Administrator Account အား Windows 10 တွင်ဖွက်ထားနည်း



ဒီတစ်ခကျွန်တော်ရေးပေးမယ့် အကြောင်းကတော့ Windows Administrator Account ကိုဖွက်တဲ့ နည်းလေးဘဲ ဖြစ်ပါတယ်။ ဘာလို့ Windows Administrator Account ကိုဖွက်ရသလဲဆိုရင်တော့ လုံခြုံရေးအရလို့ပြောရင် ပိုမှန်ပါတယ်။ ဒီနည်းလမ်း ဟာ Windows 10 မှာတင်မဟုတ်ဘဲ Windows 7 နဲ့ Windows 8.1 တို့မှာပါ စမ်းလို့ရပါတယ်ခင်ဗျာ။ ကိုယ်အသုံးပြုနေတဲ့ Windows နဲ့ စမ်းကြည့်ကြပါ။ ကျွန်တော်ကတော့ Windows 10 မှာဘဲ စမ်းပြပါ့မယ်။

ကဲ့ဒါဆို ကျွန်တော်တို့ စလိုက်ကြရအောင်ဗျာ -

အရင်ဆုံး Notepad ကိုဖွင့်ပြီး အောက်မှာပေးထားတဲ့ Code လေးကိုကူးပြီး File Name ကို hidden.bat ကို Save လိုက်ပါ။

@echo off
net user hidden mypassword /add
net local group Administrator hiddenuser /add

ပီးရင် hidden.bat လို့ Save လိုက်ပါ။
ဒါဆို Code အကြောင်းရှင်းပြပေးပါမယ်။

net user hidden mypassword /add -> မှာပါတဲ့  hidden ဆိုတာကတော့ user name ဖြစ်ပြီး mypassword ဆိုတာကတော့ password ဖြစ်ပါတယ်။ Username နှင့် Password နေရာ ခု စလုံးမှာ ကြိုက်နှစ်သက်ရာ ထည့်လို့ရပါတယ်။

net local group Administrator hiddenuser /add -> ကတော့ ခုနက ဆောက်ထားတဲ့ Hidden User ကို Administrator Group ထဲကို ထည့်တာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ Name ကို အပေါ်မှာ ပေးတဲ့အတိုင်း ထည့်ပေးရမှာဖြစ်ပါတယ်။

အိုကေဆက်သွားမယ်ဗျ .....

ခုနက Save ထားတဲ့ bat  File လေးကို Right Click ထောက်ပြီး Administrator နဲ့ Run လိုက်ပါ

ပုံ - ၁


ပီးရင်တော့ cmd ကနေ net user လို့ရိုက်လိုက်ပါက Hidden User ကိုတွေ့ရမှာဖြစ်ပါတယ်။

ပုံ - ၂


ပြီးရင်တော့ cmd ကို Administrator နဲ့ဖွင့်ပါ

ပုံ - ၃


 net user hidden /active:yes လို့ရိုက်လိုက်ပါက Hidden User Active ဖြစ်သွားပါပြီ။ Active မလုပ်ချင်ဘူးဆိုရင်တော့ yes နေရာမှာ no ပေါ့ဗျာWindows Key ကိုနိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

ပုံ - ၎


Hidden ကိုရွေးပြီး Click လိုက်ပါက Password ရိုက်ထည့်ပြီးဝင်လို့ရပါပြီ။

25-11-2016
စီစဉ်တင်ဆက်သူ - Algorithm (MEHN Team)

Administrator Account အား Windows 10 တွင်ဖွက်ထားနည်း Administrator Account အား Windows 10 တွင်ဖွက်ထားနည်း Reviewed by Myanmar Ethical Hacking News on 3:41 PM Rating: 5

No comments:

MEHN Team. Powered by Blogger.