အပြိင်အဆိုင် Bug Bounty
Bug ဆိုတာကတော့ System တစ်ခု ရဲ့ ချို့ယွင်း
အားနည်းချက်များလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။ အသေးစိတ်ကို ထပ်မံ ဖော်ပြရမယ်ဆိုရင်တော့
Bug ဆိုတာ System တစ်ခုတွင် ဖန်တီးသူ၏ သတိမမူမိသော လုပ်ဆောင်ချက်များမှ တဆင့်ဖြစ်ပေါ်လာသော
အားနည်းချက် ယိုပေါက်များဖြစ်သည်။ Hacker များသည် ထိုအားနည်းချက် ယိုပေါက်များကို အမြဲရှာဖွေနေလေ့ရှိကာ
တိုက်ခိုက်တတ်ကြပါသည်။
Bug Bounty ဆိုတာကတော့ Bug များကို ရှာဖွေသည့်
အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်တွင် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်သည်။ Bug များကို ရှာဖွေသည့်
သူများကိုတော့ Bug Bounty Hunter လို့ခေါ်တွင်ပါတယ်။
ယနေ့ခေတ်တွင် Bug Bounty အစီအစဉ်များစွာရှိပါတယ်။
Apple , Facebook , Youtube , Twitter , Pentagon စသည့် လူသိများသော Website များ
Social Media များတွင် Bug Bounty အစီအစဉ်များကို များစွာ ပြုလုပ်ပေးလျှက်ရှိပါတယ်။
Bug Bounty အစီအစဉ်တွင် ပါဝင်မည့် Bug Bounty Hunter များကိုလည်း ကမ္ဘာတ၀ှမ်း ဖိတ်ခေါ်ပြီး
ပါဝင်ဆောင်ရွက်စေပါတယ်။ ဆုကြေးငွေများကလည်း မနည်းလှသော ပမာဏဖြစ်သည်။ ယခုဆိုလျှင် သူထက်ငါ
အပြိုင်အဆိုင် Bug Bounty အစီအစဉ်များ ရေးဆွဲပြီး ဆုကြေးငွေများကိုလည်း တစ်စထက် တစ်စ
တိုးမြှင့် ပေးလျှက်ရှိပါတယ်။
Bug Bounty တွင် Zero Day Exploit ဆိုတာရှိပါတယ်။
Zero Day Exploit ဆိုတာကတော့ တစ်ခါမှ မရှာဖွေရသေးသော ပထမဦးဆုံးရှာဖွေ တွေ့ရှိသည့်
Bug ဖြစ်ပါတယ်။ Facebook တွင် Zero Day Exploit အတွက် အမေရိကန် ဒေါ်လာ ၁၀၀,၀၀ ၊
Apple တွင် Zero Day Exploit အတွက် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ ၊ Google တွင် Zero Day
Exploit အတွက် အမေရိကန် ဒေါ်လာ ၂၀၀,၀၀ ၊ Twitter တွင် Zero Day Exploit အတွက် အမေရိကန်
ဒေါ်လာ ၁၀၀,၀၀ ၊ Microsoft တွင် Zero Day Exploit အတွက် အမေရိကန် ဒေါ်လာ ၁၀၀,၀၀ နှင့်
Pentagon တွင် Zero Day Exploit အတွက် အမေရိကန် ဒေါ်လာ ၁၀၀,၀၀ စသည်ဖြင့် ဆုကြေးငွေပမာဏ
အသီးသီးရှိကြပါတယ်။
Exodus ကတော့ အခြားသူများထက် အဆများစွာ
သာလွန်သော ဆုကြေးငွေပမာဏကို သတ်မှတ်ပေးလိုက်ပါတယ်။ ဒါကတော့ Bug Bounty အစီအစဉ်အတွက်
ထူးခြားသော စိန်ခေါ်မှူ့တစ်ရပ်ပါဘဲ။ Exodus သည် Zero Day Exploit များကို ရောင်းချခြင်း
ဝယ်ယူခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုဖြစ်သည်။ Bug Bounty
အစီအစဉ်အတွက် ငွေကြေးပမာဏမှာ မျက်စိကျစရာဖြစ်ပါတယ်။ Bug Bounty Hunter များအနေဖြင့်လည်း
မူရင်း သတ်မှတ်ထားသော ကုမ္ပဏီများမှာ Bug တွေကို ဖော်ပြမလား Exodus မှာ သွားရောင်းမလားဆိုရင်
အများစုကတော့ Exodus မှာ သွားရောင်းကြပါလိမ့်မယ်။ ငွေကြေးပမာဏသည် မူရင်း ကုမ္ပဏီများတွင်
ပေးသော ငွေကြေးပမာဏထက် အဆများစွာ သာလွန်သောကြောင့်ဖြစ်သည်။
Zero Day Exploit များကို အသုံးပြုပြီး
တိုက်ခိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကာ ထို တိုက်ခိုက်ခြင်းလုပ်ငန်းများမှ
ငွေကြေးမြောက်များစွာ ရရှိအောင် ဖန်တီးနိုင်ပါသည်။ ထို့ကြောင့် တိုက်ခိုက်သူများသည်
Bug များကို အမြဲရှာဖွေနေလေ့ရှိသည်။ ထို့ကြောင့် Bug များသည် IT နယ်ပယ်တွင် မည်သည့်
နေရာတွင်မဆို အရေးကြီးသော ယိုပေါက် အားနည်းချက်တစ်ခုဖြစ်သည်။ စာချစ်သူများအနေဖြင့်
Bug များကို တွေ့ရှိပြီး ရောင်းချင်တယ်ဆိုရင်တော့ ပေးထားသော Link မှ တဆင့် Exodus ကို
ဆက်သွယ် ရောင်းချနိုင်ပါကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ …
17-8-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
အပြိင်အဆိုင် Bug Bounty
Reviewed by Myanmar Ethical Hacking News
on
9:29 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:29 PM
Rating:

No comments: