Click တစ်ချက်တည်းဖြင့် Windows အတွက် လိုအပ်မည့် Software များကို Installation ပြုလုပ်နိုင်ခြင်း



Software တွေကို Download ပြုလုပ်သည့်အခါ အတော်ပင် သတိကြီးစွာ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သူများသည် အင်တာနက်အပေါ်တွင် Software အစစ်များနှင့် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော Malicious Code များထည့်သွင်းထားသော Software ပေါင်းမြောက်များစွာ လွှင့်တင်ထားကြပါသည်။ တိုက်ခိုက်သူများမှ လွှင့်တင်ထားသော Software များကို အစစ်များဟု ထင်မှတ်ကာ Download ပြုလုပ်ပြီး Installation ပြုလုပ်မည်ဆိုပါက စာချစ်သူတို့၏ System တစ်ခုလုံးသည် ဖျက်ဆီးခံရခြင်း သို့မဟုတ် ထိန်းချူပ်ခံရခြင်း စသည့် အခြေအနေများနှင့် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်မှ Software များကို Download ပြုလုပ်သည့်အခါ အထူးပင် သတိထား Download ပြုလုပ်ရမှာဖြစ်ပါတယ်။

Download ပြုလုပ်ထားပြီးသော Installation ပြုလုပ်ထားပြီးသား Software များကိုလည်း အချိန်နှင့် တပြေးညီ Update အဆင့်မြှင့်တင်ပေးရန် လိုအပ်ပါတယ်။ ဒါမှသာ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှူ့များကို ရရှိမှာ ဖြစ်ပါတယ်။ ထိုသို့ Update အဆင့်မြှင့်တင်ရာတွင် အချိန်တစ်ခုလိုအပ်မှာဖြစ်ပါတယ်။

Window အသစ်တစ်ခု စတင်သည့်အချိန်တွင် မရှိမဖြစ် လိုအပ်သော Software များကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ VLC Player , Skype , Adobe Reader , uTorrent , Google Chrome Browser စသည်တို့သည် မရှိမဖြစ် Software များဖြစ်သည်။ Window အသစ် စတင်တာနှင့် အဆိုပါ Software များကို Installation ပြုလုပ်ရမည် ဖြစ်သည်။ ထိုသို့ Installation ပြုလုပ်ရာတွင် Software များကို တစ်ခုချင်းစီ Download ပြုလုပ်ပြီး တစ်ခုချင်းစီ Installation ပြုလုပ်မည် ဆိုပါက အချိန်အတော်လေး ပေးရမည်ဖြစ်သည်။ ဒါဆို အားလုံးကို တစ်ချက်တည်းနဲ့ Installation လုပ်နိုင်ပါသလားလို့ မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ ရှိပါတယ်လို့ ဖြေပေးလိုက်ပါတယ်။ ယခုလို Software အားလုံးကို တစ်ကြိမ်တည်းနှင့် Installation ပြုလုပ်ပေးမှာကတော့ Ninite ဘဲဖြစ်ပါတယ်။ Ninite မှ တဆင့် နောက်ဆုံးထွက် Up To Date Software များကို ရရှိမှာ ဖြစ်ပါတယ်။ Click တစ်ချက်တည်းနှင့် လိုချင်သော Software များကို Installation ပြုလုပ်ရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ https://ninite.com/ သို့သွားပါ။
၂။ Installation ပြုလုပ်လိုသော Software များကို အမှန်ခြစ်ပါ။
၃။ Get Your Ninite ဟူသော ခလုတ်ကို နှိပ်ပါ။ ထိုအခါ Software တစ်ခု Download ကျလာမည် ဖြစ်သည်။
၎။ ရရှိလာသော Software ကို Installation ပြုလုပ်ပါ။
၅။ Click တစ်ချက်တည်းနှင့် Software များကို Installation ပြုလုပ်ပြီးပါပြီ။

အချိန်ကုန်သက်သာပြီး ဘေးရန်ကင်းကင်းဖြင့် လုံခြုံစိတ်ချရသော Software များကို အချိန်တိုအတွင်း Installation ပြုလုပ်နိုင်မည် ဖြစ်သည်။


29-7-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Click တစ်ချက်တည်းဖြင့် Windows အတွက် လိုအပ်မည့် Software များကို Installation ပြုလုပ်နိုင်ခြင်း Click တစ်ချက်တည်းဖြင့် Windows အတွက် လိုအပ်မည့် Software များကို Installation ပြုလုပ်နိုင်ခြင်း Reviewed by Myanmar Ethical Hacking News on 8:04 PM Rating: 5

No comments:

MEHN Team. Powered by Blogger.