Blue Screen Error ဖြစ်ပွားပုံနှင့် ပြင်ဆင်ခြင်း
ကွန်ပြူတာများတွင် Blue Screen Error သည်
အတော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။ ကွန်ပြူတာအသုံးပြုနေရင်း ရုတ်တရက် Blue
Screen ပေါ်လာပြီး Error ဖြစ်သွားသည်ကို မြင်ဖူး တွေ့ဖူးကြမည် ဖြစ်သည်။ Blue Screen
Error ကို နည်းပညာအခေါ်အဝေါ်အရ Blue Screen of Death ဟုခေါ်ပြီး အတိုကောက်အားဖြင့်
BSOD ဟု ခေါ်တွင်ပါတယ်။
BSOD Error သည် Microsoft Windows ၏ အားနည်းချက်ကြောင့်
ဖြစ်ပေါ်လာသော Error ဖြစ်သည်။ BSOD ဖြစ်ပွားရခြစ်၏ မူလဇစ်မြစ်မှာ Task Manager ကို
Window NT 3.1 တွင် ထည့်သွင်းခြင်းမှ အစပြုခဲ့ပါသည်။ Raymond Chan သည် “Who wrote
the text for Ctrl+Alt+Delete in Window 3.1” ဟူသော အမည်ဖြင့် စာတမ်းတစ်စောင် ရေးသားခဲ့ပြီး
စက်တင်ဘာလ ၉ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ အပြည့်အစုံကို ပေးထားသော Link
တွင် ဖတ်ရူ့နိုင်ပါသည်။
BSOD ပြဿနာသည် Window NT 3.1 မှ အစပြုခဲ့တယ်လို့
Raymond Chan က သူ၏ စာတမ်းတွင် ဖော်ပြထားပါတယ်။ ကွန်ပြူတာ အသုံးပြုသူများသည် Task
Manager ကို ခေါ်လိုက်သောအခါ Window System သည် Crash ရှူပ်ထွေးသွားပြီး မည်သည့်ကို
ဖော်ပြရမှန်းမသိဖြစ်ကာ BSOD ပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူးသဖြင့် Window 9x
Series တွင် ပိုအဖြစ်များပါသည်။
ပြင်ဆင်ခြင်း
BSOD ပြဿနာသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်
အများစုသည် System Memory and Hard Disk တို့အကြားတွင် Files များ Crush ရှူပ်ထွေးသွားသောကြောင့်
ဖြစ်ပါသည်။ ပြင်ဆင်နည်းများသည် အတိအကျမရှိသော်လည်း အောက်ဖော်ပြပါနည်းလမ်းများကို အသုံးပြုမည်ဆိုပါက
BSOD ပြဿနာကို အနည်းနှင့် အများ ဖြေရှင်းနိုင်မည် ဖြစ်သည်။
မလိုအပ်သော Startup Programs များကို ဖြုတ်ထားပါ
Window စတင် တက်တက်ခြင်းတွင် Window
System သည် Run ထားသော System များကို အကုန် Load လုပ်ပါသည်။ ဥပမာ - Skype ,
Viber စသည့် Program များကို Window စတက်တာနှင့်
ဖော်ပြပေးပါဟု Command ပေးခဲ့ပါက Window System သည် စတက်တာနှင့် ထို Program များကို
Load လုပ်ကာ ဖော်ပြပေးမည်ဖြစ်သည်။ Window System စတက်တက်ခြင်းတွင် Load လုပ်ရသော
Program များသည် အလွန်များပြားနေပါက Window System ကို ရှူပ်ထွေးသွားစေနိုင်ပါတယ်။
ထို့ကြောင့် Window စတက်ခြင်းတွင် မလိုလားအပ်သော Program များကို ပိတ်ထားရမည်ဖြစ်သည်။
Windows Key + R ကို တွဲနှိပ်လိုက်ပါ။ ထိုအခါ
Run Box ကျလာမည်ဖြစ်သည်။ ထို Run Box ထဲတွင် msconfig ဟု ရိုက်ထည့်ပါ။
ပုံ - ၁
System Configuration ကို မြင်တွေ့ရမည်ဖြစ်သည်။
Startup Tab ကို သွားလိုက်ပါ။ ထို့နောက် မလိုလားအပ်သည့် Program များကို အမှန်ခြစ်
ဖြုတ်ပစ်ပါ။
ပုံ - ၂
လုပ်ဆောင်ပြီးပါက Apply နှိပ်ပြီး OK နှိပ်လိုက်ပါ။
ကွန်ပြူတာကို Restart လုပ်ခိုင်းပါလိမ့်မည်။ Restart လုပ်ပေးလိုက်ပါ။
Uninstall Software
Software ပေါင်း မြောက်များစွာ
Installation လုပ်ထားခြင်းသည်လည်း Window System ကို Crash ရှူပ်ထွေးသွားစေနိုင်သော
အကြောင်းအရာများထဲတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ ထို့ကြောင့် မလိုလားအပ်သော Software များကို
Installation မလုပ်မိစေရန် သတိပြုရမည်ဖြစ်သည်။ Installation လုပ်ထားသည့် Software များသည်
အလွန်များပြားနေပါက Control Panel ထဲမှ ၀င်ရောက်ပြီး မလိုလားအပ်သည့် Software များကို
ဖြုတ်ပစ်ရမည် ဖြစ်သည်။
Window Update
Window Update သည် လုပ်ဆောင်သင့်သော အရာတစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် Window Updates များတွင် အသစ် အသစ်သော နည်းပညာများပါဝင်လာပြီး
Window များကို ပြုပြင်ပေးခြင်း Hardware Driver များကို ပြုပြင်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို
လုပ်ဆောင်ပေးနိုင်သောကြောင့် Window Update သည် လုပ်ဆောင်သင့်သော အရာတစ်ခုဖြစ်သည်။
Check Window Drive
များသောအားဖြင့် Window System
Installation လုပ်ထားသော Drive သည် C Drive ဖြစ်ပါသည်။ အခြားသော Drive များအပေါ်တွင်လည်း
Window တင်နိုင်သော်လည်း Window System ၏ Alphabet Series အရ Drive များကို စဉ်သောအခါ
C သည် ထိပ်ဆုံးမှာ ရှိနေသောကြောင့် Window System Installation လုပ်ထားသော Drive များသည်
C ဖြစ်နေသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။ Drive များတွင် C အက္ခရာမှ အစပြုရခြင်းမှာ အက္ခရာ
A နှင့် B သည် Floppy Drive အတွက် ဖြစ်သောကြောင့် Hard Disk Drive များကို အက္ခရာ C
မှ စရခြင်း ဖြစ်သည်။ Window C အပေါ်တွင် Space အလွန်နည်းနေပါက Crush ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် Window Installation လုပ်ထားသော C Drive ပေါ်တွင် အနည်းဆုံး 3GB မှ 5GB
အကြား အမြဲတမ်း အလွတ်ထားသင့်ပေသည်။
3-10-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Blue Screen Error ဖြစ်ပွားပုံနှင့် ပြင်ဆင်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:49 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:49 PM
Rating:



No comments: