Last.fm မှပေးသော အသုံးအများဆုံး ထိပ်တန်း စကားဝှက် ၁၀ ခု
Last.fm ဆိုတာ သီချင်းတွေကို ခြေရာခံပေးတဲ့
ဝန်ဆောင်မှုတစ်ခုပါ။ မှတ်ပုံတင်ထားလိုက်တာနဲ့ ကိုယ်ကြိုက်တဲ့သီချင်းကို အချင်းချင်း
မျှဝေနိုင်ပါပြီ။ ဒီလိုနဲ့ ကိုယ့်အကြိုက်နဲ့လိုက်တဲ့ သီချင်းပုံစံမျိုးကို အကြံပြုပေးနိုင်လာမှာပါ။
၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်လာတဲ့ ဒီဝန်ဆောင်မှုဟာ
အတော်လေးစောခဲ့သလို ၂၀၀၉−၂၀၁၀ ဝန်းကျင်တုန်းကလည်း အတော်လေး လူသုံးများခဲ့ပါတယ်။ ဒီအကြောင်းတွေကပဲ၂၀၁၂
ခုနှစ်မှာ ဟက်ကာတွေရဲ့ မျက်စိကျစရာ ဖြစ်သွားတာပါ။
LeakedSource ကနေပြီး အဲဒီ့တုန်းက အဖြစ်အပျက်ကို
အသေးစိတ်ထုတ်ပြန်ခဲ့တဲ့အခါ (၄၃) သန်းသော သုံးစွဲသူတွေရဲ့ Username, Password နဲ့ Email
Address တွေ ပါလာပါတယ်။
အဲဒီ့အချက်အလက်တွေဟာ ကြားခံစာလုံး (Salt)
မပါတဲ့ Hash တွေ ဖြစ်တာမို့ (၄၃) သန်းစာ ပမာဏကို အချိန် (၂) နာရီအတွင်းမှာ ဖြည်ယူနိုင်ခဲ့တာပါ။
အောက်ကစာရင်းမှာ လူသုံးအများဆုံး စကားဝှက် (၁၀) မျိုးကို ဖော်ပြပေးထားပါတယ်။
စကားဝှက် အသုံးပြုနှုန်း
========= ==========
123456 ၂၅၅၃၁၉
password ၉၂၆၅၂
lastfm ၆၆၈၅၇
123456789 ၆၃၉၈၄
qwerty ၄၆၂၀၁
abc123 ၃၆၃၆၇
abcdefg ၃၄၀၅၀
12345 ၃၃၇၈၅
1234 ၃၀၉၃၈
music ၂၇၉၇၅
သုံးတဲ့သူအများစုဟာ ဒီလိုဝန်ဆောင်မှုမျိုးကို
အရေးကြီးတယ် မထင်ကြပါဘူး။ ဒီတော့ ခပ်ရှုပ်ရှုပ်စကားဝှက်လည်း မပေးကြဘူး။ ဒါပေမဲ့ ဒီအကောင့်မျိုးကို
ဟက်ကာတွေ ယူသွားပြီဆိုတာနဲ့ နောက်တစ်ကြိမ်ပြန်ဝင်မိရင် ဒုက္ခများနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့
ဝင်ဖို့သုံးတဲ့ အိုင်ပီလိပ်စာနဲ့ သုံးတဲ့ပစ္စည်း (ဖုန်း၊ ကွန်ပျူတာ) နာမည်တွေကို ရယူနိုင်လို့ပါပဲ။
ဒီအချက်အလက်တွေကနေ ကိုယ့်အကြိုက်အဆိုတော်ရဲ့ သီချင်းအသစ်မျိုး၊ ကိုယ်နားထောင်နေကျ သီချင်းပုံစံ
(genre) မျှဝေတဲ့ ပုံစံမျိုးနဲ့ Phishing အပြင် တခြားတိုက်ခိုက်မှုတွေလည်း လုပ်သွားနိုင်ပါတယ်။
မိတ်ဆွေအနေနဲ့ Last.fm သုံးတဲ့သူတစ်ယောက်
မဟုတ်တောင် ဒီထိပ်တန်း (၁၀) ခု စာရင်းထဲက စကားဝှက်မျိုးတွေ သုံးနေတုန်းပဲဆိုရင် အကြံကောင်းမဟုတ်ဘူးလို့
ပြောပါရစေ။ ဖြစ်နိုင်ရင် ချက်ချင်းပြောင်းဖို့ လိုပါတယ်။ Last.fm သုံးတဲ့သူတစ်ယောက်ဆိုရင်တော့
ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြောင်းမှကို ဖြစ်တော့မှပါ။
ကိုယ့်စကားဝှက်က လွယ်နေတယ်လို့ ယူဆရင်၊
ကိုယ့်အချက်အလက်တွေ ပေါက်ကြားနိုင်တယ်လို့ထင်မြင်ရင် LeakedSource
(www.leakedsource.com) မှာ ရှာပြီး စစ်ဆေးနိုင်ပါတယ်။
22-9-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Last.fm မှပေးသော အသုံးအများဆုံး ထိပ်တန်း စကားဝှက် ၁၀ ခု
Reviewed by Myanmar Ethical Hacking News
on
8:02 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:02 PM
Rating:

No comments: