Pokemon Go ဂိမ်း ဆာဗာ တိုက်ခိုက်ခံရ၍ offline ဖြစ်သွားခြင်း
ဒီဂိမ်းလေး ဆော့နည်းအကြမ်းဖျင်းကတော့ GPS ပေါ်ကနေ အကောင်လေးတွေကို ရှာဖွေပြီး ဖမ်းယူဆော့ ကစားရခြင်းပါပဲ။တချို့ ကတော့ မြန်မာပြည်မှာ ဆော့မရသေးဘူးပြောကြပါတယ်။သေချာတာကတော့ရနေပါပြီ။ညီလေးတယောက်ဆော့နေတာတွေ့ ခဲ့ရလို့ ပါ။
အခုတလော တစ်ကမ္ဘာလုံးမှာ လူသိများ ကျော်ကြားလာတာကတော့ Pokemon Go ဂိမ်း ဆာဗာကို PoodleCrop ဟက်ကာအဖွဲ့ ကနေ ပြီးခဲ့တဲ့ စနေနေ့ က ကျသွားအောင် ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။PoodleCorp ဟက်ကာအဖွဲ့ ကနေ ဦးဆောင်ပြီး များပြားလှတဲ့ DDOS(ကျယ်ပြန့် စွာ ဖြန့် ကျက်တိုက်ခိုက်ခြင်း) တိုက်ခိုက်ခဲ့ကာ ဆာဗာကို offline ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
Pokemon Go တွစ်တာ တရားဝင်အကောင့်ကနေ ဆာဗာ ပြင်ဆင်နေပါတယ်လို့  ပြောကြားထားပါတယ်။ ဟက်ကာအဖွဲ့ ကတော့ ဒါဟာ စမ်းသပ်တိုက်ခိုက်မှု အသေးစားလေးသာ ဖြစ်ပြီး နောက်ထပ်ကြီးမားတဲ့ တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ တွစ်တာမှာ ပြောကြားထားပါတယ်။
သတင်းကောင်းတခုကတော့ Pokemon Go ဆာဗာဟာ ယခုဆိုရင်တော့ ပြန်ရလာပြီဖြစ်ပါတယ်။Pokemon Go ကြိုက်နှစ်သက်တဲ့ချစ်သူတွေကတော့ ဆာဗာ offline ဖြစ်သွားတဲ့ဖြစ်ရပ်နဲ့  ပက်သတ်ပြီး ရူးသွပ်မတတ် ဖြစ်သွားကြပြီး တွစ်တာမှာလည်း ထိုကိစ္စနဲ့ ပက်သတ်တဲ့ ရယ်စရာ ဟာသလေးတွေကို တင်ခဲ့ကြပါတယ်။
PoodleCrop အဖွဲ့ ကတော့ WatchMojo,Redmercy,Lilly Singhနဲ့  leafyishere တို့ ရဲ့ YouTube အကောင့်တွေကို ဟက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး ယခုအခါမှာတော့ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ Pokemon Go ဂိမ်း ဆာဗာကို ဟက်ခဲ့တာပဲဖြစ်ပါတယ်။
25.7.2016
သတင်း စီစဉ်တင်ဆက်သူ - D3@D$"i"@R (MEHN Team )
Pokemon Go ဂိမ်း ဆာဗာ တိုက်ခိုက်ခံရ၍ offline ဖြစ်သွားခြင်း
Reviewed by Mr.Thein
on
1:54 PM
Rating:
Reviewed by Mr.Thein
on
1:54 PM
Rating:

No comments: