သင့်ကွန်ပြူတာတွင် Virus နှင့် Maleware တို့ရှိနေကြောင်း ထင်ရှားသည့်အချက်များ
တခါတရံမှာ ကျွှန်တော်တို့ရဲ့
ကွန်ပြူတာထဲကို Antivirus ကတောင် မသိလိုက်ဘဲ
Malware တွေ Virus တွေ ဝင်ရောက်နေနိုင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တကယ့်ကို ကောင်းမွန်လှပါတယ်ဆိုတဲ့ Antivirus တွေတောင်
Powerful ဖြစ်လှတဲ့ နောက်ဆုံးထွက် Malware တွေ Virus တွေကိုထောက်လှမ်းနိုင်တဲ့ Database
Update တွေ ချက်ချင်းမထုတ်ပေးနိုင်လို့ပါပဲ။ Antivirus က မထောက်လှမ်းနိုင်ပေမယ့် ကိုယ့်ကွန်ပြူတာမှာ
Virus ဝင်နေပြီဆိုရင် ထင်ရှားတဲ့ အချက်ကလေးတွေတော့ ရှိပါတယ်။ အဲဒီအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ရုတ်တရက်အားဖြင့်
ကွန်ပြူတာနှေးကွေးသွားခြင်း
သိသာထင်ရှားတဲ့ ပထမအချက်ကတော့
Maleware တွေ Virus တွေ ဝင်ရောက်လာပြီဆိုရင် ကွန်ပြူတာဟာ ရုတ်တရက်အားဖြင့် နှေးကွေးသွားတတ်ပါတယ်။
Internet Speed တွေ ကျသွားတာမျိုး ရုတ်တရက် ရပ်တန့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့
ကွန်ပြူတာဟာ စွမ်းဆောင်ရည် မြင့်နေပြီးသား ဖြစ်နေရဲ့သားနဲ့ နှေးကွေးနေပြီဆိုရင်တော့ သတိထားသင့်နေပါပြီ။
၂။ Blue Screen of
Death ဖြစ်ပေါ်ခြင်း
BSOD ဖြစ်ရခြင်းဟာလည်း
ကွန်ပြူတာ အလုပ်ကောင်းကောင်း မလုပ်တော့တာ ဖြစ်နိုင်သလို Virus တွေ Malware တွေ ဝင်လာလို့လည်း
ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ သာမန် Error ထက် Malware တွေကြောင့် အဖြစ်များတာပါ။
၃။
Application တစ်ခုကိုဖွင့်ရာတွင် အချိန်ကြာမြင့်နေခြင်း
အကယ်၍ ကိုယ့်ကွန်ပြူတာမှာရှိတဲ့
Application တစ်ခုကိုဖွင့်လိုက်တိုင်း အချိန်အနည်းငယ်ကြာအောင် စောင့်ရတယ်။ ပြီးတော့
Error Message တွေ တက်လာတာမျိုး ဖြစ်မယ်ဆိုရင် Virus ကြောင့်ဖြစ်နိုင်ပါတယ်။ အဲလိုမျိုးဖြစ်လာပြီဆိုရင်
ကိုယ့်ရဲ့ကွန်ပြူတာကို Antivirus ဖြင့်
Scan ဖတ်ပေးဖို့တော့ လိုအပ်နေပါပြီ။ တစ်ခုရှိတာကတော့ Application
ရဲ့ Start Up Time ကြာခြင်းဟာ Virus ကြောင့်လို့တော့ တရားသေပြောလို့တော့ မရပါဘူး။
၎။ သတိပေးစာသား တစ်ခုရုတ်တရက်
ထွက်ပေါ်လာခြင်း
တခါတလေ ကိုယ့်ရဲ့ ကွန်ပြူတာ Monitor မှာ လိင်ပိုင်းဆိုင်ရာ ကြော်ငြာတွေ Sexy
ပုံတွေ တက်နေပြီဆိုရင်တော့ ကွန်ပြူတာမှာ Error ရှိနေပါပြီဆိုတဲ့ သတိပေးကြော်ငြာတွေ
ခဏခဏဖော်ပြနေပြီဆိုရင် Malware တစ်ခုခု ရှိနေနိုင်လို့ဘဲ ဖြစ်ပါတယ်။ Browser သုံးတဲ့အခါ
Porn Website တွေဝင်မိရင် များသောအားဖြင့်
Popup Message တွေ တတ်လာသလိုမျိုးပါဘဲ။ အကောင်းဆုံးကတော့ အဲဒီကြော်ငြာတွေအပေါ်ကို Click
လုံးဝ မထောက်လိုက်ပါနဲ့။ Browser မှာမဟုတ်ဘဲ ကွန်ပြူတာ Desktop ပေါ်မှာ တက်လာပြီဆိုရင်တော့ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့
Process ကိုရှာဖွေပြီး ရပ်တန့်ပစ်လိုက်သင့်ပါတယ်။
၅။ Firewall သို့မဟုတ်
Antivirus များအလိုအလျောက် ပိတ်နေခြင်း
ကိုယ့်ကွန်ပြူတာမှာ
Firewall တို့ Antivirus တို့ အလိုအလျှောက်
ပိတ်နေပြီဆိုရင်တော့ Virus တို့ Malware တို့ ရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
Virus ရေးတဲ့သူတွေက သူတို့ရဲ့ ဆက်နွယ်နေတဲ့
လုပ်ဆောင်ချက်တွေကို ထပ်သွားဖို့အတွက် အဆိုပါအရာတွေကို ပိတ်ပေးမယ့် Program တွေ ထည့်သွင်းပေးထားတတ်လို့ပါဘဲ။
၆။ မိမိမထည့်သွင်းထားသော
Security Software တစ်ခုခု ရောက်ရှိနေခြင်း
အပေါ်က အချက်နဲ့တော့
ပြောင်းပြန်လိုဖြစ်နေပါတယ်။ ကိုယ် Install မလုပ်ထားပေမယ့် Security Program
တစ်ခုရှိနေပြီးတော့ Virus တွေအလိုအလျောက် Scan လုပ်ပြတာမျိုးတို့ ကိုယ့်ကွန်ပြူတာမှာ
Error ရှိနေပြီဆိုသည့် သတိပေးပုံစံမျိုးတို့ ရုတ်တရက် ပြလာလို့ရှိရင်လည်း Malware တစ်ခုခုရှိနေပါပြီ။ တကယ်လို့များ အဲဒီ Program
ခိုင်းတဲ့အတိုင်း ကိုယ့်ကွန်ပြူတာကို Scan သွားလုပ်မိတာတို့ တခြားတစ်ခုခုကို ဖျက်လိုက်မိတာတို့
လုပ်လိုက်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ အချက်အလက်တွေ
အကုန်ပါသွားနိုင်သလို ထိန်းချုပ်ခံ သားကောင်ဘဝကို ရောက်သွားနိုင်ပါတယ်။ အဆိုပါ Security Program အတုအယောင်ကို ချက်ချင်းဖျက်သင့်ပါတယ်။
၇။ Forwarding Site
တခါတရံ Browser မှာ
ကိုယ်က Google မှာရှာထားတဲ့ လင့်(Link) ကိုဖွင့်လိုက်တာပဲ။ ဒါပေမယ့် ရောက်သွားတာက တခြားတစ်နေရာ
တစ်ခုခုဖြစ်နေတတ်ပါတယ်။ ကြော်ငြာဆိုဒ် (Website) တွေမှာ Click ထောက်မိသလိုမျိုး ပုံစံပါပဲ။
အဲဒီလိုဖြစ်နေမယ်ဆိုရင်လည်း Malware က Browser မှာရှိနေလို ဖြစ်နိုင်ပါတယ်။ Forwarding
Site ဆိုတာက Flash တို့လို Plugin လိုအပ်ချက်တွေအတွက် ဒီဆိုဒ် (Website) မှာ Install
လုပ်လို့မရလို့ တခြားနေရာကို သွားပြီး Install လုပ်ပါဆိုတာမျိုး အတွက်ပါဘဲ။ အဆိုပါ
Forwarding Site လုပ်ဆောင်ပေးတဲ့ Maleware တွေက ဘယ်လို တည်ရှိနေနိုင်သလည်းဆိုတော့ Browser
Plugin တစ်ခုအနေနဲ့ သို့မဟုတ် Code တစ်ခု အနေနဲ့လည်း တည်ရှိနေတတ်ပါတယ်။ သူ့ကို ဖျက်ချင်တယ်ဆိုရင်
အကောင်းဆုံးကတော့ Browser Cache တွေကိုဖျက်ပစ်တာတို့ History တွေကိုဖျက်ပစ်ခြင်းနဲ့ မလိုအပ်တဲ့ Plugin တွေကိုဖြုတ်ပစ်သင့်ပါတယ်။
၈။ Internet
Traffic လွန်စွာများပြားခြင်း
Malware အမျိုးအစားတွေက
Botnet ဖြစ်မယ်ဆိုရင် Internet ကိုလှမ်းချိတ်နေမှာ
ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Internet speed က နှေးသွားမှာဘဲဖြစ်ပါတယ်။ သို့သော်
Internet Traffic ကို ကြည့်လိုက်ရင်တော့ Data ပမာဏ လမ်းကြောင်းတွေ အများကြီး ဖြစ်နေတာကို
တွေ့ရပါလိမ့်မယ်။ အဲဒီကိစ္စကို ပြေလည်စေချင်တယ် ဆိုရင်တော့ Traffic Monitor လိုမျိုး Network Portable Software
တွေကို အသုံးပြုပြီးတော့ ကိုယ့် App တွေသွားတဲ့ Routing လမ်းကြောင်းတွေကို လိုက်ကြည့်ပြီး
နောက်ကွယ်ကနေ လုပ်ပေးနေတဲ့ ဖိုင်တွေကိုရှာ ဖျက်သင့်တဲ့ဖိုင်ကို ဖျက်ပစ်လိုက်ရုံပါပဲ။
၉။ Social Media များမှ
ထားရှိသော မူမမှန်သည့်လင့် (Link) များ
Social Media မှာတက်လာတဲ့
တချို့လင့် (Link) တွေကလည်း Virus လင့် (Link) တွေဖြစ်နေနိုင်ပါတယ်။ များသောအားဖြင့်တော့
Sex Video File တွေ ထူးထူးဆန်းဆန်း သတင်းတွေအနေနဲ့ လာတတ်ပါတယ်။ Click မိလိုက်တာနဲ့ Password ကဲ့သို့သော အရေးကြီးသော အချက်အလက်များအတွက်
Cookie တွေ ပါသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်မသိတဲ့သူတွေ ပေ့ခ်ျ (Pages) တွေဆီက လင့်
(Link) တွေကို ကြည့်ရှုနေခြင်းက ရှောင်ကြဉ်သင့်ပါတယ်။
၁၀။ Shortcut File များဖြစ်ပေါ်နေခြင်း
တခါတလေမှာ ကိုယ့်
Desktop ပေါ်မှာဘဲဖြစ်ဖြစ် Drive လိုနေရာမျိုးမှာဘဲဖြစ်ဖြစ် Drive Shortcut တစ်ခုကို
တွေ့ရှိရတတ်ပါတယ်။ Drive Shortcut ကိုဖန်တီးတဲ့သူဟာ Stubborn Virus အမျိုးအစားတစ်ခုဖြစ်ပါတယ်။
လက်ရှိတော့အဲဒီ Virus အမျိုးအစားကို Antivirus ကတောင် ခုချိန်ထိ မကာကွယ်ပေးနိုင်သေးပါဘူး။
စာရူ့သူများအနေဖြင့်
မိမိ တို့၏ ကွန်ပြူတာများကို ဖော်ပြပါ နည်းလမ်းများကို အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။
အကယ်၍ ဖော်ပြပါ နည်းလမ်းများထဲမှ အနည်းဆုံး တစ်ချက် နှင့် ငြိစွန်းနေပါက စာရူ့သူ၏ ကွန်ပြူတာတွင်
သေချာပေါက် Virus သို့မဟုတ် Malware တစ်ခုခုရှိနေပါပြီ။ အမြန်ဆုံး ဖယ်ရှားပစ်သင့်ပါကြောင်း
အကြံပြုပေးလိုက်ပါရစေ။
29-9-2016
သတင်းစီစဉ် တင်ဆက်သူ
- Fr!d@y (MEHN Team)
သင့်ကွန်ပြူတာတွင် Virus နှင့် Maleware တို့ရှိနေကြောင်း ထင်ရှားသည့်အချက်များ
Reviewed by Myanmar Ethical Hacking News
on
9:15 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:15 PM
Rating:

No comments: