ISIS ၏ Islamic State Hacking Team အဖွဲ့  မှ တစ်ကမ္ဘာလုံးရှိ လုံခြုံရေး ကင်မရာများအား လုပ်ပိုင်ခွင့် အခွင့်အရေးအား ရှယ်ပေးထားခြင်း


အမေရိကန် အခြေစိုက် ဆိုက်ဘာထောက်လှမ်းရေး အဖွဲ့ အစည်းဖြစ်တဲ့ BLACKOPS Cyber (BOC) ဟာအကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ အဓိက အာရုံစိုက်လုပ်နေတဲ့ အောက်တိုဘာလအတွင်းက ခြိမ်းခြောက်မှုအသစ်တခုကို တင်ပြသွားခဲ့ပါတယ်။

BOC ဟာ လူသိများတဲ့ ISIS hacking team အဖွဲ့ က အားနည်းချက်ရှိတဲ့ လုံခြုံရေးကင်မရာ စနစ်တွေ၏ လုပ်ပိုင်ခွင့် အခွင့်အရေးအား ရှယ်ပေးနေတယ်လို့  အာဏာပိုင်တွေကို အစီရင်ခံစာမှာ တင်ပြသွားခဲ့ပါတယ်။နွေရာသီကုန်ခါနီးမှာ ISIS ရဲ့ ဟက်ကာ အဖွဲ့ နှစ်ခုဟာ လုံခြုံရေး ကင်မရာတွေရဲ့ လင့်တွေကို ပြသသွားရာကနေ သူတို့ရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ခဲ့တာပါလို့  BOC မှ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားသွားပါတယ်။

ရှယ်ထားတဲ့ လုံခြုံရေး ကင်မရာတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကတို့ အပြင် ကမ္ဘာတစ်ဝှမ်းလုံးနီးပါး ပါဝင်ပါတယ်။ ဒီကင်မရာတွေရဲ့ စာရင်းတွေနဲ့ အတူ ဒါတွေကို ဘယ်လိုရယူ အသုံးပြုရတယ်ဆိုတဲ့ ဗီဒီယို ဖိုင်ကိုပါ တွဲတင်ပြပေးထားပါတယ်။ ဒီဗီဒီယိုကို ကြည့်ပြီးသုံးသပ်ကြည့်တဲ့အခါမှာတော့ ဒီအားနည်းချက်ဟာ (လွတ်လပ်စွာတည်ရှိနေတဲ့ rootkit) ရဲ့ အားနည်းချက်ကြောင့် ပဲ ဖြစ်ပါတယ်။ဒါကို သုံးတတ်ဖို့  ကျွမ်းကျင်ပညာရှင် အရည်အချင်းမလိုအပ်ပါဘူး ဟု BOC မှ ပြောကြားသွားပါတယ်။

BOC မှ လုံခြုံရေးကင်မရာ ထုတ်တဲ့ ကုပ္မဏီတွေကို ဒီအားနည်းချက်တွေ ပြင်ဖို့ အတွက် တချို့ စနစ်တွေကို ထပ်ပေါင်းဖို့ လိုသလို ၊ မလိုတဲ့ စနစ်တွေကို လည်း ဖြုတ်လိုက်ပါ။လိုအပ်ရင် ကျွန်တော်တို့  အဖွဲ့ ကို ဆက်သွယ်ပါဆိုပြီး ပြောကြားသွားပါတယ်။

IOT ပစ္စည်းတွေဖြစ်တဲ့ CCTV တွေ နဲ့  DVR တွေကနေ botnet တွေသုံးပြီး တိုက်ခိုက်မှုကို ကာကွယ်ခဲ့ရပြီးဖြစ်ပါတယ်။ BLACKOPS Cyber အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ပြောသွားတာကတော့ ကင်မရာတွေကို သူတို့  အသုံးပြုပြီး နောက်ကွယ်ကနေ တိုက်ခိုက်မယ်ဆိုရင် သူတို့ ဟာ အစီအစဉ်ပြုလုပ်ထားမှာ ဖြစ်ပြီး အဲ့ထဲက တခုကိုတော့ ထုတ်သုံးရမှာပဲဖြစ်ပါတယ်။ ISIS တွေဟာ သူတို့ ရဲ့ တိုက်ခိုက်မှု မတိုင်ခင်မှာ ကျယ်ပြန့် စွာ ကင်းထောက်လှမ်းနေမှာပါ။

ဘာကြောင့်လည်းဆိုတော့ ဒါဟာ သူတို့ ကို တိုက်ခိုက်ဖို့  ပိုမိုလွယ်ကူစေနိုင်လို့ ပဲ ဖြစ်ပါတယ်။

BLACKOPS Cyber အဖွဲ့ ရဲ့အဆိုအရ ISIS အဖွဲ့ ဟာ တိုက်ခိုက်မှုတွေကို လွယ်လွယ်ကူကူ လုပ်လာနိုင်ခြင်းသည် နည်းပညာပိုင်းဆိုင်ရာမှာ ကြိုးစားအားထုတ်လုပ်ဆောင်နေတယ်ဆိုတာပါပဲ။BOC မှ တင်ပြချက်အရ ISIS တွေရဲ့ သတင်းတွေကို မွှေနှောက်ရှာကြည့်တဲ့ အချိန်မှာ ISISတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက လေ့ကျင့်လုပ်ဆောင်နေကြတာတွေ့ ရပါတယ်။

ကျွန်တော်တို့ ဟာ ISIS စစ်ဆင်ရေးနဲ့ ပက်သတ်ပြီး မြေခွေးတကောင်ချောင်းမြောင်းမှုလိုမျိုး နောက်ကွယ်ကနေ စောင့်ကြည့်နေခဲ့ပါတယ်။နောက်ကွယ်မှာ နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ပေးမှု အသစ်လိုမျိုးလှုပ်ရှားမှုမျိုးတွေကိုလည်း စောင့်ကြည့်နေခဲ့ရပါတယ်။ဒီလိုလေ့ကျင့်နေတာဟာ သူတို့ ကိုယ် သူတို့ ဖုံးကွယ်နေနိုင်ဖို့ရယ် နဲ့  ရှေးဆန်တဲ့ နည်းပညာစွမ်းရည် အများအပြားတိုးတက်လာဖို့လည်းဖြစ်ပါတယ်။

ဒီအကြောင်းပြချက်ကြောင့် ထောက်လှမ်းရေး အေဂျင်စီတွေအနေနဲ့  မိမိတို့ ရဲ့ အွန်းလိုင်းက အချက်အလက်တွေကို ပို လုံခြုံအောင်ထားသင့်နေပြီလို့  BOC မှ တိုက်တွန်းသွားပါတယ်။ ISIS လှုပ်ရှားမှုဟာ အွန်လိုင်းပေါမှတင် အချိန်ကုန်စေချင်း မဟုတ်ပါဘူး။ ဒီထက်ပိုပါတယ်။ ကျွန်တော်တို့ ဟာ ထောက်လှမ်းရေးနဲ့ ဆိုင်တဲ့ အချက်အလက်တွေ၊ သတင်းတွေ ၊ထောက်လှမ်းရေး ဆိုင်ရာ အဓိကကျတဲ့ သတင်းလိုင်းတွေမှာ တင်ပြမိတာတွေဟာ ISIS တွေကို လွယ်ကူစွာ ယူခွင့်ရစေမှာပဲဖြစ်ပါတယ်။ဒါဟာ ထောက်လှမ်းမှုလုပ်ငန်းကို ထိခိုက်စေနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။

သတင်းစီစဉ်တင်ဆက်သူ 
D3@D$"i"@R (MEHN Team )
ISIS ၏ Islamic State Hacking Team အဖွဲ့  မှ တစ်ကမ္ဘာလုံးရှိ လုံခြုံရေး ကင်မရာများအား လုပ်ပိုင်ခွင့် အခွင့်အရေးအား ရှယ်ပေးထားခြင်း ISIS ၏ Islamic State Hacking Team  အဖွဲ့  မှ တစ်ကမ္ဘာလုံးရှိ လုံခြုံရေး ကင်မရာများအား လုပ်ပိုင်ခွင့် အခွင့်အရေးအား ရှယ်ပေးထားခြင်း Reviewed by Mr.Thein on 12:50 PM Rating: 5

No comments:

MEHN Team. Powered by Blogger.