Hard Disk တွင်ရှိနေသော OS များကို အလိုအလျောက် ဆွဲခေါ်ပေးနိုင်သော GRUB2 Boot Loader



တခါတလေမှာ Hard Disk ရဲ့ Error တစ်ခုကြောင့် Windows Boot တက်မလာတာကို ကြုံတွေဖူးကြပါ့မယ်။  Bios Menu မှာ ကြည့်လိုက်တော့လည်း Hard Disk က အကောင်းကြီြး ဖစ်နေသေးတယ်။ Windows ကတော့ Boot မတက်တော့ဘူး ဖြစ်နေတယ်။

ခုလိုဖြစ်ရခြင်းဟာ Harddisk ရဲ့ MBR (Master Boot Record) အပိုင်းမှာ Error တက်သွားလို့ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ခု ပြဿနာကို ဖြေရှင်းဖို့ Windows Installer Disc တစ်ခုတော့လိုပါတယ်။ Installer DVD ကိုထည့် Repair လုပ် Command Prompt ကိုခေါ်ပြီး Boot Repair Command ကို နှစ်ကြောင်းလောက် ရိုက်လိုက်ရုံပါပဲ။ အချိန်နည်းနည်းတော့ ပေးရတာပေါ့လေ။ ပြုလုပ်နည်းကို အောက်ပါလင့်မှကြည့်ရှုနိုင်ပါတယ်။


နောက်ပြီး Windows မဟုတ်ဘဲ Linux User တွေကတော့ GRUB ဆိုတဲ့ Program တစ်ခုကိုအသုံးပြုပြီးတော့ Kernel ကို Compile လုပ်ပြီး Boot Process ကို စတင်ဆွဲခေါ်ပါတယ်။ တခါတလေမှာ အဲဒီ GRUB က Error တက်နေလို့ရှိရင်လည်း Linux User တွေနည်းနည်း ပျားတုပ်ပါတယ်။ “GRUB 2 >”  ဆိုပြီးတော့ တက်နေပြီး အလိုအလျှောက် Linux ကို ဆွဲခေါ်မပေးတော့ဘူး။ အဲလိုဖြစ်သွားရင်တော့ Manual Command ဖြင့် Kernel Compile လုပ်ပေးရပြီး Boot တက်ရပါ့မယ်။ ဆိုလိုချင်တာက Boot တက်ဖို့အတွက် Command တွေ နည်းနည်းရိုက်ရ ပါတော့မယ်။ ပြုလုပ်နည်းကိုလည်း အောက်ပါလင့် (Link) မှာ ကြည့်ရှုနိုင်ပါတယ်။ 


မည်သည့် OS ကိုမဆို အသုံးပြုနေကြသော User များတွင် အဲဒီလို ပြဿနာမျိုးတွေ ဖြစ်လာပြီဆိုရင်ဘယ်လိုလုပ်ကြလည်း။ တချို့ကတော့ Windows အသစ် ပြန်တင်ကြတဲ့နည်းကို သုံးကြပါတယ်။  Crack ပြုလုပ်ပြီး အသုံးပြုတဲ့ Windows သမားတွေအဖို့ Windows ပြန်တင်လိုက်တာက လွယ်ကူပေမယ့် License အသုံးပြုသူများအဖို့တော့ အဆင်မပြေလှပါဘူး။

File Size အားဖြင့်တော့ 14  MB သာရှိတဲ့ Bootable ISO လေးကို အသုံးပြုမယ်ဆိုရင်တော့ အဆိုပါ ကိစ္စတွေကို အလွယ်ဖြေရှင်းနိုင်ပါတယ်။ စာရေးသူတော့ Kali 2.x နဲ့ Windows 7 Dual Boot တွဲတင်လိုက်တဲ့အချိန်မှာတော့ Window7 ကော မတက်တော့သလို Linux GRUB လည်း Error တက်နေပါတယ်။ Windows 7 Installer Disc ကတော့ Boot mgr ကို Fix ပြုလုပ်ပြီး ပြင်လိုက်ပေမယ့် Linux ဘက်ကိုတော့ တက်လို့မရတော့ပြန်ပါဘူး။ ဒီကောင်လေးကို  အရင် Tutorial  တစ်ခုမှာရေးသား ဖော်ပြခဲ့ပါတယ်။ Android ရဲ့ Drive Droid App ဖြင့် တွဲဖက်အသုံးပြုလိုက်တော့ အဆင်ပြေသွားပါတယ်။ Drive Droid  အကြောင်းကို ယခုလင့်တွင်ဖတ်ရှုနိုင်ပါတယ်။


အသုံးပြုနည်းလည်း မခက်ပါဘူး။ USB Drive ထဲထည့်ထားရင်ထည့်ထား ဒါမှမဟုတ် CD နဲ့ Burn ထားရင် Burn ထားပြီးတော့ Boot တက်ပြီး အသုံးပြုရတာပါ။ အခုလို အသုံးပြုခြင်းအားဖြင့် Hard Disk ထဲမှာရှိတဲ့ မည်သည့် OS မျိုးကိုမဆို ဆွဲခေါ်ပေးပြီး Menu ပြသပေးပါတယ်။ ကွန်ပြူတာထဲတွင် ထည့်ထားသော OS တွေအားလုံးကို ထုတ်ဖော်ပြသပေးပါတယ်။ MBR ပျက်သွားသည်ဖြစ်စေ Linux ရဲ့ GRUB Error တက်သွားသည်ဖြစ်စေ ဆွဲခေါ်နိုင်ပါတယ်။ ကျွှန်တော်တို့ Command ရိုက်နေရတဲ့ အချိန်ကုန်မှုကနေ ကင်းဝေးသွားပါတယ်။ အဲဒီလိုအသုံးဝင်တဲ့ Tool ကို အောက်ပါလင့်တွင် Download ရယူနိုင်ပါသည်။



11-10-2016
စီစဉ်တင်ဆက်သူ - Fr!d@y (MEHN Team)
Hard Disk တွင်ရှိနေသော OS များကို အလိုအလျောက် ဆွဲခေါ်ပေးနိုင်သော GRUB2 Boot Loader Hard Disk တွင်ရှိနေသော OS များကို အလိုအလျောက် ဆွဲခေါ်ပေးနိုင်သော GRUB2 Boot Loader Reviewed by Myanmar Ethical Hacking News on 7:50 PM Rating: 5

No comments:

MEHN Team. Powered by Blogger.