NSA ၏ Hacking အဖွဲ့ Hack ခံရ၊ ၄င်းတို့၏ Private Hacking Tools များ အွန်လိုင်းတွင် ထုတ်ဖော်ခံခဲ့ရ


US intelligence organization(NSA) နှင့် ပူးပေါင်းလုပ်ဆောင်နေသော Equation Group ဟု အမည်ရသည့် ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့အား အမည်မဖော်လိုသည့် ဟက်ကာတစ်ယောက်(သို့မဟုတ်) ဟက်ကာတစ်ဖွဲ့မှ Hack ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုသို့ Hack ခဲ့ပြီးနောက် Equation Group အသုံးပြုသော  Malware, private exploits နှင့် အခြား Hacking tools များစွာကို ထုတ်ဖော်ခဲ့ပါတယ်။

ဒါဟာ ယုံကြည်ရခက်ခဲပေမယ့်လည်း အချို့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပညာရှင်များမှ ဖော်ထုတ်ထားသော အချက်အလက်များအား စစ်ဆေးပြီးနောက် ထို tools များသည် တရားဝင်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဇာတ်လမ်းက ဒီမှာတင်မရပ်သေးပါဘူး။  The Shadow Brokers လို့ ခေါ်တဲ့ အဖွဲ့မှ ဟက်ကာများဟာ ဆိုင်ဘာတိုက်ခိုက်မှုတွင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်သော weapons များနှင့် အချက်အလက်များကို Bitcoin ပေါင်း တစ်သန်း( US ဒေါ်လာပေါင် ၅၆၈ မီလီယံ) နှင့် အချိန်းအချက် ပြုလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Equation Group ဆိုတာလည်း လွန်ခဲ့သော ကာလများမှာ နံမည်ကြီးခဲ့သော Stuxnet တိုက်ခိုက်သူများနှင့် ဆက်ဆက်မှုနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ထိုအဖွဲအား US မှ အပြည့်အ၀ ထောက်ပံ့ပေးနေသည်ဆိုသော်လည်း သက်သေပြစရာတော့ အခိုင်အလုံမပေးနိုင်ကြသေးဆဲ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်ရက်ခန့်မှ The Shadow Brokers အဖွဲ့မှ Github နှင့် Tumblr တွင် Equation Group ၏ ဖိုင်များအား တင်ခဲ့ပါတယ်။ (ယခုအချိန်တွင် ပြန်ဖျက်သွားပြီး ဖြစ်ပါသည်)။ ဖိုင်များထဲတွင် အများဆုံးပါဝင်သည်မှာ Installation Scrips များ၊ command and control(C&C) Servers configuration ဖိုင်များနှင့် အမေရိကန်ထုတ်ဖြစ်သော Router, firewall များဖြစ်သည့် Cisco, Juniper, Fortinet တို့ကို ပစ်မှတ်ထားသည့် Exploit များပင် ဖြစ်လေသည်။ ထွက်ပေါ်လာသည့် ဖိုင်များအရ တရုတ်ကုမ္မဏီတစ်ဖြစ်သော Topsec အားလည်း Equation Group မှ ပစ်မှတ်ထားနေကြောင်း တွေ့ရှိရပါတယ်။

အချို့သော ပညာရှင်များ ပြောဆိုနေသည်မှာလည်း ထိုဖော်ထုတ်ချက်များသည် သေချာစွာ သုတေသနပြုပြီး လုပ်ထားသော လိမ်ဆင်တစ်ခုသာဖြစ်ပြီး၊ Bitcoin ကိစ္စသည်လည်း ဘာမှမဟုတ်ကြောင်းနှင့် Media များမှ အာရုံကျလာစေရန် လုပ်ဆောင်ချက်တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


မည်သို့ပင်ဖြစ်စေ အမှန်သာ NSA ဟက်ခံခဲ့ရသည်ဆိုပါက ထိုတိုက်ခိုက်ခြင်းသည် ဆိုက်ဘာလောကအတွက် အလွန်မြင့်သော ဆိုက်ဘာတိုက်ခိုက်မှုဖြစ်မည်မှာ မလွဲပင်ဖြစ်ပါသည်။

18-8-2016
သတင်းစီစဉ်တင်ဆက်သူ :: ကိုသိန်း(MEHN Team)
NSA ၏ Hacking အဖွဲ့ Hack ခံရ၊ ၄င်းတို့၏ Private Hacking Tools များ အွန်လိုင်းတွင် ထုတ်ဖော်ခံခဲ့ရ NSA ၏ Hacking အဖွဲ့ Hack ခံရ၊ ၄င်းတို့၏ Private Hacking Tools များ အွန်လိုင်းတွင် ထုတ်ဖော်ခံခဲ့ရ Reviewed by Mr.Thein on 9:18 AM Rating: 5

No comments:

MEHN Team. Powered by Blogger.