တရုတ်နိုင်ငံသည် ဟက်ကင်းပြုလုပ်နိုင်မှုမှ ကာကွယ်နိုင်မည့် ဂြိုလ်တုတစ်ခုအား စမ်းသပ်လွှတ်တင်ထားခြင်း
Quantum နည်းပညာသည် စမ်းသပ်သုတေသနပြု လေ့လာနေဆဲဖြစ်သော
နည်းပညာတစ်ခုဖြစ်သည်။ နည်းပညာစွမ်းပကားလည်း လွန်စွာမြင့်မားသည်။ NASA နှင့် Google
တို့တွင် Quantum နည်းပညာ အသုံးပြု တည်ဆောက်ထားသော Super Computer များရှိကြသည်။ အဆိုပါ
Super Computer များအတွက် အသုံးပြုသော OS ကိုလည်း တီထွင်ထုတ်လုပ်ထားရှိပြီးဖြစ်သည်။
Quantum နည်းပညာကို အနာဂတ် နည်းပညာပိုင်းတွင် ကျယ်ပြန့်စွာ နေရာယူလာမည်ဖြစ်သော နည်းပညာတစ်ခုအဖြစ်
ပညာရှင်များက မျှော်လင့်ထားကြသည်။ Communication Security အပိုင်းတွင်လည်း Quantum
နည်းပညာသည် မည်သည့် ကြားဖြတ်ဖမ်းယူမှုကိုမဆို ကာကွယ်ပေးနိုင်သောကြောင့် Security လွန်စွာမြင့်မားသည်ဟု
ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Photon အမှုန်များကြားတွင် သတင်းအချက်အလက်များကို
Encode ပြုလုပ်ပြီး ဆက်သွယ်မှု ပြုလုပ်သောကြောင့် ကြားဖြတ်ဝင်ရောက်ဖမ်းယူခြင်း ပြုလုပ်ပါက
သတင်းအချက်အလက်များသည် အလိုအလျောက် ပျက်စီးသွားမည်ဖြစ်သည်။ ဉပမာအားဖြင့် လူနှစ်ယောက်သည်
Encryption ပြုလုပ်ထားသော Message တစ်စောင်ဖြင့် ဆက်သွယ်မှုပြုလုပ်နေစဉ် … တခြားသော
လူတစ်ယောက် ဝင်လာသည်နှင့်တပြိုင်နက် Message သည် ဖတ်၍မရနိုင်သော အခြေအနေသို့ အလိုအလျောက်
ပြောင်းလဲသွားမည်ဖြစ်သည်။
ယနေ့ခတ်သည် အီလက်ထရောနစ် နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းနေမှုများနှင့်
ဆိုက်ဘာတိုက်ခိုက်မှုပေါင်းများစွာ ပေါ်ထွန်းနေသော ခေတ်တစ်ခေတ် ဖြစ်သည်။ ထို့ကြောင့်
နိုင်ငံတကာ ပညာရှင်များအနေဖြင့် မည်သည့် ထိုးဖောက်တိုက်ခိုက်မှုကိုမဆို ကောင်းမွန်စွာ
ကာကွယ်ပေးနိုင်မည့် စနစ်များကို အမြဲတစေ သုတေသနပြု စမ်းသပ်တီထွင်လျက်ရှိသည်။ ထို့ကြောင့် Quantum နည်းပညာသည် လုံခြုံမှုပိုင်းဆိုင်ရာ စနစ်များအတွက်
ပညာရှင်များ အာရုံစိုက်လာသော အရာတစ်ခုဖြစ်လာသည်။
တာတိုဆက်သွယ်ရေးအပိုင်းတွင်လည်း
Security သုတေသန ပညာရှင်များသည် Quantum နည်းပညာကို အသုံးပြုကာ လုံခြုံမှုအပြည့်ရှိကြောင်း
စမ်းသပ်အတည်ပြုပြီး ဖြစ်သည်။ တာဝေးဆက်သွယ်မှုအပိုင်းတွင်မူ မစမ်းသပ်ရသေးချေ။ ယခုအချိန်တွင်
Quantum နည်းပညာသုံး တာဝေးဆက်သွယ်မှု လုံခြုံရေးစနစ်အား တရုတ်နိုင်ငံသည် စမ်းသပ်ရန်အတွက်
အစပျိုးလိုက်နိုင်ပြီဖြစ်သည်။ ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့က Quantum Mechanic Theory ၏ အခြေခံဉပဒေသများကို
စမ်းသပ်လေ့လာရန်အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ပထမဆုံးသော Quantum Communication
Satellite (Quantum ဆက်သွယ်ရေး နည်းပညာသုံး ဂြိုလ်တု) တစ်ခုကို အာကာသဆီသို့ ကမ္ဘာ့ပတ်လမ်းကြောင်းတစ်ခုအတိုင်း
လွှတ်တင်ထားလိုက်ပြီဖြစ်သည်။
ဂြိုလ်တုသည် အလေးချိန်အားဖြင့် ၆၀၀ ကီလိုဂရမ်ရှိသည်။ ဂိုဘီကန္တာရရှိ Jiuquan ဂြိုလ်တုလွတ်တင်ရေး အခြေစိုက်စခန်းတွင်
သြဂုတ်လ ၁၅ ရက်နေ့က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ဂြိုလ်တု၏ တာဝန်ချိန်သက်တမ်းမှာ ၂ နှစ်သာ
ဖြစ်ကြောင်းသိရှိရသည်။ ကမ္ဘာမြေပြင်အထက် ၁၂၀၀
ကီလိုမီတာ (၇၄၆ မိုင်) အကွာတွင် လွှတ်တင်ထားပြီး မြေပြင်ဆက်သွယ်ရေး အခြေစိုက်စခန်းများသည်
တရုတ်နှင့် ဉရောပနိုင်ငံများတွင် ထားရှိသည်။ မြေပြင်ဆက်သွယ်ရေး စခန်းများအချင်းချင်း
ချိတ်ဆက်မှုတွင် လုံခြုံမှု ရှိ / မရှိ စမ်းသပ်နိုင်ရန်အတွက် ဖြစ်သည်။
တရုတ်နိုင်ငံသည် အနာဂတ်တွင် Quantum Technology ၏ အရေးပါလာမှုအပေါ် ယုံကြည်လျက်ရှိသည်။
လာမည် ၅နှစ် အတွင်း နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာရေးဆွဲရာတွင် Quantum Technology အား ထည့်သွင်းရေးဆွဲထားသည်။
အမေရိကန်နိုင်ငံသည် Quantum နည်းပညာအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၂၀၀ ထည့်သွင်းပေးထားသည်။
တရုတ်နိုင်ငံသည် Quantum နည်းပညာအတွက် ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ဒေါ်လာ သန်း ၁၉၀၀ ထိ
ရင်းနှီးမြုပ်နှံထားသည်။ ၂၀၁၅ ခုနှစ်တွင်မူ ဒေါ်လာသန်းပေါင်း ၁၁၀,၀၀၀ ထိ တိုးချဲ့ရင်းနှီးမြုပ်နှံထားသည်။
အကယ်၍ ဂြိုလ်တုသည် ၄င်း၏ Mission ဖြစ်သော မြေပြင်ဆက်သွယ်မှုစခန်းနှစ်ခု၏ ဆက်သွယ်မှုစနစ်တွင်
လုံခြုံမှုလုံးဝစိတ်ချရမည် ဆိုလျှင် Encryption နှင့် Cryptography နည်းပညာနှစ်ခု၏ ကြီးမားသော
အောင်မြင်မှု တစ်ခုကို မှတ်တိုင်ထူနိုင်မည်ဖြစ်သည်။
ဂြိုလ်တု Project ကို ဉီးဆောင်သူ သိပ္ပံပညာရှင်
Pan Jianwei သည် ဆင်ဟွာ သတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
"အခုလွှတ်တင်လိုက်တဲ့ ဂြိုလ်တုဟာ တရုတ်နိုင်ငံရဲ့
အခန်းကဏ္ဏကို ပြောင်းလဲစေမှာ အမှန်ပါပဲ။ အရင်တုန်းက တရုတ်နိုင်ငံဟာ တခြားနည်းပညာရဲ့
နောက်လိုက်အဖြစ် အသုံးပြုနေရတဲ့ နိုင်ငံကနေ နည်းပညာအသစ်တစ်ခုကို စွန့်ဉီးတီထွင် မိတ်ဆက်ပေးမယ့် နိုင်ငံသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ တကယ်လို့သာ ကျနော်တို့
စမ်းသပ်မှု အောင်မြင်ပြီး အာကာသ ပတ်လမ်းအတွင်းမှာလည်း Quantum နည်းပညာသုံး ဂြိုလ်တုတွေကို
များများ လွှတ်တင်နိုင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံဟာ လာမယ့် ၂၀၃၀ မှာ ကမ္ဘာလုံးဆိုင်ရာ
Quantum နည်းပညာသုံး ဂြိုလ်တုဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ပထမဆုံးတည်ထောင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်လာပါလိမ့်မယ်
”
ပန်သည် အဆိုပါဂြိုလ်တု၏ Payload တွင်အောက်ပါအပိုင်း
၅ ပိုင်းတို့တပ်ဆင်ထားသည်။
၁။ Quantum Key Communicator (Quantum
Key ချိတ်ဆက်မှုစနစ်)
၂။ Quantum Entanglement
Emitter(Quantum photon ထုတ်လွင့်မှုစနစ်)
၃။ Quantum Entanglement Source
(Quantum photon ပင်မအရင်းအမြစ်)
၎။ Quantum Experiment Controller
(Quantum နည်းပညာ ထိန်းချုပ်မှုစနစ်)
၅။ Processor
၆။ Laser Communicator (လေဆာချိတ်ဆက်မှုစနစ်)
အဆိုပါ Payload များကို ဘေကျင်းရှိ တရုတ်သိပ္ပံအကယ်ဒမီ
(National Space Science Center NSSC) မှ တာဝန်ထမ်းဆောင်နိုင်မှု သက်တမ်း ၂ နှစ်အထိ
ဒီဇိုင်းပြုလုပ်ထားကြောင်း သိရှိရသည်။
30-8-2016
သတင်းစီစဉ်
တင်ဆက်သူ - Fr!d@y (MEHN Team)
တရုတ်နိုင်ငံသည် ဟက်ကင်းပြုလုပ်နိုင်မှုမှ ကာကွယ်နိုင်မည့် ဂြိုလ်တုတစ်ခုအား စမ်းသပ်လွှတ်တင်ထားခြင်း
Reviewed by Myanmar Ethical Hacking News
on
7:31 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:31 PM
Rating:

No comments: