Malware ရေးသားသူမှ စကားလုံးများကို ပြင်ပေးပါဟု တောင်းဆိုသည့် ကြုံတောင့်ကြုံခံ ဖြစ်ရပ်
ဧပရယ်လ နှောင်းပိုင်းမှာ အိုင်ဘီအမ်၏ လုံခြုံရေးလုပ်ငန်းဖြစ်သည့်
X-Force ကနေပြီး အန်ဒရိုက် ထရိုဂျန် (Android Trojan) တစ်မျိုးအကြောင်းကို စာတမ်းတင်ပြပါတယ်။
မြေအောက်လောကမှာ ရောင်းနေသော ငွေလိမ်ထုတ်နိုင်သော ထရိုဂျန်ဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့သည့်
GM Bot နာမည်နဲ့ အန်ဒရိုက် ထရိုဂျန်ရဲ့ တန်ဖိုးနည်း မျိုးဆက်သစ်ပါပဲ။
အဲဒီ့မျိုးဆက်သစ်ရဲ့ အန္တရာယ်ကြီးပုံကို
အိုင်ဘီအမ်ကနေ GM Bot ရဲ့ တန်ဖိုးနည်း ထုတ်ကုန်သစ်ဆိုပြီး ဖော်ပြသွားတာပါ။ စာတမ်းထုတ်ပြီး
၁၀ ရက်အကြာမှာပဲ ထရိုဂျန်ရေးတဲ့သူက အီးမေး(လ်)ပို့ပြီး ဆက်သွယ်လာပါတယ်။ "ခင်ဗျားတို့ပြောပေးတာ
မှားနေတယ်" တဲ့။
ဒီလိုကိစ္စမျိုးဆိုတာ ရှားတောင့်ရှားခဲပါ။
လုံခြုံရေးလုပ်ငန်းတစ်ခုကို ဆက်သွယ်မိရင် ဖြစ်လာနိုင်တဲ့
နောက်ဆက်တွဲ ကိစ္စတွေကြောင့် Malware ရေးသားသူ အားလုံးနီးပါး ဒီကိစ္စကို လက်ရှောင်ကြပါတယ်။
လာဆက်သွယ်တဲ့သူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေ ရှိတယ်လို့ X-Force မှ လုံခြုံရေးသုတေသီ
လီမော် ကတ်ဆမ် (Limor Kessem) က ပြောပါတယ်။
Bilal Bot ကို ရေးတဲ့သူက တန်ဖိုးနည်း ထုတ်ကုန်ဆိုတာကို
ပြင်စေချင်တာပါ။ "အစမ်းသုံး ဗားရှင်း (Trial Version) ဖြစ်နေချိန်မို့ ဈေးနည်းနေတာလည်း
ဖြစ်နိုင်ပါတယ်။ နောက်မှ လုပ်ဆောင်ချက်အသစ်တွေ ထပ်ထည့်ပြီး ဈေးမြှင့်မည့် သဘောပေါ့။
ဒါကြောင့် Malware ရေးသားသူအနေနဲ့ ဝယ်ယူအသုံးပြုမည့်သူတွေ စိတ်ထဲမှာ တန်ဖိုးနည်း ထုတ်ကုန်ဆိုပြီး
အထင်အမြင်သေးသွားမှာ စိုးလို့ ကျွန်တော်တို့တင်တဲ့ ပို့(စ်)ကို ပြင်စေချင်တာပါ"
ကတ်ဆမ်က သူ့အမြင်ကို ဖြည့်ထားပါတယ်။
28-9-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Malware ရေးသားသူမှ စကားလုံးများကို ပြင်ပေးပါဟု တောင်းဆိုသည့် ကြုံတောင့်ကြုံခံ ဖြစ်ရပ်
Reviewed by Myanmar Ethical Hacking News
on
8:32 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:32 PM
Rating:

No comments: