Ad Company တစ်ခု၏ Passwords ပေါင်း ၆.၆ မီလီယံကျော် ဖွင့်ချခံရခြင်း
ယခင်တုန်းက
ဖောက်ထွင်းခံရသည့် အချက်အလက်တွေထက် ယခုအကြိမ် ဖောက်ထွင်း တိုက်ခိုက်ခံရပြီး အချက်အအလက်များ
ဖွင့်ထုတ်ခံရသည့် အရအတွက်သည် ပမာဏအားဖြင့် ကြည့်မည်ဆိုပါက မနည်းလှသော ပမာဏ ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ ဒီအချက်အလက်တွေကို ဖော်ပြခြင်း ခံခဲ့ရတာဟာ Plaintext Passwords,
Usernames, Email Addresses တွေနဲ့ အဆိုးဆုံးကတော့ ClixSense Users တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ပေါင်း
၆.၆ မီလီယံကျော် ပါဝင်လာခြင်း ဖြစ်ပါတယ်။
ClixSense
Website ဟာဆိုရင်တော့ ကြော်ငြာများနှင့် အင်တာနက် ငွေရှာဖွေရေးဆိုင်ရာ Website တစ်ခုဖြစ်ပါတယ်။
Hacker များသည် အသုံးပြုသူများ၏ Plaintext Passwords များအပြင် Website Source
Code တွေကို ရောင်းချခဲ့ပါတယ်။
လူပေါင်း
၂.၂ မီလီယံကျော်၏ အရေးပါသော တိုယ်ရေးကိုယ်တာအချက်အလက်တွေကို PasteBin မှာ လွန်ခဲ့တဲ့အပတ်က
တင်ခဲ့ပါတယ်။ Hackers များသည် ၎င်းတို့၏ လက်ထဲတွင် အသုံးပြုသူများ၏ အချက်အလက်များ ရှိနေကြောင်း
သက်သေပြသည့်အနေဖြင့် တိုက်ခိုက်ရရှိထားသော အချက်အလက်များထဲမှ အချို့သော အချက်အလက်များကကို
Pastbin တွင် တင်ထားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော အချက်အလက်ပေါင်း ၄.၄ မီလီယံကိုလည်း
ရောင်းချရန်အတွက် မြေအောက်ဈေးကွက်မှာ ကြော်ငြာခဲ့ပါတယ်။
ထိုးဖောက်
တိုက်ခိုက်ခံရသော အချက်အလက်များထဲတွင် ပထမဦးဆုံးနာမည်အစ
နဲ့ နောက်ဆုံးနာမည်အဆုံး, မွေးသက္ကရာဇ်, လိင်, နေရပ်လိပ်စာ, Email လိပ်စာ, IP Addresses,
ငွေပေးချေထားသော မှတ်တမ်းများ နှင့် အခြားသော ဘဏ်နှင့်သက်ဆိုင်သော အချက်အလက်တွေပါဝင်ခဲ့ပါတယ်။
Troy Hunt (Operator of Havve I Been Pwned?) သည် အချက်အလက်များ ဖွင့်ထုတ်ခံရခြင်းကို
စစ်တမ်းပြုလုပ်ခံပြီး ClixSense မှ အချက်အလက်ပေါင်း မည်မျှ ရယူသွားနိုင်သည့် အချက်ကို
သုတေသန ပြုလုပ်ခဲ့တယ်။ ထို သုတေသနပြုလုပ်ချက်မှ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်သော
တိကျသော အချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်သည်။
Hackers
တွေက ClixSence ကိုဘယ်လို Hack ခဲ့သလဲ?
Hacker
များသည် Server အဟောင်းကနေ အချက်အလက်တွေကို ခိုးယူဖို့ ကြိုးစားသော်လည်း အခက်အခဲ တစ်ချို့ရှိနေသည့်အတွက်
Network မှတစ်ဆင့် Main Database Server မှ အချက်အလက်တွေကို ရယူဖို့ ကြိုးပန်းခဲ့တယ်ဆိုတာကို
ClixSense မှ ၀န်ခံခဲ့ပါတယ်။
Hacker
များသည် ClixSense Users Table ကို ရယူဖို့အတွက် SQL Code တွေကို အသုံးပြုခဲ့ပါတယ်။
ထို့နောက် အသုံးပြုသူများ၏ Account Names တွေကို “Hacked Account” လို့ ပြောင်းလဲခဲ့ပါတယ်။
ထို့အပြင် Forum တွင် တင်ထားသော Post တွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ် User Account Balances တွေကို $0.00 ဖြစ်အောင်လည်း
လုပ်ဆောင်ခဲ့ပါတယ်။
ClixSense
Owner ဖြစ်သော Jim Grago က “တိုက်ခိုက်ခံရသော အချက်အလက်များ၏ ပမာဏမှာ ၆.၆ မီလီယံကျော်ရှိခဲ့ပါတယ်။
ထို အဖြစ်အပျက် အကြောင်းအရာများ အားလုံးသည် လွန်ခဲ့သော စက်တင်ဘာလ ၄ ရက်နေ့ တနင်္ဂနွေနေ့
ညနေ၅နာရီမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ClixSense Site ဟာ Gay Porn Site တစ်ခုကို လမ်းလွှဲ ရောက်ရှိနေပါတယ်။
Hacker တွေက DNS ကိုရယူပြီး ထို Porn Website သို့ လမ်းလွှဲအောင် ပြုလုပ်ခဲ့ပါတယ်။
တနလာင်္နေ့ မှာတော့ Hosting Provider ထဲကိုဝင်ပြီး Servers တွေအားလုံးကို ပိတ်ခဲ့ပါတယ်။
Microsoft Exchange Server ကို တိုက်ခိုက်ပြီးတော့ Email Passwords တွေကိုပါ ပြောင်းလဲခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ Server ကိုရရှိခဲ့ပြီး Database Server တိုက်ရိုက်ထိုးဖောက်ကာ အသုံးပြုသူတွေရဲ့
အချက်အလက်တွေကို ရယူခဲ့ပါတယ်” လို့ တရားဝင် ပြောကြားခဲ့ပါတယ်။
သင့်ရဲ့
Passwords နဲ့ Security Question တွေကိုပြောင်းလဲဖို့ လိုအပ်နေပါပြီ
အသုံးပြုသူတွေများအနေဖြင့်
ClixSence Website မှာ Account လုပ်ခဲ့မယ်ဆိုရင် Passwords များကို အမှန်ပင် ပြောင်းလဲသင့်ပါပြီ။
ClixSense တွင် အသုံးပြုထားသော Security Questions တွေကို ပြောင်းလဲသင့်ပါပြီ။ Passwords
များကို ထားရှိရာတွင် ခန့်မှန်းသော Passwords များ ၊ ဖော်ထုတ်ရလွယ်သော Passwords များကို
မထားသင့်ပါကြောင်း အကြံပေးလိုက်ပါရစေ။
5-10-2016
သတင်းစီစဉ်
တင်ဆက်သူ - Algorithm (MEHN Team)
Ad Company တစ်ခု၏ Passwords ပေါင်း ၆.၆ မီလီယံကျော် ဖွင့်ချခံရခြင်း
Reviewed by Myanmar Ethical Hacking News
on
8:17 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:17 PM
Rating:

No comments: