VirtualBox အား Linux Distros များအပေါ်တွင် Installation ပြုလုပ်ခြင်း
ကဲ
ဒီတစ်ခါလည်း အားလုံးအတွက် အသုံးဝင်မယ့်ဟာလေးကို Tutorial လေးအဖြစ် ရေးပေးလိုက်ပါတယ်။
အဲ့ဒါကတော့ တော်တော်များများသိသော သုံးဖူးတဲ့ VirtualBox ကို Linux ပေါ်မှာ Install
ပြုလုပ်နည်းလေးပါ။ VirtualBox ဆိုတာက Open Source Cross-platform Virtualization
Software တစ်ခုဖြစ်ပြီးတော့ ဘယ် OS ပေါ်မှာပဲဖြစ်ဖြစ် Install ပြုလုပ်လို့ရပါတယ်။ အဲ့တော့
Window ပေါ်မှာ Install ပြုလုပ်တာက လွယ်တယ်လို့ ဆိုလိုချင်ပါတယ်။ တစ်နည်းအားဖြင့်
Software ရှိရင်ကို Install ပြုလုပ်လို့ရပါတယ်။ တခြား တကူးတက လုပ်ပေးစရာမလိုပါဘူး
။ ဒါပေမယ့် Linux OS တွေပေါ်မှာ Install ပြုလုပ်ပေးတဲ့ အခါမှာကျတော့ နည်းနည်းအလုပ်ပေးရတဲ့
အဆင့်လေးတွေ လိုလာပါတယ်။ အဲ့ဒါလေးကို ကျွန်တော်က Step by Step ပုံလေးတွေနဲ့ ပြသွားပါမယ်ဗျ။
အခု Tutorial မှာပါတဲ့ VirtualBox Version က 5.1 ဖြစ်ပါတယ်။
Lets
start !!
Installing
Virtual Box 5.1 in RHEL/CentOs နှင့် Fedora
Step-1
(For RHEL နှင့် CentOs 7/6)
အရင်ဆုံး
Install ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Repository ဆောက်ပေးဖို့လိုပါတယ်။ ဒါကြောင့် အောက်ပါပုံတွင်
ဖော်ပြထားသော လမ်းကြောင်းအတိုင်း လိုက်ဝင်လိုက်ပါ။
#cd
/etc/yum.repos.d/
ပြီးရင်
လိုအပ်တဲ့ repo ကို Download ချပါမယ်။
ပုံ
- ၁
Step-1
(For CentOs5)
အောက်က
Command လေးနှစ်ကြောင်းအတိုင်း ရိုက်ပေးလိုက်ပါ။
ပုံ - ၂
#rpm
–Uvh epel-release-5-4.noarch.rpm
ပုံ
-၃
Step-1
( For Fedora 24 to 12 )
Fedora
Version 12 ကနေ 24 ကြား သုံးစွဲနေတဲ့ သူတွေရှိတယ်ဆိုရင်တော့ အောက်ကအတိုင်း လိုက်လုပ်ပေးလိုက်ပါ။
#cd
/etc/yum.repos.d/
ပုံ
- ၎
အခုဆိုရင်
အဆင့် ၁ အတွက် လိုက်လုပ်ဖို့ကို Red Hat / CentOs / Fedora စသော Linux Distro ၃ မျိုးအတွက်
သူတို့ရဲ့ Version အလိုက် လုပ်ပြခဲ့တာ ဖြစ်ပါတယ်။
အခု
အဆင့် ၂ မှာတော့ VirtualBox Install ပြုလုပ်ပြီးသောခါ အလုပ်လုပ်ဖို့ လိုအပ်တဲ့
Package တွေကို Download ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အပေါ်က OS 3 ခုလုံးအတွက်
Download ပြုလုပ်ရမှာက တူတူပဲမို့ တူတူရိုက်ထည့်လိုက်လို့ရပါတယ်။
Step
– 2
#yum
update
#yum
install binutils qt gcc make patch libgomp glibc-headers glibc-devel
kernel-headers kernel-devel dkms
ပုံ
- ၅
Install
ပြုလုပ်ရတဲ့ Package Name တွေ ရောကုန်မှာစိုးလို့ တစ်ခုချင်း ပြန်ရေးပေးလိုက်တယ်နော်။
