Android ဖုန်း ၇၀၀ သန်းခန့်၏ အချက်အလက်များ ခိုးယူခံနေရခြင်း
Kryptowire ဟုခေါ်သော လုံခြုံရေးနည်းပညာ
သုတေသန ပညာရှင်အဖွဲ့ သည် Android ဖုန်းများတွင် တပ်ဆင်ထားသော Firmware များထဲတွင်
Backdoor များကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို Backdoor များသည် တရုတ်နိုင်ငံအတွင်းရှိ
Server ဆီသို့ အချက်အလက်များကို လှို့ဝှက်စွာ ပေးပို့နေကြောင်း ဖော်ထုတ်ခဲ့သည်။
Kryptowire မှ နည်းပညာရှင်များသည်
Smartphones များတွင် ပါဝင်နေသော Backdoors များကို BLU R1 HD Smartphone တွင် ပထမဦးစွာ
ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုဖုန်းများသည် အင်တာနက် ဈေးဆိုင်များဖြစ်သော
Amazon , Bestbuy စသည်တို့ မှတဆင့် အမေရိကန်နယ်မြေထဲသို့ ၀င်ရောက်လာခြင်း ဖြစ်သည်။
ထိုဖုန်းများကို ရှန်ဟိုင်း AdUps နည်းပညာ
ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် အခြေစိုက်သော
FOTA (Firmware Over The Air) လုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင်
အဆိုပါ ကုမ္ပဏီသည် ZTE နှင့် Huawei ဖုန်းများအတွက်လည်း Software များကို ရောင်းချနေသော
ကုမ္ပဏီဖြစ်သည်။
လုံခြုံရေးနည်းပညာ သုတေသန ပညာရှင်များမှ
Backdoors များသည် အသုံးပြုသူများ၏ ဖုန်းထဲတွင်ရှိသော အချက်အလက်များဖြစ်သည့် အပြန်အလှန်ပေးပို့ထားသော
Text Messages များ ၊ ဖုန်းခေါ်ဆိုထားသည့် စာရင်းများ ၊ ဖုန်းထဲတွင်မှတ်သားထားသော ဖုန်းနံပါတ်နှင့်
လူစာရင်းများ ၊ IMEI နံပါတ်များ စသည်တို့ကို တရုတ်နိုင်ငံ ရှန်ဟိုင်းတွင်ရှိသော
Server တစ်ခုသို့ ပေးပို့နေသည်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ AdUps Backdoor သည် Android
ဖုန်းများကို လိုသလို ထိန်းချူပ်နိုင်ခြင်း လုပ်ငန်းစဉ်များကိုပါ လုပ်ကိုင်နိုင်သည်။
Android ဖုန်းများတွင် Antivirus
Installation ပြုလုပ်ထားသည့်တိုင်အောင် AdUps Backdoor ကို မမိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော်
Antivirus များသည် AdUps Backdoor အား Backdoor မှန်းသိအောင် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
မရှိသောကြောင့် ဖြစ်သည်။
အချက်အလက်များသည် ၇၂ နာရီလျှင် တစ်ကြိမ်ကျ
ပေးပို့နေလျှက်ရှိသည်။ Kryptowire မှ ရှာဖွေတွေ့ရှိထားသော Backdoor နှစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
com.adups.fota.sysoper
com.adups.fota
အဆိုပါ Backdoors များဖြင့် အချက်အလက်များ
စုဆောင်းနေပြီး ပေးပို့လျှက်ရှိသော Servers များမှာ အောက်ပါအတိုင်း ဖြစ်သည်။
bigdata.adups.com
bigdata.adsunflower.com
bigdata.adfuture.com
bigdata.advmob.com
ထို Servers အများစုထဲမှာမှ
bigdata.adups.com သည် အချက်အလက်များကို အများဆုံး စုဆောင်းရယူနေသော Server ဖြစ်သည်။
Domain IP Address မှာ 221.225.214.101 ဖြစ်ပြီး rebootv5.adsunflower.com ၏
Domain IP Address မှာ 61.160.47.15 ဖြစ်သည်။
Kryptowire သည် ဖုန်းများအတွက် လုံခြုံရေးဆိုင်ရာ
သုတေသနလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည်
Google , Amazon , AdUps နှင့် BLU စသည့် ကုမ္ပဏီများသို့ Backdoor နှင့် ပတ်သက်ပြီး
အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ BLU ၏ ထုတ်ကုန်များထဲမှ Smartphones အလုံးပေါင်း
၁၂၀,၀၀၀ သည် Backdoors များ ၀င်ရောက်နေကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
Backdoors များ ပါဝင်နေသော Smartphones
များမှာ တရုတ်နိုင်ငံလုပ် ထုတ်ကုန်များဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော
ဖုန်းများကို အများဆုံးအသုံးပြုလျှက်ရှိပါသည်။ ဖုန်းများတွင် Backdoor များ မူလအစထဲမှ
ပါဝင်လာခြင်းသည် တရားဥပဒေနှင့် မညီသော ကိစ္စရပ်ဖြစ်သည်။ ယနေ့ခေတ်သည် တစ်နိုင်ငံနှင့်
တစ်နိုင်ငံ အချက်အလက်များကို ရနိုင်သလောက် တိုက်ခိုက် ရယူနေလျှက်ရှိသည်။ ထို့ကြောင့်
မြန်မာနိုင်ငံရှိ စီပွားရေးလုပ်ငန်းရှင်များ နှင့် စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာ နေရာများတွင်
အဆင့်မြှင့် ရာထူး တာဝန်များဖြင့် ထမ်းဆောင်နေရသူများအတွက် လုံခြုံမှူ့မရှိသော ဖုန်းများကို
အသုံးမပြုသင့်ပေ။ မိမိက မသိ၍အသုံးပြုသော်လည်း နိုင်ငံတော် လုံခြုံရေးအတွက်များစွာ ထိခိုက်နိုင်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေသော ပုဂ္ပိုလ်များ၏ လုံခြုံရေးနှင့် နိုင်ငံတော်
လုံခြုံရေးတို့အတွက် နည်းပညာသုတေသန ပညာရှင်များမှ လုံခြုံစိတ်ချရသည်ဟု အတည်ပြုထားသော
ဖုန်းများကိုသာ အသုံးပြုသင့်ပါသည်။ သို့မဟုတ်ပါက နိုင်ငံတော်အတွက် အလွန်ကြီးမားသော
အန္တရာယ်ကို လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်နေပေမည်။ စာချစ်သူများအနေဖြင့်လည်း မိမိတို့ ဖုန်းများကို
စစ်ဆေးကြည့်ကြပြီး com.adups.fota.sysoper နှင့် com.adups.fota စသည့် ဖိုင်များကို
တွေ့ပါက အမြန်ဆုံး ရှင်းလင်းရန်လိုအပ်ကြောင်း သတိပေး နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ….
21-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Android ဖုန်း ၇၀၀ သန်းခန့်၏ အချက်အလက်များ ခိုးယူခံနေရခြင်း
Reviewed by Myanmar Ethical Hacking News
on
8:10 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:10 AM
Rating:

No comments: