Windows , Linux နှင့် OS X တို့ကို ဒုက္ခပေးနိုင်မည့် Malware



Malware လို့ ပြောလိုက်လျှင် Windows အတွက်သာလျှင် ရှိတယ်လို့ အများစု ထင်မြင်ကြမှာ ဖြစ်ပါတယ်။ ထို အထင်ကို မှားသည်ဟုလည်း မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် Malwares အများစုသည် Windows အတွက် ရေးသားထားသည်သာ များပါတယ်။ ယခုမူ ထူးခြားစွာ Windows စံနစ်ကိုသာမက Linux နှင့် Apple မှ ထုတ်သော OS X များကိုပါ တိုက်ခိုက်နိုင်မည့် Malware တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

Malwares များသည် OS စံနစ်များအလိုက် ပါဝင်သည့် စံနစ်များ ရေးသားပုံများ တိုက်ခိုက်နည်းများ မတူညီကြသည်ကို သိရှိထားပြီးဖြစ်ပါတယ်။ ယခင်က Malware အမျိုးအစား တစ်မျိုးတည်းဖြင့် Windows , Linux နှင့် OS X သုံးခုစလုံးကို မတိုက်ခိုက်နိုင်ပါ။ တိုက်ခိုက်ချင်ပါက Malware များကို သက်ဆိုင်ရာ OS (Operating System တနည်းအားဖြင့် Windows စံနစ်) အလိုက် ဖန်တီးပေးရပါသည်။ ယခုအချိန်တွင်မူ တစ်ခုတည်းဖြင့် OS အားလုံးကို တိုက်ခိုက်နိုင်သော Malware အသစ် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ အဆိုပါ Malware သည် Widows Systems စံနစ်များကို တိုက်ခိုက်ယုံသာမက တိုက်ခိုက်ပြီးပါက နောက်တစ်ကြိမ် လွယ်ကူစွာ ၀င်ထွက်သွားလာ နိုင်စေရန်အတွက် Backdoor ဟုခေါ်သော တံခါးချပ်များကိုပါ ဖွင့်ပေးပါတယ်။

အဆိုပါ Malware ကို Mokes ဟု ခေါ်တွင်ပြီး Kaspersky သုတေသန ဓာတ်ခွဲခန်းတွင် အလုပ်လုပ်နေသော လုံခြုံရေး သုတေသန နည်းပညာရှင် Stefan Ortloff မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Stefan Ortloff သည် သူ၏ ရှာဖွေတွေ့ရှိချက်များကို Linux နှင့် Microsoft များကို ပေးပို့ ခဲ့ပါတယ်။

Linux တွင် တွေ့ရှိခြင်း

ယခု တွေ့ရှိသော Malware များကို ခြုံငုံပြီး Mokes ဟု ခေါ်တွင်သော်လည်း Windows System စံနစ်အလိုက် အနည်းငယ် ကွဲပြား ခြားနားသော အခေါ်များရှိသည် Linux အတွက် DropboxCache နှင့် Backdoor.Linux.Mokes.a ဟု ခေါ်ဆိုပါသည်။ DropboxCache နှင့် Backdoor.Linux.Mokes.a တို့သည် System အတွင်း ၀င်ရောက်သွားသည့်အခါ -

§  $HOME/$QT-GenericDataLocation/.mozilla/firefox/profiled
§  $HOME/$QT-GenericDataLocation/.dropbox/DropboxCache

စသည့် ဖိုင်အမည်များဖြင့် နေရာယူထားပါသည်။

Windows တွင် တွေ့ရှိခြင်း

Windows System စံနစ်အတွက်မူ OLMyJuxM.exe နှင့် Backdoor.Win32.Mokes.imv ဟု ခေါ်ဆိုပါတယ်။ OLMyJuxM.exe နှင့် Backdoor.Win32.Mokes.imv များသည် System စံနစ်အတွင်း ၀င်ရောက်သွားသည့်အခါ အလိုအလျှောက် ပွားသွားပြီး %AppData% Folder ထဲတွင် ကိုး နေရာယူပြီး Windows ၏ System ဖိုင်များထားရှိရာ Windows Registry ကိုလည်း ဆိုးကျိုးသက်ရောက်စေပါတယ်။
OS X တွင် တွေ့ရှိခြင်း

OS X စံနစ်တွင် Backdoor.OSX.Mokes.a ဟု ခေါ်တွင်ပါသည်။ ထို Malware သည် OS X အတွင်း ၀င်ရောက်သွားသည့်အခါ OS X တစ်ခုလုံးကို ထိန်းချူပ်နိုင်မည် ဖြစ်သည်။

Mokes.a အမည်ရှိ Malware အလုပ်လုပ်ပုံ

Stefan Ortloff ၏ ပေးပို့ချက်ထဲတွင် Mokes.a အမည်ရှိ Malware သည် ကမ္ဘာ့ ထိပ်တန်းဝင် နောက်ယောင်ခံ လိုက်နိုင်သော Malware တစ်ခုဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် အချက်အလက်များကို C&C (Command and Control) ဆာဗာများကို ဖြတ်သန်းပြီး AES 256-CBC စံနစ်ဖြင့် ၀ှက်စာသွင်းကာ ပေးပို့နိုင်ပါတယ်။ တိုက်ခိုက်ခံရသူ၏ Keyboard မှ ရိုက်ထည့်သမျှကို မှတ်သားထားခြင်း ၊ ကွန်ပြူတာ စံနစ်အတွင်းရှိ ဖိုင်များအားလုံးကို ဖတ်ရူ့နိုင်ခြင်း ၊ USB များကို ဖတ်ရူ့နိုင်ခြင်း ၊ Screenshot ကို ၃၀ စက္ကန့် တစ်ကြိမ် ရိုက်ကူးနိုင်ခြင်း ၊ အသံ နှင့် ရုပ်များကို ဖမ်းယူ နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။ ထို အချက်အလက်များ အားလုံးကို တိုက်ခိုက်သူမှ ထိန်းချူပ်ထားသော ၀ှက်စာသွင်းထားသော C&C Server မှ တဆင့် ရယူပါတယ်။ ထိုမျှမက ယာယီ စုဆောင်းရေး ဖိုင်များကိုလည်း တည်ဆောက်နိုင်ပါသည်။ C&C Server အလုပ်များနေသည့်အချိန် သို့မဟုတ် သားကောင်သည် အင်တာနက် ချိတ်ဆက်ထားခြင်း မရှိသောအချိန်များတွင် Malware သည် ဖိုင်များကိုစုဆောင်းနိုင်ပြီး ထို ဖိုင်များကို ယာယီ စုဆောင်းရေး ဖိုင်အတွင်း ထည့်သွင်းကာ C&C Server အလုပ်လုပ်သည်နှင့် တပြိုင်နက် သို့မဟုတ် သားကောင်သည် အင်တာနက်ကို ချိတ်ဆက်သည်နှင့် တပြိုင်နက် တိုက်ခိုက်သူထံသို့ အချက်အလက်များ အဆင်သင့် ပေးပို့နိုင်စေရန် ဖန်တီးထားပါသည်။

Malware များသည် ယနေ့ အချိန်တွင် အင်တာနက်အပေါ်တွင် သန်းနှင့်ချီ ပျံ့နံ့လျက်ရှိပါသည်။ Malware များသည် အမျိုးအစားအလိုက် ဒုက္ခပေးနိုင်ပါသည်။ အချက်အလက်များကို ရယူနိုင်ခြင်း ၊ ထိန်းချူပ်နိုင်ခြင်း ၊ တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်း စသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးနိုင်ပါသည်။ ထို့ကြောင့် Malware များ ၀င်ရောက်ခြင်းမှ ကာကွယ်ရန် မသိသည့် Links များ မသကာင်္သော Links များကို နှိပ်ခြင်း ၊ မသိသော Software များ Applications များကို Installation ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။

4-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Windows , Linux နှင့် OS X တို့ကို ဒုက္ခပေးနိုင်မည့် Malware Windows , Linux နှင့် OS X တို့ကို ဒုက္ခပေးနိုင်မည့် Malware Reviewed by Myanmar Ethical Hacking News on 10:05 AM Rating: 5

No comments:

MEHN Team. Powered by Blogger.