အမေရိကန်နှင့် ရုရှားတို့၏ Cyber War
ခရိုင်းမီးယားဒေသအား ရုရှားတို့မှ သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင်
အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေးသည် ပိုမို တင်းမာသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
အမေရိကန်နှင့် ရုရှားဆိုသည်မှာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်သည်။ ခရိုင်းမီးယား
အရေးကိစ္စမတိုင်ခင် ရှေးမဆွကတည်းကပင် လက်နက်အပြိုင်အဆိုင်တပ်ဆင်ခြင်း ၊ မဟာမိတ်များ
တိုးချဲ့ခြင်း ၊ စစ်ဒေသများ တိုးချဲ့ခြင်း ၊ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်ခြင်းများရှိခဲ့ပြီး
တစ်ဖက်နှင့် တစ်ဖက် မျက်ခြေမပြတ်စောင့်ကြည့်နေသော အနေအထား ရှိခဲ့သည်။ ခရိုင်းမီးယားအရေးကိစ္စနောက်ပိုင်းတွင်
အမေရိကန်မှ ရုရှားအား တရားဝင် စီးပွားရေး ပိတ်ဆို့မှူ့များ ပြုလုပ်ခဲ့သဖြင့် နှစ်နိုင်ငံ
ဆက်ဆံရေးမှာ ပိုမိုတင်းမာသွားခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှူ့ကြောင့် ရုရှားငွေကြေးသည်
နှစ်ဆကျော် ထိုးကျခဲ့ပြီး စီးပွားရေး ကမောက်ကမ များစွာ ဖြစ်ပွားခဲ့သည်။ ခရိုင်းမီးယားအရေးကိစ္စနောက်ပိုင်း
အရှေ့အလယ်ပိုင်းရှိ ISIS အကြမ်းဖက်သမားများနှင့် ပတ်သတ်ပြီး ရုရှားမှ ၀င်ရောက် စွက်ဖက်ခဲ့သည့်အတွက်လည်း
အမေရိကန်တို့မှ မကျေမနပ်ဖြစ်ကာ နှစ်နိုင်ငံ တင်းမာမှူ့မှာ အဆိုးဘက်သို့ ဦးတည်လာခဲ့သည်။
မကြာသေးမှီ ကာလများအတွင်းက အမေရိကန် ဆီးနိတ်
လွှတ်တော်အမတ်များ၏ အရေးကြီးသော အချက်အလက်များ ပေါက်ကြားမှူ့ဖြစ်ခဲ့သည်။ ထို့အပြင်
CIA နှင့် NSA မှ ထိပ်တန်းအရာရှိကြီးများ၏ အချက်အလက်များလည်း ပေါက်ကြားမှူ့များဖြစ်ခဲ့သည်။
ထိုပေါက်ကြားမှူ့များအတွက် အမေရိကန်မှ ရုရှားအား သံသယ ရှိနေသော်လည်း ရုရှားမှ ထို ပေါက်ကြားမှူ့များအတွက်
မိမိတွင် တာဝန်မရှိကြောင်း ငြင်းဆို ထားခဲ့သည်။
အမေရိကန်နိုင်ငံ အိုဘာမား အစိုးရမှ ရုရှား၏
ဆိုက်ဘာ တိုက်ခိုက်မှူ့များကို သံသယရှိနေပြီး ထို တိုက်ခိုက်မှူ့များကို ကာကွယ်ရန်အတွက်
ပြင်ဆင်ထားရှိကြောင်း အမေရိကန်နိုင်ငံ၏ ထိပ်တန်း ထောက်လှမ်းရေး အရာရှိမှ NBC သတင်းဌာနသို့
တရားဝင်ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှူ့များကို
ကာကွယ်မည့် စီမံကိန်းကို ဦးဆောင်နေသူများမှ “ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပါဘဲဗျာ
ရုရှားတွေက အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ အရေးပါတဲ့လူတွေရဲ့ အချက်အလက်တွေကို
တိုက်ခိုက်ပြီး ရယူနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွှန်တော်တို့
တစ်ခုခု ဆောင်ရွက်ရပါလိမ့်မယ်” ဟု NBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်မှ ဆိုက်ဘာတိုက်ခိုက်မှူ့များကို
ကာကွယ်ရန်အတွက်နှင့် လက်တုံ့ပြန်ရန်အတွက် စီစဉ်လျှက်ရှိပါသည်။ အမေရိကန်နှင့် ရုရှားသည့်
ကမ္ဘာပေါ်တွင် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှူ့ အားကောင်းသော နိုင်ငံများဖြစ်ကြသည်။
ဆိုက်ဘာတိုက်ခိုက်မှူ့များ စတင်ဖြစ်ပွားရသည့် အခြေခံ အကြောင်းရင်းများမှာ နှစ်နိုင်ငံ
အပြိုင်အဆိုင် ဖြစ်နေခြင်း ၊ ခရိုင်းမီးယားအရေးကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်တို့၏
စီးပွားရေး ပိတ်ဆို့မှူ့များအပေါ် မကျေမနပ်ဖြစ်ခြင်း ၊ ISIS အကြမ်းဖက်တိုက်ခိုက်မှူ့များတွင်
ဝင်ရောက်စွက်ဖက်ခြင်း ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို
ထိခိုက်စေခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ထိုဖြစ်စဉ်များမတိုင်ခင် ရှေးယခင် ကာလများကတည်းက
အမေရိကန်နှင့် ရုရှားသည် ကမ္ဘာပေါ်တွင် အာဏာစက် ဖြန့်ကျက်လိုသောကြောင့် အပြိုင်အဆိုင်
ကြိုးစားအားထုတ်ကြရမှ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ကာ ယှဉ်ပြိုင်တိုက်ခိုက်သည့် အနေအထားသို့
ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခုအချိန်သည် တစ်ကမ္ဘာလုံးမှ သတိထားစောင့်ကြည့်နေသော
အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲ ကာလဖြစ်သည်။ ထိုကာလများအတွင်း ရုရှားဘက်မှ ဆက်တိုက်ဆိုသလို
ဆိုက်ဘာ တိုက်ခိုက်မှူ့များကို ပြုလုပ်ခဲ့သည်။ ရုရှားဘက်မှ ဆိုက်ဘာတိုက်ခိုက်မှူ့များ
ပြုလုပ်ခဲ့သလို Wikileaks မှလည်း အမေရိကန်အထက်လွတ်တော်အမတ် ဟီလာရီကလင်တန်၏ ISIS တို့ထံမှ
အထောက်အပံ့ယူထားသည့် Emails များကို ဖွင့်ချခဲ့သည်။ ထို့အပြင် Shadow Brokers ဟုခေါ်သော
မြေအောက် ဟက်ကာအဖွဲ့မှလည်း အမေရိကန်နိုင်ငံ၏ အရေးပါသော ထိပ်တန်းခေါင်းဆောင်များ၏ အချက်အလက်များကို
ဖွင့်ချခဲ့သည်။
ရုရှားတို့ဘက်မှ အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲကာလအတွင်း
တရစပ် တိုက်ခိုက်နေသလို အမေရိကန်တို့ဘက်မှလည်း ရုရှားနိုင်ငံ၏ သမ္မတရုံးတည်ရှိရာ ကရင်မလင်
ဆက်သွယ်ရေး ကွန်ယက်ကို ထိုးဖောက်ရန် ကြိုးစားအားထုတ်ခဲ့သည်။ “အခုရက်ပိုင်းမှာ အမေရိကန်ဖက်ကနေပြီး
ဆိုက်ဘာဆိုင်ရာ တိုက်ခိုက်မှူ့တွေ ပြုလုပ်ခဲ့ပါတယ်” ဟု ၀ါရှင်တန်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ
ရုရှားသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် ရှရှားတို့၏ နှစ်နိုင်ငံ
ဆိုက်ဘာတိုက်ခိုက်မှူ့များသည် ရွေးကောက်ပွဲ ကာလများတွင် ပိုမိုပြင်းထန်လာလျှက်ရှိသည်။
နှစ်နိုင်ငံ ဆိုက်ဘာ တိုက်ခိုက်မှူ့များတွင် နိုင်ငံတော်ဆိုင်ရာ ဟက်ကာများ ပါဝင်ပတ်သက်နေသလို
အခြားသော မြေအောက် ဟက်ကင်း အဖွဲ့များလည်း ပါဝင်ပါတ်သတ်နေသည်ဟု ယူဆဖွယ်ရာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော်
အမေရိကန်တို့၏ အချက်အလက်အတော်များများကို မြေအောက် ဟက်ကင်းအဖွဲ့များမှ ထုတ်ဖော်နေသောကြောင့်ဖြစ်သည်။
ထိုဖြစ်စဉ်တွင် နိုင်ငံရေးကိစ္စများတွင် ဟက်ကာများ ထဲထဲဝင်ဝင်ပါဝင် ပတ်သက်နေသည်ကို မျက်ဝါးထင်ထင်
မြင်တွေ့ရမည် ဖြစ်သည်။
ဆိုက်ဘာတိုက်ခိုက်မှူ့များသည် နှစ်နိုင်ငံအကြားတွင်
ကြီးမားသော ပဋိပက္ခကို ဖြစ်ပွားစေပြီး ထို နိုင်ငံများ၏ မဟာမိတ် နိုင်ငံများလည်း ပါဝင်လာနိုင်ပါသည်။
ယခုအခါ ထို နှစ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို အပြိုင်အဆိုင် ချဲ့ထွင်နေပြီး တစ်နိုင်ငံ၏
စစ်ရေး အခြေအနေများကို တစ်နိုင်ငံမှ မျက်ခြေမပြတ်စောင့်ကြည့်နေလျှက်ရှိသည်။ ဆိုက်ဘာတိုက်ခိုက်မှူ့မှသည်
နောက်ဆက်တွဲ မဟာမိတ်နိုင်ငံများ ပါဝင်လာပြီး စစ်ရေးအသွင်ဆောင်သော အခြေအနေများ ဖြစ်ပေါ်လာမလားဆိုတာကိုတော့
စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ် ခင်ဗျာ……
11-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
အမေရိကန်နှင့် ရုရှားတို့၏ Cyber War
Reviewed by Myanmar Ethical Hacking News
on
9:04 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:04 AM
Rating:

No comments: