အစ္စရေးနိုင်ငံ၏ ၀န်ကြီးချုပ်ရုံး နှင့် ဘဏ် ၀က်ဆိုက်ဒ်အား ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း
အစ္စရေးနိုင်ငံရဲ့  တရားဝင် ၀က်ဆိုက်များ ဖြစ်ကြတဲ့ ၀န်ကြီးချုပ်ရုံး နှင့် ဘဏ် ၀က်ဆိုက်ဒ်တို့ ကို Ghost Squad Hackers များအဖွဲ့ မှ DOS(လုပ်ဆောင်နေသည့် ၀န်ဆောင်မှုများ ရပ်တန့် စေသောနည်းလမ်း)ဖြင့်သာ ၀က်ဆိုက်ဒ်များ ပိတ်သွားအောင် ပြုလုပ်ကာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ၎င်း ဟက်ကာအဖွဲ့ မှ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ S1ege(လျို့ ဝှက် အမည်ဖြစ်ပါသည်) ဆိုသူမှ softpedia ၀က်ဆိုက်မှာ တိုက်ခိုက်မှုအကြောင်းနဲ့  ပက်သတ်ပြီး ပြောကြားသွားပါတယ်။
"ကျွန်တော်တို့ ဟာ အစ္စရေးတို့ ရဲ့ ယုတ်မာရက်စက်မှု ကို ခံနေရရှာတဲ့ ပါလက်စတိုင်းလူထုအတွက် တိုက်ခိုက်ပေးခြင်းဖြစ်ပါတယ်။အစ္စရေးတွေဟာ မကြာသေးခင်က ဂါဇာကို ဗုံးထပ်မံ ကျဲခဲ့ပါတယ်။ဒီ လူမျိုးတုန်း သတ်ဖြတ်နေမှုဟာ ရပ်တန့် ဖို့  လိုလာပါပြီ။သူတို့ ဟာ ပိုင်နက်နယ်မြေကို ချဲ့ ထွင်နေကြတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒါတွေဟာ စာအုပ်ပေါ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။
ယနေ့ ခေတ် မီဒီယာ တွေကလည်း အမြဲတိတ်ဆိတ်နေကြလေ့ရှိနေပါတယ်။ကျွန်တော်တို့ တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို သွားရောက် အကျိုးသက်ရောက်စေတဲ့ အပြင် ငြင်းဆန်မှုတွေကလည်း ပိုပြီး တိုးမြှင့် လာမယ်လို့  မျှော်လင့်ထားပါတယ်။
နောက်ထပ် အစ္စရေးကို တိုက်ခိုက်ဖို့  အစီအစဉ်လေးတွေလည်းရှိနေသေးပါတယ်။အရင်တုန်းကလည်း အစ္စရေးကာကွယ်ရေးတပ်ရဲ့  ဒေတာဘေ့စ်ကိုလည်း ဖောက်ဝင်ခဲ့ပြီးပါပြီ။ဒီလိုတိုက်ခိုက်မှုနဲ့  ဆင်တူတဲ့ တိုက်ခိုက်မှုတွေကို အနာဂတ်မှာ ပြုလုပ်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။
အစ္စရေးတို့ ရဲ့  လူမျိုးတုန်း သတ်ဖြတ်မှုတွေ မရှိတော့တဲ့ အထိပါ။အမေရိကန်နိုင်ငံရဲ့ ခေတ်သစ်မီဒီယာများကတော့ အမေရိကန်အစိုးရကို သတင်းပေးအဖြစ် အလုပ်လုပ်ပေးနေပြီး အကျင့်ပျက်ချစားနေမှုတွေကိုတော့ နှုတ်ပိတ်နေကြပါတယ်။ ကျွန်တော်တို့ ဟာ အကြောင်းပြချက်မရှိပဲ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ဆီးရီးယားအစိုးရကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ့် အစီအစဉ်လည်း ရှိနေသေးပါတယ် " လို့ ပြောကြားသွားပါတယ်။
အစ္စရေး ဘဏ်ဝက်ဆိုက်ဒ်ကတော့ တိုက်ခိုက်မှုပြီးနောက် ၆နာရီ အကြာမှာတော့ ပြန်လည် အွန်လိုင်းတက်လာပါတယ်။ဘဏ်မှ အိုင်တီပညာရှင်ဝန်ထမ်းက ၀က်ဆိုက်ဒ်ကို တခြား ဆာဗာဆီ ရွေ့ ခဲ့လို့ ဖြစ်ပါတယ်။
ဒီစာကို စရေးပြီးချိန်မှ နောက်ထပ် ၇၂နာရီကြာနေတာတောင် ၀န်ကြီးချုပ်ရုံး ၀က်ဆိုက်ဒ်ကတော့ error မက်ဆေ့ တက်နေပြီး offline ဖြစ်နေဆဲပါပဲ။
2-9-2016
သတင်းစီစဉ်တင်ဆက်သူ :: D3@D$"i"@R (MEHN Team )
အစ္စရေးနိုင်ငံ၏ ၀န်ကြီးချုပ်ရုံး နှင့် ဘဏ် ၀က်ဆိုက်ဒ်အား ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း
Reviewed by Mr.Thein
on
2:22 PM
Rating:
Reviewed by Mr.Thein
on
2:22 PM
Rating:

No comments: