားထားပါတယ်
“Opera Browser အသုံးပြုခြင်းအားဖြင့် ရရှနိုင်သော အကျိုးကျေးဇူးများကတော့ VPN
Services အတွက် နောက်ထပ် အပိုဆောင်း Software များ Installation ပြုလုပ်ရန်မလိုအပ်ခြင်း
၊ Opera Browser မှ VPN Service ကို ရယူအသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးမှာရရှိနိုင်ပါတယ်။
ဒါကြောင့် အသုံးပြုသူများအနေဖြင့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပြီး မည်သည့်နေရာမှာ
ရောက်ရှိနေသည်ဖြစ်စေ လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”
SurfEasy
ရဲ့ VPN Marketing မန်နေဂျာ Steve Kelly က “လုံခြံမှူ့နှင့် ဖုံးကွယ်မှူ့ ဆိုသော လိုအပ်ချက်များကြောင့်
Opera မှာ Free VPN ကို ထပ်ပေါင်းပေးခဲ့တာဘဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“လူတိုင်းအတွက်
အင်တာနက် အသုံးပြုနေစဉ်အတွင်း လုံခြုံမှူ့နှင့် စိတ်ချရမှူ့သည် အမှန်တကယ်ကို အရေးကြီးသော
အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေပါတယ်။ ကမ္ဘာပေါ်ရှိလူများသည် အင်တာနက်ကို အသုံးပြုသည့်အခါ မလုံခြုံမှူ့များကို
ခံစားနေရပါတယ်။ ထိုပြဿနာများကို ဖြေရှင်းပေးရန်အတွက် Opera တွင် VPN Service ကို ထည့်သွင်းပေးခဲ့တာပါ။
Opera ရဲ့ Free VPN ကို အသုံးပြုမယ်ဆိုရင် အင်တာနက် လှူပ်ရှားမှု့များအား လုံခြုံစိတ်ချရစေမှာ
ဖြစ်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Opera
VPN ကို အသုံးပြုရန်အတွက် Opera ကို Download ပြုလုပ် Installation လုပ်ဆောင်ပြီးပါက
Setting တွင် VPN ဆိုတာကို အမှန်ခြစ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်.
VPN
ဆိုတာကတော့ အင်တာနက်အပေါ်တွင် အချက်အလက်များ စီးဆင်းမှူ့ကို လုံခြုံစွာ စီးဆင်းစေပါတယ်။
တည်နေရာကို ဖုံးကွယ်ပေးပြီး နောက်ယောင်ခံလိုက်ပါက မည်သည့်နေရာမှန်းမသိအောင် ဖုံးကွယ်ပေးပါတယ်။
VPN ကို များသောအားဖြင့် ဆိုင်ဘာဆိုင်ရာ ရာဇ၀တ်မှူ့များ ကျူးလွန်ရန်အတွက် အသုံးပြုကြပါသည်။
11-5-2016
သတင်းစီစဉ်
တင်ဆက်သူ - ပိုင်းလင် (MEHN Team)
Opera Web Browser ၏ Free VPN ၀န်ဆောင်မှူ့
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:

No comments: