Facebook ရဲ့ News Feed Algorithm
ဒီနေရာမှာ စာချစ်သူများကို Algorithm ဆိုတာဘာလဲဆိုတာကို
အရင်ဆုံးရှင်းပြချင်ပါတယ်။ Algorithm ဆိုတာ ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်ဆင့်ကို အသေးစိတ်
တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံလို့ ပြောတဲ့အခါမှာ
Infrastructure ဆိုတဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အသုံးပြုသော ဝေါဟာရချင်း မတူပါဘူး။
Infrastructure ဆိုတာ အဆောက်အဦးတွေ ဒါမှမဟုတ် တစ်ခုခုကို ဒီဇိုင်းထုတ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံကို
ဆွဲတာပါ။ Algorithm ဆိုတာ System တစ်ခု၏ အလုပ်လုပ်ပုံအဆင့်ဆင့်ကို စာသားဖြင့်သော်လည်းကောင်း
သချာင်္နည်းဖြင့်သော်လည်းကောင်း ပုံဖြင့်ဖော်ပြ၍သော်လည်းကောင်း စသည်ဖြင့် တနည်းနည်းဖြင့်
ဖော်ပြခြင်း ဖြစ်ပါတယ်။
Facebook မှာ News Feed Algorithm ကိုအနည်းငယ်သာ ပြောင်းလဲမှူ့ လုပ်လိုက်တာနှင့် ကမ္ဘာတ၀ှမ်းလုံးမှာရှိသော
Facebook အသုံးပြုသူများ အပေါ်မှာတော့ ကြီးမားသော သက်ရောက်မှုတွေ ရရှိလာပါတယ်။ Facebook
ရဲ့ News Feed လုပ်ဆောင်မှုကြောင့် ကြော်ငြာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်
ငွေကြေးပေးမှုတွေ ရှိလာပါတယ်။ ဆိုလိုတာကတော့ ကြော်ငြာလိုသူများ၏ လိုလားချက်အပေါ်မူတည်ပြီး
မည်သည့်နိုင်ငံတွင်နေထိုင်သော အသုံးပြုသူများ၏ News Feed တွင် ပေါ်ချင်သည် မည်သည့် အရေအတွက်
ပေါ်ချင်သည် စသည်တို့အပေါ်တွင် မူတည်ပြီး ငွေပေးချေရခြင်းဖြစ်သည်။ ကြော်ငြာသည်
Facebook အသုံးပြုသူတိုင်း၏ News Feed တွင် မပေါ်ပေ။
Facebook ရဲ့ Blog မှာ ဖော်ပြထားတာကတော့
ပထမဆုံး နားလည်အောင်ပြောရရင် ဒီလမ်းညွှန်မှုတွေဟာ သင့်ရဲ့ News Feed ကို ပိုမိုကောင်းမွန်တိုးတက်အောင်
လုပ်ဆောင်ပေးမှာပါ။ Mark Zuckerberg ရဲ့ သတိပေးမှုတွေကို သင်သတိမထားမိဘူးဆိုလျှင် အံ့သြမှုတွေကို
သင်တွေ့မြင်နိုင်မှာ မဟုတ်ဘူးနော်။ ဆိုလိုတာကတော့ မိမိရဲ့ News Feed ကို ဘယ်လိုအကောင်းဆုံးဖြစ်အောင်
ပြုလုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက် Guiding Principle တွေကို မဖတ်ရူ့ကြည့်ဘူးဆိုရင် ပေးကားပေး၏
မရဆိုသလို သင့်၏ Facebook Account အတွက် အကောင်းဆုံးဆိုသော ၀န်ဆောင်မှူ့တွေကို ရရှိမှာ
မဟုတ်ပါဘူး။ ဒါ့ကြောင့် News Feed လမ်းညွှန်ချက် Guiding Principle များကို ဖတ်ရူ့သင့်ပြီး
မိမိအကောင့်၏ News Feed ကို အကောင်းဆုံး ပြင်ဆင်ထားသင့်ကြောင်းကို အကြံပြုလိုတာပါ။
Facebook News Feed အတွက် အသေးစိတ် အချက်အလက်များကို ပေးထားသော Link မှာ ၀င်ရောက် ဖတ်ရူ့နိုင်ပါတယ်။
Friends and Family Algorithm
Friends and Family Algorithm ဆိုတာကတော့
Facebook မှာ သူငယ်ချင်းတွေ Relationship ပြုလုပ်ထားသော ချစ်သူ ညီအစ်ကို မောင်နှမတွေ
မိသားစုဝင်တွေအတွက် ပိုမိုနီးစပ်အောင် ဖန်တီးပေးထားပါတယ်။ Facebook မှာ Status တစ်ခုတင်လိုက်ပါက
Account ထဲရှိ လူတိုင်း၏ စာမျက်နှာတွင် ပေါ်ချင်မှပေါ်မည် သို့သော် Relationship ပြုလုပ်ထားသူများ
ထံတွင်တော့ ပေါ်မည်ဖြစ်သည်။ ထိုသို့ အနီးစပ်ဆုံး သူများ၏ News Feed များတွင် မဖြစ်မနေ
ပေါ်အောင် ဖန်တီးပေးထားသည်။ Facebook ရဲ့ အဓိက လုပ်ဆောင်ပေးမှုက သူငယ်ချင်းတွေနဲ့ မိသားစုတွေ
ကြားထဲမှာ ကောင်းမွန်တဲ့ Social Network ကို ဖော်ဆောင်ပေးတာပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို
Facebook က ဆုံးဖြတ်ပေးပြီး သင့်ရဲ့ News feed မှာ လာပေါ်နေစေပါတယ်။ Facebook မှာ အရေးကြီးသော
News Feed ၂ ခုကို ဦးစားပေးအနေဖြင့် ဖော်ပြပေးပါတယ်။ ထို အချက် ၂ ချက်ကတော့ - သတင်းနှင့်
အချက်အလက်များဆိုင်ရာ နှင့် ဖျော်ဖြေရေးဆိုင်ရာ ကိစ္စရပ်များဘဲ ဖြစ်ပါတယ်။ ဖျော်ဖြေရေးဆိုပေမယ့်
လိင်အသားပေး ဖော်ပြမှူ့များကိုတော့ တားမြစ်ထားပါတယ်။
Fair Platform Algorithm
Fair Platform Algorithm ဆိုတာကတော့ ဓာတ်ပုံ
သို့မဟုတ် Status တစ်ခုခုကို အခြားသူတစ်ယောက်မှ Like လုပ်လိုက်သည်ဖြစ်စေ Comment ပေးလိုက်သည်ဖြစ်စေ
မိမိ Wall ပေါ်မှာ ပြန်လည်ဖော်ပြပေးခြင်းပါ။ ထိုသို့ပြုလုပ်ထားသည့်အတွက် Like များများ
လိုချင်သူများအတွက် အထူးပင် စိတ်တိုင်းကျစရာ Algorithm တစ်ခု ဖြစ်ပါတယ်။
Authentic Communication Algorithm
Authentic Communication Algorithm ဆိုတာကတော့
Trusted Friend လိုမျိုး ယုံကြည်သူများကိုသာ ခွင့်ပြုထားသည့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။
Facebook Account တစ်ခုခုဖြစ်ပါက ထို Authentic Communication Algorithm နည်းလမ်းဖြင့်
ပြန်လည်ရယူနိုင်ရန် ဖန်တီးပေးထားခြင်း ဖြစ်သည်။
Full Control Algorithm
Full Control Algorithm ဆိုတာကတော့
Facebook တွင် ဦးစားပေး ကြည့်ချင်သူများကို See First လုပ်ထားနိုင်ပြီး မကြည့် ချင်သူများကို
Unfollow လုပ်ထားနိုင်ပါတယ် ဘာမှ မပေါ်စေချင်ဘူးဆိုရင်တော့ Hide လုပ်ထားနိုင်ပါတယ်။
Unfollow တို့ Hide တို့ထားပေးရခြင်းကတော့ Unfriend လုပ်ရမှာလည်း အားနာတယ် ကြည့်လည်းမကြည့်ချင်ဘူး
မြင်လည်းမမြင်ချင်ဘူး စသည့် လုပ်ငန်းဆောင်တာများအတွက် အလွန်အသုံးဝင်ပါတယ်။
Facebook မှာ နောက်ဆုံးပြောင်းလိုက်တဲ့
Algorithm ကတော့ Friends and Family Algorithm ကို ပြောင်းလဲ ပြင်ဆင်ထားပါတယ်။
Friends များနှင့် Family များမှ တင်သော Post များသည် အခြားသော သူများ တင်သော Post
များထက် ဦးစားပေး ဖော်ပြခံရမှာ ဖြစ်ပါတယ်။
ထို့အပြင် Facebook ၏ Audience Shares ကို
အသုံးပြုပြီး ငွေပေးချေသည့် Pages များကိုလည်း Facebook စာမျက်နှာများမှာ ဦးစားပေးဖော်ပြသွားမှာ
ဖြစ်ပါတယ်။ ခုနောက်ဆုံး ပြောင်းလဲမှုကတော့ နေရာပေါင်းစုံမှ
သတင်းအားလုံးကို တစ်နေရာတည်း ရရှိနိုင်အောင်ထိ လုပ်ဆောင်ပေးထားတာပါတယ်။ Facebook
Algorithm များကို အသုံးပြုပြီး မိမိတို့ Account ၏ News Feed များအတွက် အကောင်းဆုံး
ပြင်ဆင်ထားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။
26-7-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN
Team)
Facebook ရဲ့ News Feed Algorithm
Reviewed by Myanmar Ethical Hacking News
on
10:13 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:13 PM
Rating:

No comments: