ကွန်ပြူတာ Hardware Errors အမှားများကို စစ်ဆေးပေးနိုင်မည့် Software



Computer Hardware ပိုင်းကို စစ်ဆေးဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် Hwinfo ကတခြား Hardware တွေထက် သာလွန်တဲ့ အဖြေပေးပါလိမ့်မယ်။ Hwinfo ၏ အကောင်းဆုံး သတင်းအချက်အလက်တွေနဲ့အတူ သင့်ကွန်ပြူတာရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ Laptop ဒါမှမဟုတ် Computer ကို ဝယ်မယ်ဆိုရင် ကျွန်တော်တို့ အများဆုံးစစ်ဆေးသော Hardware အပိုင်းတွေကတော့ Processor, RAM, ROM, Screen အရွယ်အစားနှင့် အမြန်နူန်း အစရှိတာတွေပေါ့။

Computer Hardware ပိုင်း အခြေခံ ကျွမ်းကျင်သူတွေ လုပ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ Hardware ရဲ့ System ကိုစိတ်ဝင်စားသူ ဒါမှမဟုတ် Computer System ၏ များပြားလှသော Hardware ပိုင်းတွေကို လေ့လာချင်တယ်ဆိုရင်တော့ Hwinfo Tool လေးက အသုံးဝင်ပါလိမ့်မယ်။

Hwinfo နဲ့ပက်သက်ပြီး Version နှစ်ခုရှိပါတယ်။

Hwinfo 32 for 32-bit system
Hwinfo 64 for 64-bit system

Hwinfo 32 ကတော့ ထွက်ရှိထားတာ အနည်းငယ်ကြာနေပါပြီ။ Hwinfo 64 ကတော့ 64 bit system အတွက် နည်းပညာပညာရှင်များမှ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Software ကို Download ဆွဲပြီး Installation ပြုလုပ်ထားခြင်းဖြင့် Computer System အတွင်းရှိ Hardware များ၏ အချက်အလက်များကို စုံလင်စွာ သိရှိရမှာ ဖြစ်ပါတယ်။ သင့် Computer မှာ Hwinfo ကို Installation လုပ်ထားခဲ့မယ်ဆိုရင် Processor, Motherboard, Memory, Video Adapter, Drive, Ports, Network နှင့် များပြားလှစွာသော Hardware တွေကို ရဲ့ လုပ်ငန်းဆောင်တာများကို သိရှိလာမှာပါ။

Software ၏ ထူးခြားချက်ကတေ့ Drivers များကို Update ဖြစ်လား မဖြစ်ဘူးလား စသည်ဖြင့် ကောင်းစွာ စစ်ဆေးပေးနိုင်ပါတယ်။


7-6-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
ကွန်ပြူတာ Hardware Errors အမှားများကို စစ်ဆေးပေးနိုင်မည့် Software ကွန်ပြူတာ Hardware Errors အမှားများကို စစ်ဆေးပေးနိုင်မည့် Software Reviewed by Myanmar Ethical Hacking News on 9:14 PM Rating: 5

2 comments:

  1. Download link lal ma par woo lar bya

    ReplyDelete
  2. ဟုတ်အကို
    ကျွန်တော် Windows 7 Utimulate
    တင်ပြီးတော့ wi first ချိတ်လို့မရတော့ဘူး
    ဖြစ်နိုင်ရင်ကူညီပေးပါ

    ReplyDelete

MEHN Team. Powered by Blogger.