ရည်းစား အယောက် ၂၀ ထံမှ iPhone အလုံး ၂၀ ရယူပြီး ပြန်လည်ရောင်းချကာ အိမ်သစ်ဝယ်လိုက်သည့် မိန်းကလေး



ဖုန်းများထဲတွင် iPhone သည် အထူးပင် ရေပန်းစား ကျော်ကြားသော ဖုန်းအမျိုးအစားဖြစ်သည်။ နည်းပညာများ တိုးတက်ထွန်းကားလာခြင်းသည် ကောင်းမွန်သော လူနေထိုင်မှူ့အဆင့်အတန်းဘက်သို့ ဦးတည်လာသော်လည်း ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ မည်သည့်နေရာတွင်မဆို အကောင်းချည်းရှိမည်မဟုတ် အဆိုးနှင့်အကောင်းသည် အမြဲ ဒွန်တွဲနေမည် ဖြစ်သည်။

iPhone ကြောင့် ငွေကြေးလိမ်လည်မှူ့ ၊ ခိုးမှူ့များ ကျူးလွန်ကြခြင်းရှိသလို iPhone ကြောင့် ဘ၀ ၊ အရှက်နှင့် သိက္ခာ အလှဲအလှယ်ပြုလုပ်ခဲ့ရသည့် သက်သေ သာဓကများစွာလည်းရှိသည်။ တရုတ်နိုင်ငံရှိ မိန်းကလေးတစ်ဦးသည် ရည်းစားအယောက် ၂၀ ထားပြီး ထို ရည်စား အယောက် ၂၀ ထံမှ iPhone 7 ကို လက်ဆောင်အဖြစ် ရယူပြီး iPhone များကို ရောင်းချကာ အိမ်အသစ်အတွက် ငွေပေးချေခဲ့သည်။

Tian Ya Yi Du ဟုခေါ်တွင်သော တရုတ်နိုင်ငံ လူမူ့ကွန်ယက် ဖော်ရမ် တစ်ခုတွင် Proud Qiaoba ဟု အမည်ရသည့် တရုတ်အမျိုးသမီးတစ်ယောက်သည် iPhone ကိစ္စနှင့်ပတ်သက်ပြီး ဖွင့်ဟခဲ့သည်။ အဆိုပါ ကိစ္စတွင် ပါဝင်ပတ်သက်သူမှာ Xiaoli ဟူသော တရုတ်အမျိုးသမီး တစ်ယောက်ဖြစ်သည်။ Xiaoli သည် ချစ်သူရည်းစား အယောက် ၂၀ ထံမှ iPhone များကို လက်ဆောင်အဖြစ် ရယူပြီး တဆင့်ပြန်လည် ရောင်းချသည့် Website တစ်ခုတွင် တရုတ်ယွမ်ငွေ ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၈၀၀၀ ဒေါ်လာ) ဖြင့် ရောင်းချခဲ့သည်။ ရရှိခဲ့သည့်ငွေကြေးများကို အိမ်သစ်တစ်လုံး အတွက် ငွေပေးချေခဲ့သည်။

Proud Qiaoba ရေးသားခဲ့သော ပုံပြင်ထဲတွင် Xiaoli သည် ဆင်ရဲသော မိသားစုမှ ပေါက်ဖွားခဲ့သူဖြစ်ပြီး မိဘများမှာ အသက်အရွယ် ကြီးမြှင့်နေသူများဖြစ်သည်။ ဘ၀ကို ခက်ခဲစွာ ရုန်းကန်နေရပြီး ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသူဖြစ်သည်။ သူမသည် အိမ်အသစ်အတွက် အိမ်မက်များစွာ မက်နေသူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ယခုလို ကြံမိကြံရာ ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားသည်။

Xiaoli သည် သူမ၏ အလုပ်မှ သူငယ်ချင်းများအား အိမ်အသစ်ကို ပြသပြီး မည်ကဲ့သို့ ရရှိခဲ့ကြောင်းကို ပွင့်လင်းမြင်သာစွာ ပြောပြခဲ့သည်။ ယနေ့အချိန်တွင် Xiaoli ၏ ပုံပြင်သည် လူအပြောများဆုံး ပုံပြင်တပုဒ်သဖွယ် ဖြစ်နေပါတယ်။

ယခုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သနားဖွယ်ရာ ချီးကျူးစရာ ကဲ့ရဲ့ချင်စရာ စသည့် စိတ်ခံစားမှူ့များကို မြင်တွေ့ရမည်ဖြစ်သည်။ သနားဖွယ်ရာ ဆိုသည်မှာ သူမ ဖြတ်သန်းခဲ့ရသည့် ဘ၀သည် ခက်ခဲကြမ်းတမ်းခဲ့သည့် အတွက် သနားဖွယ်ရာဖြစ်ပါတယ်။ ချီးကျူးစရာဆိုသည်မှာ သူမ အမြဲတမ်းမက်နေသော အိမ်အသစ်ကို ရအောင် ခိုး ၀ှက်ခြင်း မရှိဘဲ ရအောင် ဖန်တီးနိုင်ခဲ့သည်။ ကဲ့ရဲ့စရာဆိုသည်မှာ ယောကျာင်္းလေးများ၏ အချစ်ကို လိမ်လည် လှည့်ဖျားကာ iPhone လက်ဆောင်များကို တောင်းခံခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။

လူဘ၀တွင် ပြည့်စုံသည့်ဘ၀ဖြင့် မွေးဖွားလာခဲ့သည့်သူများ ရှိသလို မပြည့်မစုံဘ၀ဖြင့် မွေးဖွားလာခဲ့ရသည့် သူများလည်း ရှိပါသည်။ ဘ၀ကို ပုံဖော်ထုဆစ်ရာတွင် အရိုးသားဆုံး နည်းလမ်းဖြင့် ဖန်တီးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အရိုးသားဆုံး နည်းလမ်းဖြင့် ဖန်တီးသည့်အခါ လူချမ်းသာခြင်မှ ချမ်းသာမည် သို့သော် တသက်လုံး လိပ်ပြာလုံပြီး စိတ်ချမ်းသာပေမည် ဖြစ်သည်။ ဘ၀ဆိုသည်မှာ ထင်သလောက် မလွယ်ကူပါ။ လောကဓံဆိုသည့် အရာနှင့် ဘ၀ဆိုသည့်အရာသည် စကားလုံးအနေဖြင့် ပြောလျှင် အလွန်လွယ်ကူသော်လည်း အမှန်တကယ့် လက်တွေ့ဘ၀တွင် ရင်ဆိုင်နေရသူများမှာ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ကိုယ်ရင်ဆိုင်နေရသည့် ပြဿသည် ကိုယ်ကိုတိုင်သာ အသိဆုံးဖြစ်သည်။ ထို့ကြောင့် ဘ၀ပြဿနားများကို ဖြေရှင်းသည့်အခါ သေချာစဉ်းစားကာ ဖြေရှင်းသင့်သော်လည်း တစ်ခါတစ်ရံ အလွန်အရေးကြီးသော ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ မစဉ်းစား မဆင်ခြင်ဘဲ မလုပ်ချင်ပါဘဲလျှက် လုပ်မိသွားသည့် ကိစ္စရပ်များလည်း ရှိတတ်ပါတယ်။ စာချစ်သူများအနေဖြင့် ယခု သတင်းပုံပြင်တွင် သတိပြုစရာ ဆင်ခြင်စရာ ဂရုနာသက်စရာ များကို မြင်တွေ့ရမည်ဖြစ်သည်။


16-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
ရည်းစား အယောက် ၂၀ ထံမှ iPhone အလုံး ၂၀ ရယူပြီး ပြန်လည်ရောင်းချကာ အိမ်သစ်ဝယ်လိုက်သည့် မိန်းကလေး ရည်းစား အယောက် ၂၀ ထံမှ iPhone အလုံး ၂၀ ရယူပြီး ပြန်လည်ရောင်းချကာ အိမ်သစ်ဝယ်လိုက်သည့် မိန်းကလေး Reviewed by Myanmar Ethical Hacking News on 7:59 PM Rating: 5

No comments:

MEHN Team. Powered by Blogger.