Backdoor များ ပါဝင်နေသည့် D-Link DWR 932 B LITE Router



တကယ်လို့ သင်မှာ D-Link Router တွေ ရှိထားမယ်ဆိုရင် အထူးသဖြင့် D-Link DWR 932 B.LITE Router ကို ပိုင်ဆိုင်ထားမယ်ဆိုရင် အကောင်းဆုံးက လွင့်ပစ်သင့်ပါတယ်။ D-Link မှာ အားနည်းမှုတွေ အချက် ၂၀ ထိ တွေ့နေရပါတယ်။ ထို အချက်များထဲတွင် Backdoors များ, အကောင့်အချက်အလက်များ , Firmware အားနည်းချက်များ, Upnp (Universal Plug-and-Play) အားနည်းချက်များ စတာတွေ ရှိနေပါတယ်။

ဖော်ပြပါ အားနည်းချက်များမှတဆင့် တိုက်ခိုက်သူများသည် D-Link Routers များကို တိုက်ခိုက် ထိုးဖောက်နိုင်ပါသည်။ ထိုးဖောက်တိုက်ခိုက်နိုင်သွားပါက Router တစ်ခုလုံးကို ထိန်းချူပ်သွားနိုင်ခြင်း ၊ ကွန်ယက် ချိတ်ဆက်မှူ့များကို နှောင့်ယှက်နိုင်ခြင်း ၊ Man In The Middle Attack နည်းလမ်းဖြင့် ကြားဖြတ်ဖမ်းယူနိုင်ခြင်း ၊ DNS Poison နည်းလမ်းဖြင့် လမ်းကြောင်းများကို ပြောင်းလဲနိုင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ပါသည်။

Routers ကို တိုက်ခိုက် ခြင်းခံရပါက ထို Routers များမှ တဆင့် Cyber ရာဇဝတ်မှုများ ရှိလာနိုင်သလို တိုက်ခိုက်ခံ Routers များ ပေါင်းစပ်ပြီး စွမ်းအားကြီးမားသော DDoS နည်းလမ်းဖြင့် Networks များကို တိုက်ခိုက်နိုင်ပါသည်။ လုံခြုံရေး နည်းပညာရှင် Pierre Kim က D-Link Router ၏ အားနည်းချက်များကို ရှာဖွေနေလျှက်ရှိပါသည်။  


Talent and SSH Backdoor

နည်းပညာရှင်များအနေဖြင့် D-Link Routers များကို စမ်းသပ် စစ်ဆေးကြည့်ရူ့လျက်ရှိပြီး ထို စမ်းသပ်မှုတွေအရ Talent and SSH Service တွင် Default မူလ Username နှင့် Password နှစ်ခု ပါဝင်နေပါတယ်။ ထို Default မူလ Username နှင့် Password မှာ admin:admin နှင့် root:1234 စသည်တို့ဘဲ ဖြစ်ပါတယ်။

Hackers များသည် D-Link Routers များတွင် Default မူလ Username နှင့် Password များကို အသုံးပြုပြီး Command Shell များ မှတဆင့် Man In The Middle Attack ကြားဖြတ် ဖမ်းယူနားထောင်ခြင်း ၊ အခြားသော Malicious Scripts များ ထည့်သွင်းနိုင်ခြင်း ၊ ကွန်ယက်ချိတ်ဆက် အသုံးပြုနေသူများ၏ လှုပ်ရှားမှူ့များကို စောင့်ကြည့်နေနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။


Another Backdoor D-Link Router

D-Link Router ၏ နောက်ထပ် အားနည်းချက်ကတော့ လျှို့ဝှက်ကုဒ် ပေးပို့နိုင်ခြင်းပါဘဲ။ “HELODBG” သည် စာကြောင်း လျှို့ဝှက်ကုဒ် ဖြစ်သည်။ ထို လျှို့ဝှက်ကုဒ် ကို D-Link Router ၏ UDP Port 39889 သို့ ပို့လွှတ်လိုက်မည်ဆိုပါက Telnet ပြန်လာပြီး root ဖြစ်သော ပိုင်ရှင်တစ်ယောက်လို မည်သည့် ခွင့်ပြုချက်မျှ မလိုဘဲ Router တစ်ခုလုံးကို ထိန်းချူပ်နိုင်သွားမည် ဖြစ်သည်။


Vulnerable WPS System

Wireless စံနစ်တိုင်းတွင် အသုံးပြုသော လုံခြုံရေး PIN ကုဒ်များရှိသည်။ D-Link Router ၏ WPS (Wifi Protected Setup) ဟုခေါ်သော လုံခြုံရေးစံနစ်၏ Default PIN ကုဒ်မှာ “28296607” ဖြစ်သည်။ Wireless ကွန်ယက် အတွက် Passwords များပြုလုပ်ထားသော်လည်း တိုက်ခိုက်သူများသည် Default မူလက PIN ကုဒ်ကို အသုံးပြုပြီး Wireless ကွန်ယက်ကို ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ အသုံးပြုသူများသည် Router တွင်ပါဝင်သော Default မူလ PIN ကုဒ်ကို ပြောင်းလဲနိုင်သည်။ သို့သော်လည်း ကံမကောင်းစွာ ထိုပြောင်းလဲနိုင်သည့် Algorithm တွင်လည်း အားနည်းချက်များရှိနေပြီး တိုက်ခိုက်သူများမှ ပြောင်းလဲလိုက်သည့် PIN ကုဒ်များကိုလည်း ထိုးဖောက် တိုက်ခိုက်ခိုင်ပါသည်။


Remote Firmware -Over -The-Air

Firmware များကို Upgrade ပြုလုပ်လိုက်ရုံဖြင့် အထက်တွင် ဖော်ပြခဲ့သော အားနည်းချက်များကို ဖြေရှင်းနိုင်မည်ဟု ယူဆဖွယ်ရာရှိသော်လည်း ထိုယူဆချက်သည် မှားယွင်းပေသည်။ အဘယ့်ကြောင့်ဆိုသော် D-Link ၏ Update ပေးသော လုပ်ငန်းစဉ်တွင် အားနည်းချက်များရှိနေသောကြောင်ဖြစ်သည်။ D-Link ၏ Update ပေးသော Server သည် /sbin/fotad ထဲတွင်ရှိပြီး Username နှင့် Passwords များတွင် နောက်ထပ် ပေါင်းထည့်သော Default Username နှင့် Passwords များမှာ qdpc:qdpc, qdpe:qdpe and qdp:qdp စသည်တို့ဖြစ်သည်။


Security Removed in UPNP

လုံခြုံရေးလုပ်ငန်းစဉ်များတွင် ခွင့်ပြုချက်မရသော အသုံးပြုသူများသည် Router ၏ Firewall တွင် ပြဌာန်းထားသော ဥပဒေများကို ပြင်ဆင်ခွင့်မရှိပေ။ သို့သော် D-Link Router တွင် UPnP လုပ်ငန်းစဉ်ကို ခွင့်ပြုထားသည်။ LAN ကို ချိတ်ဆက်အသုံးပြုနေသော မည်သည့် အသုံးပြုသူမဆို ကိုယ်ပိုင် Port များကို ထည့်သွင်းနိုင်ပြီး Port Forwarding ပြုလုပ်နိုင်ကာ ချိတ်ဆက်အသုံးပြုနိုင်သည်။

“တိုက်ခိုက်သူများသည် အင်တာနက်နှင့် Local Exchange Server , Mail Server , FTP Server , HTTP Server , Database Server စသည်တို့ကို ချိတ်ဆက်နိုင်ရန်အတွက် Port Forwarding လုပ်ငန်းစဉ်များကို လိုသလို ပြုပြင် အသုံးပြုနိုင်ပါတယ်” ဟု Pierre Kim မှ သူ၏ ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားသည်။

Pierre Kim သည် တွေ့ရှိချက်များကို ထိုင်ဝမ်အခြေစိုက် D-Link ကုမ္ပဏီသို့ သီးခြားပေးပို့ခဲ့သော်လည်း ကုမ္ပဏီမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ ရှာဖွေတွေ့ရှိချက်များကို လူအများ ထင်သာမြင်သာရှိအောင် ပွင်းလင်းမြင်သာစွာ ချပြခဲ့သည်။

စာချစ်သူတို့ အနေဖြင့် D-Link Routers များကို အသုံးပြုနေပါက သေချာစွာ သတိပြု အသုံးပြုသင့်ပါသည်။ အထက်ဖော်ပြပါ အားနည်းချက်များသည် လွန်စွာမှ အန္တရာယ်ကြီးမားသော အားနည်းချက်များဖြစ်သည်။ တိုက်ခိုက်သူများသည် Routers များအား ထိုးဖောက် တိုက်ခိုက်သွားနိုင်ပြီး ထို Routers များမှ တဆင့် ဆိုက်ဘာ ရာဇ၀တ်မှူ့များကို ဖန်တီးသွားနိုင်ပါသည်။ ထိုသို့ ဖန်တီးသွားသည့်အခါ သက်ဆိုင်ရာမှ နောက်ကြောင်းလိုက်ပါက မိမိမှ ပါဝင်ပတ်သက်ထားခြင်း မရှိသော်လည်း ဆိုက်ဘာရာဇ၀တ်မှူ့များကို ကျူးလွန်ထားသူမှ မိမိ Router မှတဆင့် ထိုးဖောက် တိုက်ခိုက်ခဲ့ပါက Routers Address ကြောင့် ရှင်းပြဖို့အတော်လေး ခက်ခဲမည်ဖြစ်ပြီး အရေးယူခံရနိုင်ကာ များစွာသော ထိခိုက်နစ်နာ ဆုံးရှုံးမှူ့များ ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် သေချာစွာ သတိထား အသုံးပြုကြပါရန် အကြံပြု တင်ပြလိုက်ရပါတယ်။

7-10-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Backdoor များ ပါဝင်နေသည့် D-Link DWR 932 B LITE Router Backdoor များ ပါဝင်နေသည့် D-Link DWR 932 B LITE Router Reviewed by Myanmar Ethical Hacking News on 5:01 PM Rating: 5

No comments:

MEHN Team. Powered by Blogger.