Hacker များမှ ဦးနှောက်အတွင်း Malware ထည့်သွင်းနိုင်သော နည်းပညာ
တိုးတက်လာသော Cyber Security နည်းပညာများနှင့်အတူ
အထောက်အကူပြုသော နည်းပညာများလည်း ရှိသလို မကောင်းသည့်ဘက်တွင် အသုံးချနိုင်သော နည်းပညာများလည်း
နေ့စဉ် ပေါ်ထွက်လာလျှက်ရှိပါသည်။ Cyber Security နည်းပညာဆိုသည်မှာ သိုင်းပညာနှင့် အလားသဏ္ဍန်ဆင်တူပါသည်။
ကောင်းသည့်ဘက်တွင်လည်း အသုံးချနိုင်သလို မကောင်းသည့်ဘက်တွင်လည်း အသုံးချနိုင်ပါသည်။
ထင်သာမြင်သာအောင် ပြောပြရရင် Websites တစ်ခုကို တိုက်ခိုက်သည့်အခါ Black Hat
Hacker ဘဲဖြစ်ဖြစ် White Hat Hacker ဘဲဖြစ်ဖြစ် အသုံးပြုသည့် နည်းလမ်းများသည် အတူတူပင်ဖြစ်သည်။
သို့သော် Websites အား ထိုးဖောက် ပြီးသည့်အခါ Black Hat Hacker သည် အချက်အလက်များကို
ရယူမည်ဖြစ်ပြီး White Hat Hacker သည် ထိုးဖောက်ဝင်ရောက်နိုင်သည့် လမ်းများကို ပြုပြင်ဖာထေးကာ
မည်သူမျှ မ၀င်ရောက်နိုင်အောင် ပြုပြင်ပေးမည်ဖြစ်သည်။
တိုက်ခိုက်မည့်သူများသည် နေရာတိုင်းတွင်ရှိပြီး
စောင့်ကြည့်နေနိုင်ပါသည်။ နေ့စဉ်နှင့်အမျှ လှူပ်ရှားသွားလာနေသော ထိုခေတ်ကြီးထဲတွင်
ကိစ္စများမြောင်ဖြင့် တစ်ကိုယ်တည်း အလုပ်ရှူပ်နေသော်လည်း တိုက်ခိုက်သူများသည် တစ်နေရာရာမှ
စောင့်ကြည့်ပြီး အချက်အလက်များ ရယူနိုင်စေရန် ကြိုးပမ်းလေ့ရှိသည်။
အချက်အလက်များကို ရယူသည့် နည်းလမ်းများထဲတွင်
လူတို့၏ စိတ်ကို ခန့်မှန်းပြီး ရယူသည့် နည်းလမ်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ လူတို့၏
နေပုံ ထိုင်ပုံ သွားပုံ လာပုံ ပြောပုံ ဆိုပုံ ကြိုက်တတ်သည့် အရာများ အမှတ်တရ ရက်စွဲများ
စသည်တို့အပေါ်တွင်မူတည်ပြီး အချက်အလက်များကို စုဆောင်းတတ်ကြပါသည်။ ထို နည်းလမ်းများအနက်
ဦးနှောက်မှ ထွက်ပေါ်လာသော လှိုင်းများကို ဖမ်းယူသည့် နည်းလမ်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
Brain-Computer Interfaces (BCI) ဟုခေါ်သော စက်များဖြင့် လူတို့၏ ဦးနှောက်မှ ထွက်ရှိသော
လှိုင်းများကို တိုင်းတာနိုင်ပါသည်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ် စီအာတယ်
မြို့ရှိ တက္ကသိုလ်တစ်ခုတွင် သုတေသန ပြုလုပ်နေသော ပညာရှင်များမှ “ဒိကိစ္စက သိပ်ကို အရေးကြီးပါတယ်
လျှင်မြန်စွာ ကိုယ်တွယ် မဖြေရင်းဘူးဆိုရင် သိပ်ကို နောက်ကျသွားပါလိမ့်မယ်” လို့ ထုတ်ဖော်
ပြောကြားခဲ့ပါတယ်။
တာမားရာဘိုနချီ (Tamara Bonaci) သည်
BCI သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ဗစ်တိုးရီးယားတာ့ခ်
(Victoria Turk) သည် ပူးပေါင်းပါဝင် ကူညီပေးနေသော သုတေသနပညာရှင်တစ်ဦးဖြစ်သည်။ ဘိုနချီသည်
တာ့ခ်၏ ဦးခေါင်းတွင် ရေကူးဦးထုပ်ကဲ့သို့ အလားသဏ္ဍန်တူသော BCI ဦးထုပ်ကို စွပ်စေပြီး
ဦးနှောက်မှ ထွက်ရှိသော လှိုင်းများကို ဖမ်းယူပါတယ်။ ထိုသို့ ဖမ်းယူနေစဉ်အတွင်း တဆက်တည်းမှာဘဲ
ဦးခေါင်းအတွင်းသို့ စာသားများ စကားများ ပုံရိပ်များကို ပို့လွှတ်ပါတယ်။
အစမ်းသပ်ခံ တာ့ခ်မှ “သူတို့ အီလက်ထရွန်းနစ်လှိုင်းတွေကို
စတင်လွှတ်ပြီး သိပ်မကြာခင်မှာဘဲ တစ်ခုခု ပုံမှန်မဟုတ်တဲ့ အခြေအနေကို စတင်ခံစားရပါတယ်။
နောက်ပြီး အမေရိကန်ဘဏ်ရဲ့ အမှတ်တံဆိပ်တစ်ခုက ပေါ်သွားလိုက် ပျောက်သွားလိုက်နဲ့ စိတ်ထဲ
တင်မြင်မိလာပါတယ်” ဟု ဖွင့်ဟခဲ့ပါတယ်။
သုတေသနာပညာရှင်များမှ “ထို အချက်ကို အသုံးပြုပြီးတော့
Hacker တွေက လူတွေရဲ့ ဦးနှောက်ထဲကို Malware တွေထည့်သွင်းသွားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ထည့်သွင်းပုံမှာ Hacker များသည် ဦးနှောက်မှ လှိုင်းများကို ဖမ်းယူနိုင်သော
Application များကို ဖန်တီးကာ ထိုမှ တဆင့် BCI စက်များနှင့် ချိတ်ဆက်ပြီး အချက်အလက်များကို
အဝေးမှပင် ရယူသွားနိုင်ပါတယ်။
ဘိုနချီ မှ “ Application တွေကို ထိန်းချူပ်ဖို့အတွက်
ဦးနှောက်မှ လှိုင်းတွေ လိုအပ်ပါတယ်။ ထိုလှိုင်းတွေကို BCI စက်များနှင့် ချိတ်ဆက်ပြီး
EEG (Electroencephalography) ဟုခေါ်သော ဦးနှောက်မှ ထွက်ရှိသော အချက်အလက်များကို စစ်ဆေးပေးနိုင်သော
စက်များနှင့် ချိတ်ဆက် စစ်ဆေးလိုက်မယ်ဆိုရင် မြောက်များလှစွာသော ကိုယ်ရေးအချက်အလက်များကို
ဖော်ထုတ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Hacker များသည် Application များထဲတွင်
လူတို့၏ စိတ်ကို ရှူပ်ထွေးသွားစေနိုင်သော လှိုင်းများ ထုတ်လွှင့်နိုင်သည့် အခြေအနေမျိုး
ရောက်အောင် ဖန်တီးနိုင်ကြပါသည်။ ထိုအခါ လူ၏စိတ်သည် ရှူပ်ထွေးသွားပြီး ဦးနှောက်မှ ထွက်ရှိသော
လှိုင်းများသည်လည်း စဉ်းစားသည့်အတိုင်း ထွက်ပေါ်လာသည့်အတွက် အချက်အလက်များကို ရယူနိုင်သွားခြင်း
ဖြစ်သည်။
ဆက်လက်ပြီး သုတေသန ပညာရှင်များမှ “ဒီနည်းလမ်းဖြင့်
လူတွေကို စမ်းသပ်ကြည့်သည့်အခါမှာတော့ အကြိမ်တိုင်းတော့ အောင်မြင်တာ မဟုတ်ပါဘူး။ လူတို့၏
စိတ်နေစိတ်ထားအပေါ်တွင်လည်း မူတည်ပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် ၃၀၀ မီလီစက္ကန့် အတွင်းမှာဘဲ
EEG စက်များ၏ အကူအညီဖြင့် သူတို့ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
သုတေသနပြုချက်များသည် ကမ္ဘာတ၀ှမ်းတွင် နေ့စဉ်နှင့်အမျှ
ပြုလုပ်နေလျှက်ရှိပါသည်။ အရာရာတိုင်းသည် ဖြစ်နိုင်သည့် သဘောသဘာဝရှိပါသည်။ “Nothing
is Impossible” ဆိုသကဲ့သို့ မဖြစ်နိုင်သော အရာသည်မရှိပါ။ စာချစ်သူများအနေဖြင့်
Application များကို အသုံးပြုသည့်အခါ Games များကို ကစားသည့် အခါမျိုးတွင် သတိကြီးစွာ
ထားသင့်ပါတယ်။ ဟက်ကာများမှ ဖန်တီးထားသော ဦးနှောက်မှ ထွက်ရှိသော လှိုင်းများကို ဖမ်းယူနိုင်သော
Application များကို အသုံးပြုမိပါက တိုက်ခိုက်ခံရမည် ဖြစ်ပါသည်။ တိုက်ခိုက်သူများသည်
နေရာတိုင်းတွင်ရှိပါသည် ထို့ကြောင့် သတိရှိရှိဖြင့် နေထိုင်ကြပြီး တိုက်ခိုက်ခံရခြင်းမှ
ကင်းဝေးကြပါစေကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ….
1-9-2016
ကိုရီချင်
Hacker များမှ ဦးနှောက်အတွင်း Malware ထည့်သွင်းနိုင်သော နည်းပညာ
Reviewed by Myanmar Ethical Hacking News
on
8:31 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:31 PM
Rating:

No comments: