Hackers များမှ Amazon Website အား တိုက်ခိုက်ခဲ့ခြင်း



Amazon ဟု ပြောလိုက်လျှင် လူအတော်များများ ကြားဇူးနားဝ ရှိလိမ့်မည်ထင်သည်။ ကမ္ဘာ့အကြီးဆုံး အင်တာနက် စာအုပ်ဆိုင်ကြီး သို့မဟုတ် ဈေးဆိုင်ကြီး တစ်ခုဖြစ်သည်။ နေ့စဉ်နှင့်အမျှ လူသန်းပေါင်းများစွာသည် Amazon တွင် ရောင်းဝယ်ဖောက်ကားလျှက်ရှိပြီး အချက်အလက်ပေါင်း မြောက်များစွာနှင့် ဘီလီယံနှင့်ချီသော ငွေကြေးများ စီးဆင်းလျှက်ရှိသည်။ ထိုကြောင့် Amazon Website သည် Hackers များအတွက် မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

0xTaylor ဟု အမည်ရသော Hacker သည် Amazon ၏ ဈေးကွက် ဆာဗာ (Server) အား ထိုးဖောက်ခဲ့ပြီး အသုံးပြုသူများ၏ အချက်အလက်များကို ရယူခဲ့ပါတယ်။ ထို ဆာဗာသည် အရောင်းအ၀ယ် ပြုလုပ်လိုသူများအတွက် ဖန်တီးထားသော ဆာဗာတစ်ခုဖြစ်သည်။

Hacker သည် Amazon မှ ရရှိထားသော အချက်အလက်များကို အင်တာနက်မြေအောက် ကမ္ဘာတွင် BTC 0.02 (Bitcoin) (အမေရိကန်ဒေါ်လာ 13.51 ဒေါ်လာ) နှုန်းဖြင့် ရောင်းချလျှက်ရှိသည်။ Bitcoin ကို လွယ်လွယ်ပြောရရင် ငွေမည်းပါ။ တစ်နေရာမှ တစ်နေရာသို့ ငွေကြေးများစီးဆင်းရန်အတွက် အချက်အလက် အစစ်အမှန်များ အသုံးပြုစရာမလိုပေ။ ထို့ကြောင့် အင်တာနက်မြေအောက်ကမ္ဘာတွင် Bitcoin ကို တွင်ကျယ်စွာ အသုံးပြုလျှက် ရှိပါတယ်။

ထိုးဖောက်ခံရသော အချက်အလက်ပမာဏမှာ 706MB ရှိပြီး စာကြောင်းရေ 118K ခန့်ရှိပါသည်။ အချက်အလက်များထဲတွင် အီးမေလ်း လိပ်စာများ ၊ အမည် ၊ မွေးသက္ကရာဇ် ၊ နိုင်ငံသား မှတ်ပုံတင်အမှတ် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် စသည့် အရေးကြီး အချက်အလက်များ ပါဝင်ပါတယ်။

အင်တာနက်ဆိုင်ရာ ဈေးဆိုင်များသည် နေ့စဉ်နှင့်အမျှ ထိုးဖောက်ခံရလျှက် ရှိပါတယ်။ အင်တာနက် ဈေးဆိုင်များတွင် ကိုယ်ရေးအချက်အလက်များ ၊ ဘဏ်အချက်အလက်များ စသည်တို့ကို ထိန်းသိမ်းထားနိုင်သည့်အတွက် Hackers များအတွက် ထို အင်တာနက် ဈေှးဆိုင်များက ပစ်မှတ်သဖွယ် အစဉ်အမြဲ စောင့်ကြည့်ခံနေရပါတယ်။

စာချစ်သူများအနေဖြင့်လည်း အင်တာနက်ဆိုင်များတွင် ဘဏ် အချက်အလက်များ အသုံးပြုပြီး ရောင်းဝယ် ဖောက်ကားခြင်း ပြုမယ်ဆိုရင် ထို အင်တာနက်ဆိုင်၏ အချက်အလက်များအား မည်ကဲ့သို့ လုံခြုံအောင်လုပ်ထားသနည်း ဆိုသည့် အချက်ကို အမြဲထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။ လုံခြုံမှူ့မရှိသော Websites များတွင် ဘဏ် အချက်အလက်များ အသုံးပြုမိပါက ထို Website တိုက်ခိုက် ခံရသည့်အခါ မိမိ၏ အချက်အလက်များပါ တိုက်ခိုက်သူများ၏ လက်အတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင် အင်တာနက်ဆိုင်များတွင် ဈေးဝယ်မည်ဆိုပါက လုံခြုံရေးသတိအမြဲရှိနေပြီး Website ၏ လုံခြုံမှူ့အရည်အသွေးကို စစ်ဆေးကြည့်ပြီးမှ ရောင်းဝယ်အမှူ့ကို ပြုမည်ဆိုပါက အချက်အလက်များ တိုက်ခိုက်ခံရခြင်းမှ ကင်းဝေးမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

23-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Hackers များမှ Amazon Website အား တိုက်ခိုက်ခဲ့ခြင်း Hackers များမှ Amazon Website အား တိုက်ခိုက်ခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 6:43 PM Rating: 5

No comments:

MEHN Team. Powered by Blogger.