Wifi စံနစ်ထက် ပိုမို မြန်စေသော MegaMIMO 2.0
အများပြည်သူများ အသုံးပြုသော နေရာများတွင်
Wifi များကို အခမဲ့ လွှင့်ထားပေးတတ်ကြပါသည်။ ထိုသို့ အခမဲ့ လွှင့်ထားပေးသော်လည်း လူသုံးများသောကြောင့်
တစ်ခါတစ်ရံ အင်တာနက် နှေးကွေးနေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အင်တာနက် နှေးကွေးခြင်းသည်
လူသုံးများရခြင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ လွှင့်ပေးသော ပမာဏနည်းခြင်း လွှင့်သည့်အခါ
အသုံးပြုသောပစ္စည်းတွင် အမှားအယွင်းရှိနေခြင်း လွှင့်ထုတ်သည့် လှိုင်းများကို နှောင့်ယှက်နေသော
ကြားခံ ပစ္စည်းများ ရှိနေခြင်း စသည့် အချက်များကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ပြင် အသုံးပြုသူနှင့်
Wifi Router လွှင့်ထုတ်ပေးသူကြားတွင် အပြင်အလှန် ပေးပို့နေသော အီလက်ထရွန်းနစ် လှိုင်းများကြောင့်လည်း
ပါဝင်သည်။ ထို Error ကို Spectrum Crunch ဟု ခေါ်တွင်ပါသည်။
မိုဘိုင်းဖုန်းများ အသုံးပြုမှူ့ များပြားလာခြင်းနှင့်အတူ
အီလက်ထရွန်းနှစ်လှိုင်းများဖြစ်သော Wifi လှိုင်းများ၏ ထုတ်လွှင့်မှူ့ ဖမ်းယူမှူ့များသည်လည်း
များပြားလာလျှက်ရှိသည်။ ထိုသို့ များပြားလှသော အီလက်ထရွန်းနစ်လှိုင်းများ ထုတ်လွှင့်ရန်
ဖမ်းယူရန်အတွက် Wifi နည်းပညာကို အသုံးပြုရာတွင် အပြန်အလှန်ပေးပို့သော လှိုင်းများ ရှူပ်ထွေးမှူ့များကြောင့်
လုံလောက်သော လှိုင်းများကို လက်ခံခြင်း ပေးပို့နိုင်ခြင်းမရှိခြေ။
ထို ပြဿနာကို ပြေရှင်းရန်အတွက် MIT (Massachusetts Institute of Technology) တက္ကသိုလ်ရှိ Computer Science and Artificial
Intelligence Laboratory (CSAIL) မှ နည်းပညာရှင်များမှ သုတေသန ပြုလုပ်ခဲ့ကြသည်။ ထို
သုတေသန စာတမ်းကို “Real Time Distributed MIMO System” ဟု ခေါင်းစဉ်ပေးခဲ့ကြပါသည်။
ထို စာတမ်းကို မကြာသေးခင်ကဘဲ စာတမ်းတို အနေဖြင့် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။
“MegaMIMO 2.0” ၏ အဓိပ္ပါယ်မှာ
“Multiple Input , Multiple Output” ဖြစ်သည်။ အသုံးပြုသော Algorithm နည်းလမ်းမှာ နေရာမျိုးစုံမှ
လာသော Access Points များကို သတ်မှတ်လိုက်ပြီး ထို Access Points များအတိုင်း လက်ခံခြင်း
ထုတ်လွှင့်ပေးခြင်း လုပ်ငန်းစဉ်များကို ပြုလုပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကွန်ပြူတာ
၊ ဖုန်း ၊ Tablet စသည်တို့အတွက် Access Points လက်ခံမည့် နေရာများကို သီးခြားစွာ သတ်မှတ်ထားပြီး
လက်ခံခြင်း ပြန်ထုတ်လွှင့်ခြင်း လုပ်ငန်းများကို ထို သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း
ပြုလုပ်ခြင်း ဖြစ်သည်။ သုတေသနစာတမ်း အပြည့်အစုံကို ဖတ်ချင်တယ်ဆိုရင်တော့ ပေးထားသော
Link မှာ ဖတ်ရူ့နိုင်ပါတယ်။ အလကားတော့ ရမှာ မဟုတ်ပါဘူး။
“MegaMIMO 2.0” စံနစ်ကို သုတေသန စာတမ်းအဖြစ်
ပြုစုခဲ့ပြီး ဌာနအတွင်း စမ်းသပ်မှူ့များကို လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် လူထူထပ်သော
နေရာများ Wifi အသုံးများသော နေရာများတွင် မစမ်းသပ်ရသေးပါဘူးလို့ ဖော်ပြထားပါတယ်။ စမ်းသပ်မှူ့များကို
ဖောပြထားသော ဗွီဒီယို ဖိုင်ကိုတော့ ပေးထားသော Link မှာ ၀င်ရောက် ကြည့်ရူ့နိုင်ပါတယ်။
Link : https://youtu.be/X_a9aLmwWpI
Wifi လုပ်ငန်းစဉ်တွင် အဓိက ပြဿနာမှာ အပြန်အလှန်ပေးပို့ခြင်းတွင်
လှိုင်းများ ရှုပ်ထွေးခြင်း “Spectrum Crunch” ဖြစ်သည်။ အမေရိကန် အိမ်ဖြူတော်အနေဖြင့်
သုတေသနလုပ်ငန်းအားလုံးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀၀ မီလီယံ ရင်းနှီးမြှူပ်နှံမည်ဟု
မကြာသေးမှီ ရက်ပိုင်းကမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုရင်းနှီးမြှူပ်နှံမည့် ငွေကြေးများထဲမှ
Wifi ပြဿနာအတွက် အမေရိကန် ဒေါ်လာ ၄ မီလီယံ ရင်းနှီးမြှူပ်နှံမည် ဖြစ်သည်။
MegaMIMO 2.0 စီမံကိန်းကို ဦးဆောင်နေသော
ပရော်ဖက်ဆာ Dina Katabi မှ “MegaMIMO 2.0 စံနစ်သည် လူပေါင်းများစွာ အသုံးပြုနေသော အခန်းတွင်း
အသုံးပြုမည်ဆိုပါက ယခု အသုံးပြုနေသော Wifi စံနစ်ထက် 3.6 ဆ ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်”
လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
MegaMIMO Team အနေဖြင့် သူတို့၏ နည်းပညာများကို
ဈေးကွက်ထဲအထိရောက်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
20-10-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Wifi စံနစ်ထက် ပိုမို မြန်စေသော MegaMIMO 2.0
Reviewed by Myanmar Ethical Hacking News
on
5:58 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:58 PM
Rating:

No comments: