Maxthon အသုံးပြုသူများအတွက် ကြီးမားသော အန္တရာယ်
Maxthon Browser သည် Browser လောကတွင် နောက်ပိုင်းမှ
ထွက်ပေါ်လာပြီး လူသိများ ထင်ရှားလာသော Browser တစ်ခုဖြစ်သည်။ အလွယ်တကူအသုံးပြုနိုင်ခြင်း
၊ မြန်မာဖောင့်များ မှန်ကန်မှူ့ရှိခြင်း ၊ ပေါ့ပါးခြင်းတို့ကြောင့် လူထုထောက်ခံမှူ့
တခဲနက်ရရှိထားသော Browser တစ်ခုလည်း ဖြစ်သည်။
ပိုလန်နိုင်ငံအခြေစိုက် လုံခြုံရေးနည်းပညာရှင်များအနေဖြင့်
Maxthon Browser သည် အသုံးပြုသူများအတွက် လုံခြုံမှူ့မရှိကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
Maxthon Browser သည် အသုံးပြုသူများ၏ အချက်အလက်များကို တရုတ်နိုင်ငံ၏ ဆာဗာတစ်ခုသို့
ပေးပို့နေကြောင်းကို အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
အသုံးပြုသူများ၏ အချက်အလက်များဖြစ်သော
Browser History , Google တွင် ရှာဖွေသည့် History များ ၊ အသုံးပြုသူများ၏ ကွန်ပြူတာအတွင်း
Installation ပြုလုပ်ထားသော Software များ၏ အချက်အလက်များ နှင့် အခြားသော အသုံးပြုသူများ၏
အရေးကြီးသော အချက်အလက်များကို စုဆောင်းကာ တရုတ်နိုင်ငံရှိ ဆာဗာတစ်ခုသို့ ပေးပို့နေကြောင်းကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တိုက်ခိုက်သူများသည် ထိုအချက်အလက်များကို
အသုံးပြုပြီး တိုက်ခိုက်နိုင်ပါသည်။ Browser History , Browser Cookies , Browser
Cache စသည်တို့သည် အသုံးပြုသူများအတွက် အလွန်ပင်အရေးကြီးသော အရာများ ဖြစ်သည်။ ထိုအရာများကို
အသုံးပြုပြီး အသုံးပြုသူများ၏ ဘဏ်အကောင့်များ ၊ Social Media အကောင့်များ နှင့် အခြားသော
အရေးကြီးသော ကိုယ်ရေးကိုယ်တာဆိုင်ရာ ကိစ္စရပ်များကို တိုက်ခိုက်နိုင်ပါသည်။
ယနေ့ Maxthon ကို အသုံးပြုသူအရေအတွက်မှာ
သန်းနှင့်ချီရှိပြီဖြစ်သည်။ စာချစ်သူများအနေဖြင့် Maxthon Browser ကို အသုံးပြုနေတယ်ဆိုရင်
သတိထား အသုံးပြုသင့်ပါကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ်။
27-9-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Maxthon အသုံးပြုသူများအတွက် ကြီးမားသော အန္တရာယ်
Reviewed by Myanmar Ethical Hacking News
on
7:58 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:58 PM
Rating:

No comments: