ရုရှားနိုင်ငံ၏ အထူးရဲတပ်ဖွဲ့ (FSB) မှ Hacker အယောက် ၅၀ အား ဖမ်းဆီးခဲ့ခြင်း


ရုရှားနိုင်ငံ၏ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်သော FSB မှ ဘဏ်များကို တိုက်ခိုက်မှူ့ဖြင့် ဟက်ကာပေါင်း အယောက် ၅၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဟက်ကာ ၅၀ဦး ပါဝင်သော ထိုအဖွဲ့သည် ဘဏ်များနှင့်  အခြားသော နိုင်ငံတွင်း ငွေရေးကြေးရေးဆိုင်ရာ နေရာများတွင် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ခိုးယူမှုတွေ လုပ်ဆောင်ခဲ့တာပါ။ ၎င်းတို့ ခိုးယူခဲ့သော စုစုပေါင်း ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၅ မီလီယံ ကျော်ရှိပါတယ်။

ထိုအဖွဲ့နည်းတူ အခြားသော ဟက်ကာ အဖွဲ့တစ်ခုမှ ရုရှားရူဘယ် ၂.၂၇၃ ဘီလီယံကို ငွေပေးချေခြင်း လုပ်ငန်းများမှတဆင့် ရယူရန်ကြိုးပမ်းခဲ့ပါတယ်။ သို့သော် ထိုကြိုပမ်းမှူ့သည် အထမြောက် အောင်မြင်ခဲ့ခြင်း မရှိချေ။

FSB ၏ ဖော်ပြချက်ထဲတွင် ဟက်ကာများသည် “Lurk” ဟူခေါ်သော ဘဏ်လုပ်ငန်းစံနစ်များကို တိုက်ခိုက်နိုင်သည့် Trojan တစ်မျိုးကို ဘဏ်စံနစ်အတွင်း ၀င်ရောက်စေကာ စံနစ်အတွင်းရှိ ကွန်ပြူတာများကို သက်ရောက်စေပြီး ကမောက်ကမဖြစ်စေကာ အချက်အလက်များကို ရယူခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် မှစတင်ပြီး Eastern Europe နှင့် ရုရှားပြည်နယ်များတွင် ရှိသော ဘဏ်များ၏ အရေးကြီးသော အချက်အလက်များကို ထည့်သွင်းထားသော Trojian မှတဆင့် စုဆောင်းခဲ့ပါတယ်။

အဆိုပါ ဟက်ကာများသည် ရုရှားနိုင်ငံ၏ ထင်ရှားကျော်ကြားသော Website များကို Lurk Trojan ဘေးသင့်စေပြီး အချက်အလက်များကို ထို Lurk Trojan မှတဆင့် ရယူပါတယ်။ တစ်ကြိမ်မှာ သားကောင်က ဟက်ကာများ လွှင့်တင်ထားသော Malicious Software များကို Download ပြုလုပ်မိသည့်အတွက် ထိုမှတဆင့် ဟက်ကာများ ၀င်ရောက်နိုင်ခဲ့ကြပါတယ်။

ဟက်ကာများသည် ဘဏ်များတွင် မှတ်ပုံတင်ထားသူများ၏ အချက်အလက်များဖြစ်သော ဘဏ်အကောင့်နံပါတ် ၊ အမည် ၊ လှို့ဝှက်ဂဏန်း စတာတွေကို ခိုးယူခဲ့ပါတယ်။ ထို ခိုးယူခံရမှူ့တွင် Sherebank ဘဏ်မှ အများဆုံးပါရှိခဲ့ပါတယ်။ ရုရှားနိုင်ငံ၏ အကြီးဆုံးဘဏ်တွေထဲက တစ်ခုပါဘဲ။

Lurk Trojan သည် System စံနစ်များတွင် အလုပ်လုပ်ဆောင်လျှက်ရှိသော RAM (Random Access Memory) ကို ကြားဖြတ်တိုက်ခိုက်ပါတယ်။ ထိုနောက် Antivirus Software မျိုးတို့ကဲ့သို့သော System စံနစ်၏ လုံခြုံရေးပိုင်းဆိုင်ရာများကို အကာအကွယ်ပေးထားသည့် Software များကို ထပ်မံတိုက်ခိုက်ပြီး Trojans များကို ရှာမတွေ့အောင် ဖန်တီးပေးပါတယ်။

Sherebank ဘဏ်အား တိုက်ခိုက်မှူ့တွင် ဟက်ကာများသည် ရုရှားနိုင်ငံ အနှံ့အပြားရှိ ၁၅ နေရာမှ နေပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို တိုက်ခိုက်မှူ့တွင် လူဦးရေ ၅၀ ခန့်ပါဝင်ပတ်သက်နေပြီး ထိုအထဲမှ ၁၈ ယောက်သည် မော်စကိုမြို့ရှိ အရက်ဘားများတွင် အထိုင်ချပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။

“အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးသည် လုပ်ငန်းစဉ်များရ စစ်ဆေးကြည့်သည့်အခါ ဘဏ်အကောင့်အမည် အလွဲများ ၊ အချက်အလက်များကို တွေ့ရှိခဲ့သည်မှစတင်ပြီး စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်တယ်” လို့ FSB ၏ ဖော်ပြချက်ထဲတွင် ပါဝင်ပါတယ်။
ယခုအခါ ဟက်ကာ ၅၀ ဦးသည် တရားရုံးတွင် အမှူ့ရင်ဆိုင်လျှက်ရှိပြီး တရားမ၀င် အန္တရာယ်ရှိသော ပရိုဂရမ်များအား သုံးစွဲခြင်း ဆိုင်ရာ ပြစ်မှူ့ဖြင့် ရုံးတင်စစ်ဆေးလျှက်ရှိပါတယ်

7-7-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)

ရုရှားနိုင်ငံ၏ အထူးရဲတပ်ဖွဲ့ (FSB) မှ Hacker အယောက် ၅၀ အား ဖမ်းဆီးခဲ့ခြင်း ရုရှားနိုင်ငံ၏ အထူးရဲတပ်ဖွဲ့ (FSB) မှ Hacker အယောက် ၅၀ အား ဖမ်းဆီးခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 2:20 PM Rating: 5

No comments:

MEHN Team. Powered by Blogger.