ယခုအသုံးပြုနေတဲ့ Facebook စာမျက်နှာပုံစံကို အသုံးပြုရတာ ငြီးငွေ့နေပြီလာ?



သင် နေ့စဉ် နေ၀င်နေထွက် သုံးစွဲနေတဲ့ Facebook ဟာကြည့်ရင်း ကြည့်ရင်း တဖြည်းဖြည်းနဲ့ ပျင်းရိစရာ ကောင်းနေလောက်ပါတယ်။ Mark Zuckerberg နဲ့ သူရဲ့ Facebook Team က လူတွေကတော့ သူတို့ရဲ့ ရှေးပဝေဏီက Facebook မြင်ကွင်းကို ပြောင်းလဲဖို့ မစဉ်းစာမိပေမယ့် သင့်အနေနဲ့ကတော့ ဒါကို လုပ်ဆောင်နိုင်ပါပြီ။ အကယ်၍ သင်က Facebook ရဲ့ မြင်ကွင်းတွေကို ရိုးအီနေခဲ့ပြီဆိုရင် ယခုဖော်ပြမည့် အရာလေးနဲ့ သင့်ကို ပြောင်းလဲသုံးစွဲဖို့ ကမ်းလှမ်းလိုက်ပါရစေ။

သင့်ရဲ့ Google Chrome ပေါ်မှာ သုံးစွဲနေတဲ့ Facebook မြင်ကွင်းကို ပြောင်းလဲချင်တယ်ဆိုရင်တော့ တကယ့်ကို အံ့သြဖွယ်ကောင်းတဲ့ Chrome Extension တစ်ခုဖြစ်တဲ့ Facebook Flat ကိုသာ သုံးကြည့်လိုက်ပါ ။

Facebook Flat ဟာ သင့်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ မြင်ကွင်း အသစ်တွေ ပေးရုံတင်မကပဲ သင့် Facebook ရဲ့ Timeline ပေါ်က အနှောက်အယှက်ဖြစ်စေတဲ့ ကြော်ငြာ (ads) တွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးတော့ Facebook Flat Extension အတွက် မကြာခင်မှာ များစွာသော စွမ်းဆောင်ရည်အသစ်တွေ အင်္ဂါရပ်အသစ်တွေ ပါလာတော့မှာ ဖြစ်ပါတယ်။ ဥပမာ - ဘယ်သူက မင်းရဲ့ Profile ကိုဝင်ကြည့်ခဲ့လဲ ဆိုတာမျိုးတွေ ၊ မင်းရဲ့ Profile ကို ဘယ်သူတွေကိုပဲ ပေးကြည့်မယ်ဆိုတာ မျိုးတွေ ဖြစ်ပါတယ်။

Facebook Flat က သင့်အတွက် စိတ်အနှောက်အယှက် ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးပြီး သင့်ရဲ့ Facebook မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖန်တီးပေးထားသည့်အတွက် တကယ့်ကို စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ မြင်ကွင်းတွေ ရမယ်ဆိုတာ သေချာပါတယ်။

Facebook Flat extension ကို Download ရယူချင်တယ်ဆိုရင်တော့ သင့်ရဲ့ Chrome Browser  ထဲက Chrome Store မှာ ရယူနိုင်ပါတယ်။


22-7-2016
သတင်းစီစဉ် တင်ဆက်သူ - Moesat (MEHN Team)
ယခုအသုံးပြုနေတဲ့ Facebook စာမျက်နှာပုံစံကို အသုံးပြုရတာ ငြီးငွေ့နေပြီလာ? ယခုအသုံးပြုနေတဲ့ Facebook စာမျက်နှာပုံစံကို အသုံးပြုရတာ ငြီးငွေ့နေပြီလာ? Reviewed by Myanmar Ethical Hacking News on 7:11 PM Rating: 5

No comments:

MEHN Team. Powered by Blogger.