iPhone 7 ၏ အမှန်တကယ့် ထုတ်လုပ်မူ့ ကုန်ကျစရိတ်



iPhone ချစ်သူများအတွက် စောင့်မျှော်နေသော iPhone 7 နှင့် iPhone 7 Plus သည် ယခုဆိုလျှင် ဈေးကွက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ iPhone ၏ တန်ဖိုးသည်လည်း မနည်းလှသော ငွေကြေးပမာဏ တစ်ခုဖြစ်သည်။ အဆင့်မြှင့်လာလေလေ အသုံးပြုရသည့် ၀န်ဆောင်မှူ့ ပိုကောင်းလာလေလေဖြစ်သည်။ iPhone 7 စတင်ထွက်ရှိသည့်နေတွင် iPhone ချစ်သူများသည် iPhone စတင်ရောင်းချမည့် Store ရှေ့တွင် နာရီပေါင်း မြောက်များစွာ တန်းစီ စောင့်ဆိုင်းနေခဲ့ရပါတယ်။ စောင့်ဆိုင်းနေသူများထဲမှ iPhone ချစ်သူတစ်ယောက်မှ “iPhone 7 ကို အစောဆုံး ကိုင်ချင်လို့ မိုးရေထဲမှာ ၁၈ နာရီလောက် တန်းစီ စောင့်ဆိုင်းနေခဲ့ရပါတယ်” လို့ ဖွင့်ဟ ခဲ့ပါတယ်။

iPhone မူလထုတ်လုပ်သည့်နေရာတွင် iPhone 7 32GB ကို အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာ နှင့် iPhone 7 Plus 32GB ကို အမေရိကန်ဒေါ်လာ ၇၆၉ ဒေါ်လာဖြင့် ရောင်းချနေလျှက်ရှိပါသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ မူလထုတ်ကုန်တန်ဖိုးထက် ၃ ဆခန့်ပိုမို ပေးကာ ၀ယ်ယူနေကြရသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ထိုသို့ နိုင်ငံခြားထုတ်ကုန်များကို အဆမတန် ဈေးကြီးပေးကာ ၀ယ်ယူနေရခြင်းမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှူ့များကြောင့် ဖြစ်သည်ဆိုတာကိုတော့ မည်သူမျှ ငြင်းဆန်၍ ရမည် မဟုတ်ပေ။

IHS Markit ၏ အဆိုအရ iPhone 7 ၏ မူလထုတ်ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၄.၈၀ ဒေါ်လာသာ ရှိကြောင်း iPhone 6s ထက် အမေရိကန်ဒေါ်လာ ၃၆.၈၉ ဒေါ်လာသာ ပိုမိုကုန်ကျကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ IHS Markit မှ iPhone 7 တွင် အသုံးပြုထားသော ကုန်ကြမ်းများအပေါ်တွင် အခြေခံတွက်ချက်ပြထားခြင်း ဖြစ်သည်။ ထို တွက်ချက်ထားချက်များကိုလည်း iPhone 7 ၏ Bill of Materials (BOM) ဌာနသို့ ပေးပို့ပြီးဖြစ်ပါတယ်။

HIS Markit ၏ အကြီးတန်း ညွှန်ကြားရေးမှူးဖြစ်သူ အန်ဒရူး ရပ်စ်ဆွယ်လာ (Andrew Rassweiler) မှ “Apple မှ Hardware ထုတ်လုပ်မှူ့ ကုန်ကျစရိတ်ကို လျှော့ချရန် ကြိုးစားနေသော်လည်း ယခင် iPhone ထုတ်ကုန်များတွင် သုံးစွဲခဲ့သော Hardware ကုန်ကျစရိတ်များထက် ပိုမိုနေဆဲပင် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

9-11-2016
သတင်စီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
iPhone 7 ၏ အမှန်တကယ့် ထုတ်လုပ်မူ့ ကုန်ကျစရိတ် iPhone 7 ၏ အမှန်တကယ့် ထုတ်လုပ်မူ့ ကုန်ကျစရိတ် Reviewed by Myanmar Ethical Hacking News on 7:35 PM Rating: 5

No comments:

MEHN Team. Powered by Blogger.