အကျော်အခွတော်တဲ့ Malware များ

အရင်လတုန်းက အန်ဒရိုက် မာ့(ရှ)မယ်လိုရဲ့ လုံခြုံရေးစနစ်ကို ကျော်သွားနိုင်ခဲ့တဲ့ Malware ကို Symantec က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လုံခြုံရေးစနစ်ကို ကျော်လွှားနိုင်မဲ့ တခြားနည်းလမ်း (၂) မျိုးကိုလည်း Symantec က သရုပ်ပြသွားဖို့ ရှိပါသေးတယ်။

လက်ရှိအလုပ်လုပ်နေတဲ့ Process စာရင်းကို ရနိုင်မဲ့နည်းလမ်းတွေကို Github ပရောဂျက် (Project) တွေကနေပြီး Android.Bankosy နဲ့ Android.Cepsohord ဆိုတဲ့ Malware နှစ်ခုကို ရေးတဲ့သူတွေက ရသွားပါတယ်။ ဒီလို process စာရင်းရဖို့က အတော်လေး အရေးကြီးပါတယ်။ ဒီစာရင်းသိမှပဲ လက်ရှိသုံးနေတဲ့ App တွေကို စောင့်ကြည့်ရင်း သုံးတဲ့သူက အချက်အလက်တွေ ထည့်ပေးနိုင်မည့် Username နှင့် Password ဖြည့်ပေးနိုင်သော နေရာအတုတွေ ဖန်တီးနိုင်မှာပါ။

အရင် အန်ဒရိုက်ဗားရှင်း လော်လီပေါ့ (Android Version Lollipop) မှာတုန်းကတော့ မသမာသူတွေ အနေနဲ့ getRunningTask() ဆိုတဲ့ API ကို သုံးကြပါတယ်။ လော်လီပေါ့ နောက်ပိုင်းမှာတော့ ဒီလုပ်ဆောင်ချက်ကို ဖြုတ်ပစ်ထားတာပါ။

ကျော်လွှားနိုင်တဲ့ နည်း (၂) နည်းထဲက ပထမတစ်နည်းကို Github ပေါ်က Android Processes (https://www.github.com/jaredrummler/AndroidProceses) ဆိုတဲ့ ပရောဂျက်ကနေ တွေ့တာပါ။ ဒီပရောဂျက်ဟာ မသမာမှုလုပ်ဖို့ မဟုတ်ပေမဲ့ Malware ရေးသူတွေ ယူသွားအပြီးမှာတော့ ဓားပြတွေမွေးတဲ့ကျေး ဖြစ်သွားတော့တာပါပဲ။

Rummler ရဲ့နည်းလမ်းကတော့ /proc/ ဖိုင်ကို လှမ်းဖတ်တဲ့နည်းပါ။ ဒီဖိုင်ကိုဖတ်လိုက်တာနဲ့ လက်ရှိအလုပ်လုပ်နေတဲ့ Process တွေအားလုံး ရလာပါလေရော။ Symantec ကတော့ အန်ဒရိုက်ဗားရှင်းသစ်မှာ ဒါမျိုးက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

နောက်ထပ်တစ်နည်းကတော့ Android Overlay Malware Example (https://www.github.com/geeksonsecurity/android-overlay-malware-example) ဆိုတဲ့ ပရောဂျက်ကနေ နည်းယူထားတာပါ။ သူကတော့ ဖြစ်နိုင်တဲ့ Malware နမူနာတစ်မျိုးကို သက်သေပြထားတဲ့ ပရောဂျက်ဆိုတော့ မွေးစားဖို့အတော်လွယ်တဲ့ ကိစ္စတစ်ခုပေါ့။

ဒီနည်းမှာတော့ UsageStatsManager API ကို သုံးပြီးတော့ လက်ရှိအလုပ်လုပ်နေတဲ့ Process စာရင်းကို ယူတာပါ။ ဒီ API ဟာ app တွေကိုသုံးတဲ့ အသုံးစာရင်းကို အသေးစိတ် မှတ်တမ်းတင်တာမျိုးပါ။ ဘယ်အချိန်မှာ ဒီ app ကို ရပ်လိုက်တယ်ဆိုတာလည်း ပါတာပေါ့။ ဒါကြောင့် အဲဒီ့အချက်အလက်တွေနဲ့ လက်ရှိအလုပ်လုပ်နေတဲ့ Process တွေကို ခန့်မှန်းနိုင်တာပါ။ Symantec ကတော့ အပေါ်က Malware (၂) မျိုးစလုံးဟာ ဒီ API ကို သုံ:ပြီး လွန်ခဲ့တဲ့ (၂) စက္ကန့်လောက်က ဖွင့်သွားတဲ့ app တွေကို လက်ရှိသုံးနေတယ်လို့ ယူဆပြီး အလုပ်လုပ်တယ်လို့ ဆိုထားတယ်။

သုံးတဲ့သူတွေ ကံကောင်းတဲ့တစ်ချက်ကတော့ ဒီ API ကနေ Output ကို ယူနိုင်ဖို့ Root Access လိုတာပါ။ ဒီတော့ ကိုယ့်အန်ဒရိုက်ဖုန်းကို Root မဖောက်ထားဘူးဆိုရင် စိတ်အေးနိုင်ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကို ကျော်လွှားဖို့လည်း Permission တောင်းတဲ့ Overlay တစ်ခု ဖန်တီးထားပါသေးတယ်။ သူက Chrome နာမည်၊ Chrome အိုင်ကွန်နဲ့ပါ။ ဒီနည်းတွေအားလုံးက Geeks on Security ရဲ့ Malware နမူနာကို တသွေမတိမ်း ယူထားတာပါ။ ဒါပေမဲ့ ဒီလို Overlay လုပ်တဲ့နည်းက တစ်ချို့ထုတ်ကုန်တွေမှာ အလုပ်မလုပ်ပြန်ပါဘူး။ ဥပမာပြောရရင် ဆမ်ဆောင်းပေါ့ဗျာ ... (ဆမ်ဆောင်းသုံးတဲ့သူတွေ cheer ...)

ဘယ်လိုပဲပြောပြော အန်ဒရိုက်ဆိုတာ အသုံးပြုသူများတာဖြစ်လို့၊ မသမာသူတွေ မျက်စိကျတဲ့ ပလက်ဖောင်း (Platform) တစ်ခုပါပဲ။ ဒီတော့ စိတ်ချရတဲ့ မိုဘိုင်းအန်တီဗိုင်းရပ် (Mobile Antivirus) တစ်ခုခု တင်မယ် (အများစုက အခမဲ့ရပါတယ် ..)၊ Google Play Store က app တွေကိုပဲ သုံးမယ် (ဂူးဂဲက Play Store ပေါ်က app တွေကို စကန်ဖတ်ပြီးမှ တင်ခွင့်ပေးတာပါ ...)၊ app တွေကို မဆိုင်တဲ့ Permission တွေ မပေးဘူးဆိုရင် သာမန်သုံးစွဲသူ တစ်ယောက်အနေနဲ့ အတော်စိတ်ချရတဲ့ အခြေအနေဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

5-9-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)

အကျော်အခွတော်တဲ့ Malware များ အကျော်အခွတော်တဲ့ Malware များ Reviewed by Myanmar Ethical Hacking News on 8:47 PM Rating: 5

No comments:

MEHN Team. Powered by Blogger.