Wordpress Web Developers များအတွက် သတင်းကောင်း

Wordpress ၏ အဓိက Website တစ်ခုဖြစ်သော https://wordpress.com တွင် ဖန်တီးသော Websites များအားလုံးကို https:// ၀န်ဆောင်မှူ့ပေးနေခြင်းဖြစ်သည်။ ၀ယ်ယူထားသော Custom Domains များအပြင် Free Domains များဖြစ်သော example.wordpress.com စသည် တို့ကိုပါ https:// ၀န်ဆောင်မှူ့ပေးမည် ဖြစ်သည်။

Wordpress အနေဖြင့် အသုံးပြုသူများ၏ လုံခြုံမှူ့ကို အလေးပေးသော အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးအဆင့်အတန်းကို တိုးမြှင့်လိုက်ရခြင်း ဖြစ်သည်။ https:// ၀န်ဆောင်မှူ့သည် ယခင်အချိန်များတွင် ၀ယ်ယူအသုံးပြုနေရာမှ Wordpress ၏ အကြီးအကဲများမှ လုံခြုံရေးအား အထူးဂရုစိုက်သောအားဖြင့် Custom Domains များနှင့် Free Domains များတွင် တပါတည်း ထည့်သွင်းပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

Wordpress ၏ https:// ၀န်ဆောင်မှူ့များသည် ယခုမှ စတင်ဖန်တီးမည့် Domains များတွင် တပါတည်း ပါဝင်မည်ဖြစ်သည်။ သို့သော် ယခင် Wordpress မှ ဖန်တီးထားသော Websites များတွင်မူ တဖြည်းဖြည်းချင်းမှ ထည့်သွင်း ပေးသွားမည် ဖြစ်သည်။ မကြာခင်အချိန်အတွင်းမှာ http:// ၀န်ဆောင်မှူ့မှသည် https:// ၀န်ဆောင်မှူ့သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာချစ်သူတို့၏ Wordpress Websites များတွင် http:// လား https:// လားဆိုတာကို စစ်ဆေးကြည့်ရူ့သင့်ပါသည်။

Wordpress Websites များတွင် SSL Certificate အမှတ်အသားဖြစ်သော URL ၏ ဘယ်ဘက်အစွန်ဆုံးတွင် အစိမ်းရောက် သော့အိမ် ပုံစံမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ https:// ပါဝင်သော s ၏ အဓိပ္ပါယ်မှာ SSL (Secure Sockets Layer) ဖြစ်ပါသည်။ SSL သည် Websites နှင့် အသုံးပြုသူတို့အကြားတွင် အပြန်အလှန်ပေးပို့သော အချက်အလက်များကို ၀ှက်စာသွင်းပေးသော စံနစ်ဖြစ်သည်။ SSL ကို အသုံးပြုခြင်းအားဖြင့် အသုံးပြုသူများ၏ အချက်အလက်များကို လုံခြုံစွာ စီးဆင်းစေမှာ ဖြစ်ပါတယ်။

ထို့ကြောင့် Websites များတွင် SSL ၀န်ဆောင်မှူ့များကို အသုံးပြုသင့်ပါသည်။ အထူးသဖြင့် Online Banking , Online Shopping , Online Ecommerce , Online Payment စသော Username နှင့် Password အသုံးပြုရသည့် နေရာများတွင် SSL ကို မဖြစ်မနေအသုံးပြုရမည်ဖြစ်သည်။ ဒါမှသာ အချက်အလက်များသည် လုံခြုံမှူ့ရှိမည်ဖြစ်သည်။ SSL သည် စီးဆင်းသည့် အချက်အလက်များကို ၀ှက်စာသွင်းပေးသည့်အတွက် Hacker မှ Man In The Middle Attack ဖြင့် အချက်အလက်များကို ရယူသွားနိုင်သည့်တိုင်အောင် ၀ှက်စာသွင်းထားသော ၀ှက်စာကုတ်များသာ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် SSL သည် အထူးပင်အရေးကြီးပြီး အမှန်တကယ် အသုံးပြုသင့်သော ၀န်ဆောင်မှူ့ တစ်ခု ဖြစ်သည်။

3-5-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Wordpress Web Developers များအတွက် သတင်းကောင်း Wordpress Web Developers များအတွက် သတင်းကောင်း Reviewed by Myanmar Ethical Hacking News on 6:55 PM Rating: 5

No comments:

MEHN Team. Powered by Blogger.