နာမည်ရိုက်တဲ့အခါ မှားတတ်တာမို့ သတိထားရိုက်ပေးပါ။ စာလုံးပေါင်း မှားမရိုက်မိအောင်
သတိထားပေးပါ။ Download ဆွဲရမယ့် Package တွေက -
binutils
qt gcc make
patch libgomp
glibc-headers glibc-devel kernel-headers
kernel-devel
dkms
အပေါ်က
လိုအပ်တဲ့ Package တွေ Download ပြုလုပ်ပြီးသွားရင် ဒီတစ်ခါ VirtualBox 5.1 ကို
Download ပြုလုပ်ပြီး Install လုပ်ပါ့မယ်။ အောက်က အတိုင်း လိုက်ရိုက်လိုက်ပါ။
Step
-3
#yum
install VirtualBox -5.1
ပုံ
- ၆
VirtualBox
ရော လိုအပ်တဲ့ Package တွေပါ Download ပြီးသွားရင်တော့
အခု VirtualBox User and Group ကို Create
လုပ်ပေးရပါမယ်။ ပြီးရင် လိုအပ်တဲ့ Kernel Module ကို Rebuild လုပ်ပေးရပါမယ်။ သို့အတွက်ကြောင့်
အောက်က အဆင့်လေးတွေ လိုက်လုပ်ပေးပါအုံး။
Step-4 (For RHEL/CentOs 7 နှင့် Fedora 24-19 )
#/usr/lib/virtualbox/vboxdrv.sh
setup
ပုံ
- ၇
Step-4 (For RHEL/CentOs 6/5 နှင့် Fedora 18-16 )
#service
vboxdrv setup
ပုံ
- ၈
အဆင့်
၎ ကိုလုပ်ပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့ အဆင့်၅ ကိုလိုက်လုပ်ပေးပါ။
Step
– 5
#usermod
–aG vboxusers user_name
(user_name
ဆိုသည့် နေရာတွင် လက်ရှိဝင်ရောက်နေသော user name အားထည့်ပေးပါ/ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့
normal user name က belo မို့လို့ belo လို့ထည့်ထားပါတယ် )
ပုံ
- ၉
ပြီးရင်တော့
VirtualBox ကိုသုံးစွဲနိုင်ပါပြီဗျ။ Terminal
ကပဲခေါ်ခေါ် Applications ဘားက ပဲ ခေါ်ခေါ် ရပါတယ်ဗျ။
Step
-6
#VirtualBox
Debian,
Ubuntu and Linux Mint သုံးစွဲတဲ့သူတွေဆိုရင်တော့ အောက်က Command တွေတိုင်း လိုက်ရိုက်ပေးလိုက်ပါ။
$sudo
sh –c ‘echo “deb http://download.virtualbox.org/virtualbox/debian
$(lsb_release -cs) contrib” >> /etc/apt/sources.list.d/VirtualBox .list’
$wget
–q https://www.virtualbox.org/download/oracle_vbox.asc
-O- | sudo apt-key add –
$sudo
apt-get update
$sudo
apt-get install VirtualBox -5.1
ပြီးရင်
သူ့မှာလည်း Terminal ကနေ VirtualBox လို့ရိုက်ခေါ်သုံးစွဲနိုင်ပါပြီဗျ။
ကဲ အားလုံးပဲ လိုက်စမ်းရတာ အဆင်ပြေပါစေဗျာ။
You can not success without Practice !!
6-10-2016
စီစဉ်
တင်ဆက်သူ - bel0 (MEHN Team)
VirtualBox အား Linux Distros များအပေါ်တွင် Installation ပြုလုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:18 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:18 PM
Rating:









No comments: