Youtube Video ရဲ့ နောက်ကွယ်တွင် ရှိသော အသံ Command မှတဆင့် Smartphone များကို Hack နိုင်ခြင်း
UC
Berkeley and Georgetown University မှ သုတေသနပြုသူတွေ ဦးစီးဆောင်ရွက်မှုနဲ့
Youtube Video များ၏ နောက်ကွယ်တွင်ရှိသော Voice Command မှတဆင့် သင်၏ Smartphone ကို တိုက်ခိုက်နိုင်ပုံကို
ပြသခဲ့ပါတယ်။ နည်းပညာရှင်းများမှ Youtube Video တွေရဲ့နောက်ကွယ်မှာ Voice command တွေကို
ဝှက်ထားနိုင်တယ်လို့သိရပါတယ်။
ယခုနောက်ပိုင်းထွက်ရှိသည့်
Smartphone များတွင်ပါဝင်သော စကားသံများကို ခွဲခြမ်းစိတ်ဖြာနိုင်သော စံနစ်ကြောင့် တိုက်ခိုက်ခံရနိုင်ခြင်း
ဖြစ်ပါတယ်။ စမ်းသပ်ချက်များကို ဖုန်းအသံစံနစ်များဖြစ်သည့် Seri နှင့် Cortana မှာ စမ်းသပ်ပြီးပါပြီ။
နည်းပညာရှင်များ ရေးသားထားသော စာတမ်းတွင် တိုက်ခိုက်သူများသည် Youtube Video များအတွင်း
Voice Command များကို မသိလိုက် မသိမသာ ပြောကြားပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ
Voice Command များကို တဆက်တည်း ပြောခြင်းမဟုတ်ဘဲ Video အတွင်း စကားပြောသယောင်နှင့်
Voice Commands များ ပေးသွားခြင်း ဖြစ်သည်။
Youtube
အသုံးပြုသူများအနေဖြင့် IT နည်းပညာပိုင်းဆိုင်ရာ နားလည်တတ်ကျွှမ်းသူများရှိသလို နည်းပညာပိုင်းဆိုင်ရာ
မသိသူများလည်း ပါဝင်နိုင်ပါသည်။ အများစုမှာ IT နည်းပညာပိုင်းဆိုင်ရာ အားနည်းသူများဖြစ်သည်။
သင်သည် တိုက်ခိုက်သူမှ ဖန်တီးထားသော Youtube Video File တစ်ခုကို ဖွင့်ကြည့်မိတယ်ဆိုကြပါစို့။
ဖုန်းကလည်း အနားမှာရှိနေမယ်။ တိုက်ခိုက်သူများသည် Video File အတွင်း Voice
Commands များကို လှို့ဝှက် ထည့်သွင်းပြီး ပြောကြားသွားပါတယ်။ ထို အသံကို
Smartphone ၏ Voice Command System မှ ကြားကာ Youtube Video မှ ပြောသည့်အတိုင်း လိုက်လုပ်သွားမည်
ဆိုပါက တိုက်ခိုက်ခံရမည် ဖြစ်သည်။
နည်းပညာရှင်များသည်
တိုက်ခိုက်သည့် နည်းလမ်း ၂ မျိုးဖြင့် စမ်းသပ်ထားပါသည်။ ထို နည်းလမ်း ၂ မျိုးကို
Black Box Testing နှင့် White Box Testing ဟု ခေါ်ပါသည်။ Black Box Testing ဆိုသည်မှာ
Voice Commands ကို လူကိုယ်တိုင် ကြားနိုင်ပြီး နားလည်နိုင်သော နည်းလမ်းဖြစ်သည်။ ထို
အသံကို Smartphone တွင်ပါဝင်သော အသံဖမ်းသည့် စံနစ်သည် ကြားသွားပါက Voice Commands အတိုင်း
အလုပ်လုပ်သွားမည်ဖြစ်သည်။ Black Box Testing Voice Commands ကို ဖော်ပြပါ Links တွင်
နားထောင်နိုင်ပါတယ်။
Black
Box Testing : https://youtu.be/JQM1GqRGIus
White
Box testing ဆိုသည်မှာ အသံကို ကြားရသော်လည်း လူကိုယ်တိုင်နားမလည် Smartphone တွင်ပါဝင်သော
အသံဖမ်းသည့် စံနစ်သာ နားလည်နိုင်မည့် Voice Commands မျိုးဖြစ်သည်။ Smartphone ၏ အသံဖမ်းသည့်စံနစ်မှာ
အသံကြိမ်နှုန်းများအပေါ်မူတည်ပြီး ခွဲခြမ်းစိတ်ဖြာသည့် နည်းစံနစ်ဖြစ်သည်။ ထို့ကြောင့်
White Box testing တွင် Voice Commands များသည် မပီမသဖြစ်နေသော်လည်း ကြိမ်နှုန်းများ
မှန်နေသည့်အတွက် ထို ကြိမ်နှုန်းကို Smartphone ၏ အသံဖမ်းသည့် စံနစ်က ဖမ်းယူနားလည်သွားပြီး
Video File တွင် ပါဝင်သော Voice Command အတိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်။ White
Box Testing Voice Commands ကို ဖော်ပြပါ Links တွင် နားထောင်နိုင်ပါတယ်။
White
Box Testing : https://youtu.be/wrNcBvkj2yk
အခြားသော
Black Box နှင့် White Box Testing Voice Commands များကို လေ့လာချင်ပါက ဖော်ပြပါ
Link တွင် ၀င်ရောက် လေ့လာနိုင်ပါတယ်။
Link
: http://www.hiddenvoicecommands.com/
တိုက်ခိုက်နည်းများသည်
နေ့စဉ်နှင့်အမျှ အသစ် အသစ်များ ထွက်ပေါ်လျှက်ရှိပါတယ်။ စာရူ့သူများအနေဖြင့် နည်းပညာဗဟုသုတများ
ရရှိစေပြီး တိုက်ခိုက်နည်းများကို သိရှိထားကာ ရှောင်ရှားနိုင်ကြပါစေကြာင်း အစီရင်ခံ
ဖော်ပြလိုက်ရပါတယ်။
သတင်းစီစဉ်
တင်ဆက်သူ - ပိုင်လင် (MEHN Team)
Youtube Video ရဲ့ နောက်ကွယ်တွင် ရှိသော အသံ Command မှတဆင့် Smartphone များကို Hack နိုင်ခြင်း
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:

No comments: