USB Stick တွေကို စာတိုက်ပုံထဲမှာ တွေ့ရှိမယ်ဆိုရင် သတိထားပါ
USB Stick ကိုသင့် Laptop မှာ အလွယ်တကူ
မတပ်မိပါစေနဲ့။ သင့်ကွန်ပြူတာအတွက် Malware နဲ့ Virus တွေ သယ်ဆောင်နိုင်ပြီး ကွန်ပြူတာစံနစ်ကို
တိုက်ခိုက်နိုင်ပါတယ်။ သြစတြေးလျနိုင်ငံ၏ Cyber ရဲတပ်ဖွဲ့ကတော့ မှတ်ပုံတင်ထားခြင်းမရှိသော
USB Drive တွေကို အသုံးပြုနေတဲ့ ကွန်ပြူတာတွေမှာ မတပ်မိဖို့ ကြေငြာထားပါတယ်။ နောက်ဆုံး
စစ်ဆေးတွေ့ရှိမှူ့များအရ Cyber ရာဇဝတ်မှုတွေက USB Stick များ မှတဆင့် လူတွေအသုံးပြုနေတဲ့
ကွန်ပြူတာ အချက်အလက်တွေနဲ့ အခြားသော အရေးကြီးသော ကိုယ်ရေးအချက်အလက်များကို ရယူနိုင်စေရန်
ဦးတည်လာပါတယ်။
သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့၏ ကိုယ်ပိုင်
Website မှတဆင့် ယခုလို သတိပေးမှုကို ဖော်ပြထားပါတယ်။ “အမှတ်အသားမပါတဲ့ USB Drive တွေကို
မိမိတို့ ကွန်ပြူတာတွေမှာ တပ်ဆင်ခြင်းမပြုကြပါနဲ့။ USB Drive ကနေ ကွန်ပြူတာထဲမှာရှိတဲ့
အချက်အလက်တွေကို ဝင်ရောက်ယူနိုင်သလို တခြား System တွေကိုလည်း ဝင်ရောက် အန္တာရယ်ပေးနိုင်ပါတယ်။
မှတ်ပုံမတင်ထားသော USB Drive ကို ကျွန်တော်တို့ ကွန်ပြူတာတွေနဲ့ တခြား Device တွေမှာ
သုံးစွဲခြင်း မပြုပါနဲ့လို့ တိုက်တွန်းပါတယ်”
သတိပေး အချက်အလက်များဖြစ်သည့် USB
Sticks များနှင့် ပတ်သက်သော ထုတ်ပြန်ချက်များကို အစပြုခဲ့သူမှာ သြစတေးလျနိုင်ငံတွင်
နေထိုင်သူ Pakeham မှ စတင်ခဲ့ခြင်း ဖြစ်သည်။ USB Stick တစ်ခုကို သူ၏ အိမ်တွင် ပြုလုပ်ထားသော
စာတိုက်ပုံထဲမှ တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ကတော့ USB Device
တွေမှာ Malware နဲ့ Virus တွေ ပါဝင်တာကို ထောက်ပြပြောဆိုနေပေမယ့် တချို့လူတွေကတော့
သူတို့ရဲ့ ကွန်ပြူတာတွေမှာ USB Stick တွေကို အမှူ့မှဲ့ အမှတ်မဲ့ တပ်ဆင်နေဆဲပါဘဲ။ မီချီကန်
တက္ကသိုလ်နှင့် Google တို့၏ ပူပေါင်းရှာဖွေမှု ရလဒ်တွေအရ ကွန်ပြူတာ အသုံးပြုနေတဲ့ လူတစ်ဝက်က
USB Drive တွေကို သူတို့ကွန်ပြူတာမှာ တပ်ဆင်ရုံသာမကဘဲ File ပွင့်ရင်မသိနိုင်တဲ့ Link
တွေကိုပါ Click နှိပ်ပြီးသုံးနေကြဆဲပါဘဲ။
အမေရိကန်နှင့် အစ္စရေး တို့ ပူပေါင်းပုံစံဆွဲထားသည့်
Design များကို USB Stick မှတဆင့် ၀င်ရောက်လာသော Stuxnet Malware ကနေ ဖျက်ဆီးမှုကို
၂၀၁၀ ခုနှစ်က ရင်ဆိုင်ခဲ့ရ ဖူးပါတယ်။ လွန်ခဲ့တဲ့ လက Hong Kong အခြေစိုက် Company တစ်ခုက
USB Stick တွေကို USB Killv2 လို့ အမည်ပေးပြီး ရောင်းချနေပါတယ်။ ဘယ် Computer ကိုမဆို
တပ်ဆင်အသုံးပြုနိုင်ပါတယ်လို့ ပါရှိပါသေးတယ်။ USB Kill Version 2.0 မထွက်ရှိခင်
USB Killer 1.0 ဆိုတာ ထွက်ရှိခဲ့ပါသေးတယ်။ သတင်းအပြည့်အစုံကို ပေးထားသော လင့်ခ်
(Link) တွင် ဖတ်ရူ့နိုင်ပါတယ်။ https://www.facebook.com/mehnteam/posts/1671368849751622:0
ဈေးကွက်ထဲတွင် ကွန်ပြူတာစံနစ်များကို ဖျက်ဆီးနိုင်သော
USB Stick များ ရောက်ရှိနေပြီဖြစ်သည်။ တိုက်ခိုက်သူများသည် ထို USB Stick များကို လမ်းများတွင်
အမှတ်တမဲ့ ကျနေဟန် ၊ စာတိုက်ပုံးထဲသို့ လက်ဆောင်အဖြစ် ထည့်ခဲ့ဟန် စသည်ဖြင့် အသွင်ယူကာ
ကွန်ပြူတာစံနစ်များ ပျက်စီးစေရန် ကြံရွယ် လုပ်ဆောင်လျှက်ရှိပါသည်။ ထို့ကြောင့် စာရူ့သူများအားလုံး
သတိရှိကြပြီး လမ်းမှာ ကောက်တွေ့သော USB ဖြစ်ဖြစ် ၊ လက်ဆောင်ပေးသော USB ဖြစ်ဖြစ် ကွန်ပြူတာတွင်
မတပ်ဆင်ခင် Malware များ ရှိ / မရှိ စစ်ဆေးသင်ပါသည်။ ထို့အပြင် USB Kill 2.0 လိုမျိုး
USB Stick များကိုလည်း သေချာစွာ ဂရုပြု စစ်ဆေးသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။
30-9-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
USB Stick တွေကို စာတိုက်ပုံထဲမှာ တွေ့ရှိမယ်ဆိုရင် သတိထားပါ
Reviewed by Myanmar Ethical Hacking News
on
8:43 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:43 PM
Rating:

No comments: