Public Network ကို ၁၁ မိနစ်အတွင်း ထိုးဖောက် ၀င်ရောက်ခဲ့သော အသက် ၇ နှစ်အရွယ် ပါရမီရှင်မလေး
နှစ်ရက်အတွင်း Public Wi-Fi Network မှ
သတင်းအချက်အလက်များကို အသုံးပြုသူတွေ ဘယ်လောက်များများ ဖုန်းကနေ ရယူနိုင်သလဲဆိုတာ စုံစမ်းထုတ်ဖော်
လေ့လာပြီး သည့် Conference တစ်ခုတွင် ၇ နှစ်အရွယ် ပါရီမီရှင်မလေးမှ တက်ရောက်နားထောင်ခဲ့ပြီးနောက်
စိတ်ဝင်စားလာကာ Wifi Hotspot တစ်ခုကို စမ်းသပ် ထိုးဖောက် ခဲ့ပါတယ်။
ထို အသက် ၇ နှစ်အရွယ် ပါရမီရှင်မလေးမှ Online Video သင်ခန်းစာတွေကို ကြည့်ရှု့ပြီး Wi-Fi Hotspot ကို၁၀ မိနစ် ၅၄ စက္ကန့် အတွင်း ချိုးဖောက်နိုင်ခဲ့ပါတယ်။ Ethical Hacking Group များမှ လုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသည် Networks များ၏ အားနည်းချက်များကို အစဉ်တစိုက် ဖော်ပြပေးလျှက်ရှိပါသည်။ ထို ဖော်ပြချက်များကို Video Files များဖြင့် ရှင်းလည်းထားချက်ပေါင်း များစွာလည်း ရှိပါသည်။ ထို Video Files များထဲတွင် ဖုန်းများအတွင်း ထိုးဖောက်ဝင်ရောက် ထားမှူ့များကို ပြသထားခြင်း ၊ Websites များအတွင်း ထိုးဖောက် ၀င်ရောက်မှူ့များကို ပြသထားခြင်း ၊ Networks များအတွင်း ထိုးဖောက် ၀င်ရောက်မှူ့များကို ပြသထားခြင်း စသည့် Video Files ပေါင်း များစွာ ပါဝင်ပါတယ်။ Video Files များတွင် အမှန်တယ် ထိုးဖောက်ဝင်ရောက်နိုင်သော နည်းလမ်းများကို ဖော်ပြပေးထားပါသည်။ ပါရမီရှင်မလေးမှ ထို Video Files များမှ သင်ခန်းစာများကို လေ့လာပြီ Public Network အား ထိုးဖောက် နိုင်ခဲ့ခြင်း ဖြစ်သည်။
Wifi နည်းလမ်းများ
Sniffing/Eavesdropping : Sniffing/Eavesdropping ဆိုသည်မှာ သားကောင်၏ အချက်အလက်များကို ဖမ်းယူခြင်း ခြေရာခံလိုက်ခြင်း ဖြစ်သည်။
Man In The Middle Attack : Man In The Middle Attack ကို အတိုကောက်အားဖြင့် MITMA ဟု ခေါ်ဆိုပါတယ်။ တိုက်ခိုက်သူသည် သားကောင်နှင့် Netwrok လမ်းကြောင်း ကြားအတွင်းသို့ ၀င်ရောက်လိုက်ပြီး သားကောင်နှင့် Network တို့အကြားတွင် အပြန်အလှန်ပေးပို့နေသည့် အချက်အလက်များကို ဖမ်းယူခြင်း ဖြစ်သည်။
DNS Cache Poisoning : DNS Cache
Poisoning နည်းလမ်းတွင် တိုက်ခိုက်သူသည် DNS အတွင်း ရောက်ချင်သည့် လိပ်စာတစ်ခုကို အစားထိုးလိုက်ခြင်းဖြစ်သည်။
ဆိုလိုသည်မှာ မည်သည့် လိပ်စာကိုဘဲသွားသည်ဖြစ်စေ တိုက်ခိုက်သူ ဖန်တီးထားသည့် လိပ်စာကိုဘဲ
လမ်းညွှန်စေရန် လုပ်ဆောင် လိုက်ခြင်း ဖြစ်သည်။
Rogue Access Points : Rogue Access Points ဆိုသည်မှာ Access Points အား Installation ပြုလုပ်ရာတွင် မှားယွင်းစွာ ပြုလုပ်မိသည့်အတွက် တိုက်ခိုက်သူများမှ တိုက်ခိုက်၍ ရနိုင်သွားခြင်း ဖြစ်သည်။
Unsecured Wifi Network : Unsecured
Wifi Network ဆိုသည်မှာ Username and Passwords များ မပါရှိသော မလုံခြုံသော Wifi
Networks များ ဖြစ်သည်။
WEP – Wired Equivalent Privacy : WEP သည်
ပထမဆုံးသော Wireless Security လုပ်ငန်းစဉ်ဖြစ်သည်။
WPA – Wifi Proted Access : WEP ထက် ပိုမိုကောင်းမွန်သော
Wireless Security လုပ်ငန်းစဉ် ဖြစ်သည်။ Temporal Key Integrity Protocol (TKIP) ကို
အသုံးပြုထားပါသည်
WPA2-PSK - WPA2-PSK သည် WPA ကိုအဆင့်မြှင့်ထားသော
Wireless Security လုပ်ငန်းစဉ် ဖြစ်သည်။ Pre Shared Key ကို အသုံးပြုထားပြီး အိမ်သုံး
Wifi အမျိုးအစားဖြစ်သည်။
WPA2-AES – WPA2 ကိုဘဲ လုပ်ငန်းသုံးအတွက်
ထုတ်လုပ်ထားခြင်းဖြစ်သည်။ Advanced Encryption Standard နည်းလမ်းဖြင့် ထုတ်လုပ်ထားခြင်း
ဖြစ်သည်။
RADIUS – Remote Authentication Dial
In User Service : RADIUS နည်းလမ်းသည် အသုံးပြုသူများအားလုံးအား ဗဟိုဦးစီးစံနစ်ဖြင့်
ချူပ်ကိုင်ထားပြီး အသုံးပြုခွင့် ရှိသူများကိုသာ အသုံးပြုခွင့်ပေးထားသော နည်းလမ်းဖြစ်သည်။
Channels : Channels ဆိုသည်မှာ
Wireless အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားခြားနားသည့် ထုတ်လွှင့်မှူ့ ပုံစံဖြစ်သည်။
Public Network များကို ထိုးဖောက်ရန်ဆိုသည်မှာ
လွယ်ကူသည့်အလုပ်မဟုတ်ပေ။ သို့သော် Netwrok များ၏ အလုပ်လုပ်ပုံများကို ကောင်းမွန်စွာ
သိရှိထားမည်ဆိုပါက ထိုးဖောက် တိုက်ခိုက်ရန်အတွက် များစွာ အထောက်အကူ ဖြစ်မှာ အမှန်ပင်ဖြစ်ပါတယ်။
22-8-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN
Team)
Public Network ကို ၁၁ မိနစ်အတွင်း ထိုးဖောက် ၀င်ရောက်ခဲ့သော အသက် ၇ နှစ်အရွယ် ပါရမီရှင်မလေး
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:

No comments: