Android ဖုန်းများအတွက် တကျော့ပြန် Lockscreen Ransomware
Android.Lockscreen ဆိုတာ ၂၀၁၅ ခုနှစ် မတ်လတုန်းကပေါ်ခဲ့တဲ့
Ransomware တစ်မျိုးပါပဲ။ ဖုန်းမှာ PIN Code ထည့်လိုက်ပြီးတော့ Screen ကို Lock ချလိုက်ပါတယ်။
ပြီးတော့ သုံးတဲ့သူကို နည်းပညာအကူအညီအတွက် ဖုန်းခေါ်ပါလို့ ပြောတယ်။ ခေါ်လိုက်ရင် Code
ကို ပြန်ပေးတယ်။ ဈေးတော့ ကြီးတာပေါ့။ အဲဒါပေးပြီ:မှ ထည့်ထားတဲ့ PIN Code အသစ်ကို ပေးလိမ့်မယ်။
လုံခြုံရေးသုတေသီတွေက ထည့်လိုက်တဲ့ Ransomware
ထဲမှာ ဒီ PIN Code တွေ ပါလိမ့်မယ်လို့ ယူဆတယ်။ ဒီတော့ App ကို ပြန်ဖြည်ထုတ်ပြီး
PIN Code ယူတယ်။ ပြီးတော့ Lock ချခံရတဲ့ ဖုန်းကို ပြန်ဖွင့်ပေးပါတယ်။ လုံခြုံရေး နည်းပညာရှင်များမှ
Ransomware ပြဿနာများကို ဖြေရှင်းပေးလာသည့်အခါ စားပေါက်ပိတ်လာသော Malware ရေးသူက ဒီအားနည်းချက်ကို
သတိပြုမိလာတယ်။ ဒီတော့ နောက်ဆုံးပေါ် Lockscreen ဗားရှင်း (Version) မှာ အားနည်းချက်ကို
ဖြေရှင်းလိုက်ပါတယ်။ PIN Code တွေကို App ထဲ ထည့်မရေးတော့ဘူး။ Code ထုတ်ပေးတဲ့ လုပ်ဆောင်ချက်
ထပ်ထည့်လိုက်တယ်။ ပြီးတော့ တစ်ချို့မျိုးကွဲမှာ Code ကို ၆ လုံးထုတ်တယ်၊ တစ်ချို့မျိုးကွဲတွေမှာ
Code ကို ၈ လုံး ထုတ်ပေးပါတယ်။
Symantec မှ လုံခြုံရေးသုတေသီ Dinesh
Venkatesan ကတော့ Android.Lockscreen ဟာ Java ရဲ့ Math.random() Function ကိုသုံးပြီး
PIN Code တွေကို ကျပန်းထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒီ Malware ဟာ အန်ဒရိုက်ဗားရှင်း
(Android Version) အဟောင်းတွေမှာပဲ အလုပ်လုပ်မှာပါ။ ဗားရှင်းသစ် Nougat မှာ App တွေကို
PIN Code ထည့်ခွင့် မပေးပါဘူး။ PIN Code တွေကို သုံးတဲ့သူကိုယ်တိုင် ထည့်ပေး၊ ဖြုတ်ပေးရမှာပါ။
Android.Lockscreen သည် အရေးကြီးသော Permission
အတော်များများကို တောင်းပါတယ်။ Lock Screen ကို ပိတ်တာ၊ Setting များ ပြုပြင်ပြောင်းလဲခြင်း
နှင့် တခြား App တွေ အပေါ်မှာဖုံးပြီး စာတွေပြနိုင်တာတွေပါ။ ဒီတော့ App တွေ တင်တော့မယ်ဆိုရင်
ဘယ် Permission တွေ တောင်းသလဲဆိုတာ သေသေချာချာကြည့်ပြီး ဆက်တင်သင့်/မတင်သင့် ဆုံးဖြတ်ဖို့
လိုပါတယ်။ ဥပမာပြောရရင် ကင်မရာ App တစ်မျိုးက ဓာတ်ပုံသိမ်းဖို့ Storage တောင်းတာ၊ ဓာတ်ပုံရိုက်ဖို့
Camera တောင်းတာ၊ ဓာတ်ပုံကို အွန်လိုင်းမှာတင်ဖို့ Internet တောင်းတာမျိုးက ဖြစ်နိုင်ပါသေးတယ်။
Lock Screen အတွက် Permission တောင်းတာမျိုးက မဖြစ်သင့်ပါဘူး။ အဲသလိုလေးတွေ ကြည့်ပြီး
ဆုံးဖြတ်လို့ ရပါတယ်။
19-10-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Android ဖုန်းများအတွက် တကျော့ပြန် Lockscreen Ransomware
Reviewed by Myanmar Ethical Hacking News
on
6:55 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:55 PM
Rating:

No comments: