ATM စက်များ တိုက်ခိုက်ခံရခြင်း



ပြီးခဲ့သည့် သီတင်းပတ်က Emanual Leahu 30 နှစ်သည် London မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ATM စက်တွေကနေ အမေရိကန်ဒေါ်လာ ၂ မီလီယံကို ဥရောပ Hacking အဖွဲ့မှ ခိုးယူအောင်မြင်ခဲ့တာကို အားကျပြီး ဖောက်ထွင်းကြည့်မိခဲ့တာပါ။ ထိုအဖွဲ့သည် ATM စက်များအတွင်း Malware များထည့်သွင်းကာ ATM ၏ စံနစ်ကို ရှူပ်ထွေးစေကာ ကြီးမားတဲ့ ငွေပမာဏ ထုတ်ယူခဲ့တာပါ။

ထို တိုက်ခိုက်မှူ့တွင် Malware သည် တိုက်ခိုက်သူများကို များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အဆိုပါအဖွဲ့တွင် စုစုပေါင်း ၅ ယောက်ပါဝင်ပြီး အဖွဲ့ဝင် ၃ ယောက် မှာ ဖမ်းဆီးခံခဲ့ရ ပါတယ်။ ထို့ အဖွဲ့ဝင်ထဲက အဖွဲ့သားတစ်ယောက်က ATM တွင်ရှိသော လုံခြုံရေး စောင့်ကြည့် ကင်မရာ၏ မှတ်တမ်းမှတဆင့် ဖမ်းဆီးခံရတာပါ။ ၎င်း အဖွဲ့သည် ATM ၅၁ ခုကို တိုက်ခိုက်ခဲ့ပြီး UK, London, Brighton နှင့် Liverpool စတဲ့ မြို့ကြီးတွေမှာ ၂၀၁၄ ခုနှစ်ကတည်းက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

တတိယ ဖမ်းဆီးခြင်းခံခဲ့ရသူကတော့ ပြစ်ဒဏ် ၅ နှစ် သို့မဟုတ် ၇ နှစ် ထောင်ဒဏ် ကျခံရဖွယ်ရှိပါတယ်။ ဗြိတိသျှ ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများအရ အဆိုပါအဖွဲ့သည် အဖွဲ့ဝင် ၅ ယောက်ရှိပြီး ယခုထိ ရောမမြို့ပတ်လည်မှာ ၂ ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဥရောပရဲတပ်ဖွဲ့ဝင်များ၏ အလိုရှိဆုံး ဟက်ကာများ စာရင်းထဲပါရှိနေသူတွေပါ။ ရဲတပ်ဖွဲ့ဝင်များသည် ဘဏ်များအတွင်း ၀င်ထွက် သွားလာနေသော စာရင်းများကို စစ်ဆေးသော်လည်း ခြေရာခံနိုင်ခြင်း မရှိသေးပါဘူး။ သမရိုးကျမဟုတ်သော ATM ကဒ်တွေကို အသုံးပြုပြီး လှုပ်ရှားနေသည့်အတွက် ခြေရာခံရ ခက်ခဲနေခြင်း ဖြစ်ပါတယ်။

ATM စက်များကို ထိုးဖောက် တိုက်ခိုက်သည့် ဟက်ကာ အဖွဲ့ကို ဗြိတိသျှရဲတပ်ဖွဲ့ဝင်များအပါအ၀င် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စုံစမ်း ဖော်ထုတ်လျှက်ရှိပါတယ်။ “ကျွန်တော်တို့ တက်ညီလက်ညီ လုပ်ဆောင်မယ်ဆိုရင် ရာဇဝတ်မှုတွေကို အမြန်ဆုံး ဖယ်ရှားပေးသွားနိုင်မှာပါ” လို့ LRFT ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ယခုနှစ်ပိုင်းအတွင်းမှာဘဲ ဥရောပရဲတပ်ဖွဲ့ဝင်များသည် ATM ဖောက်ထွင်းရေးသမား ၈ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းးတို့ထံမှ အမေရိကန်ဒေါ်လာ မီလီယံ ရှိသော ငွေပမာဏကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ATM စက်များအား ထိုးဖောက် တိုက်ခိုက်မှူ့ ဖြစ်စဉ်များသည် ယခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာပါတယ်။ မကြာသေးမှီ လပိုင်းအတွင်းကဘဲ ထိုင်းနိုင်ငံ နှင့် ထိုင်ဝမ်နိုင်ငံရှိ ATM စက်များကို ထိုးဖောက်တိုက်ခိုက်ပြီး အမေရိကန်ဒေါ်လာ ၃၀ မီလီယံ ပမာဏကို တိုက်ခိုက်သူများမှ ရယူသွားနိုင်ခဲ့ပါတယ်။

တိုက်ခိုက်သူများသည် တစ်နေရာတည်းတွင် အချိန်ကြာကြာ လှူပ်ရှားခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတကာကို လှည့်လည်ပြီး တိုက်ခိုက်လျှက်ရှိနေသည်ဟု ယူဆဖွယ်ရာရှိပါသည်။ ထို တိုက်ခိုက်သူများသည် မြန်မာနိုင်ငံသို့လည်း လာရောက်တိုက်ခိုက်နိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး အချက်အလက်များကို ရယူပြီး နိုင်ငံခြားသားများ ၊ သံသယ ရှိသူများကို စောင့်ကြည့်သင့်ပါသည်။ ဘဏ်လုပ်ငန်းရှင်များ အနေဖြင့်လည်း ATM စက်များ၏ လုံခြုံရေးနည်းပညာများကို မြှင့်တင်ထားခြင်း ၊ စောင့်ကြည့် မှတ်တမ်းတင်စက်များဖြင့် အချိန်ပြည့်စောင့်ကြည့်စေခြင်း နှင့် အခြားသော လုံခြုံရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုပြီး သေချာစွာ စောင့်ကြည့်ထားရန် လိုအပ်ပါသည်။

3-11-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
ATM စက်များ တိုက်ခိုက်ခံရခြင်း ATM စက်များ တိုက်ခိုက်ခံရခြင်း Reviewed by Myanmar Ethical Hacking News on 9:41 AM Rating: 5

No comments:

MEHN Team. Powered by Blogger.