Root မရှိသော်လည်း Root Access ရယူခြင်းခံရနိုင်သော Android ၏အားနည်းချက်
ယမန်နှစ်အတွင်း လုံခြုံမှုရေးရာ ကိစ္စရပ်များအတွက်
Google မှ ငှားရမ်းထားသော Project Zero ဟက်ကာအဖွဲ့သည် Linux OS များတွင် ဖြစ်ပေါ်နိုင်သော အားနည်းချက်တစ်ခုကို
ဖော်ပြခဲ့ကြသည်။ အဆိုပါအားနည်းချက်မှာ DRAM ပစ္စည်းများ၏ Memory ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်
System ၏ Kernel ထိ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ယခုအခါတွင် အဆိုပါအားနည်းချက်မျိုးသည်
Android ဖုန်းများစွာတွင် ဖြစ်ပေါ်နေကြောင်းကို
ဟော်လန်နိုင်ငံ Vrije တက္ကသိုလ်မှ Security သုတေသနပညာရှင်များက သက်သေပြလိုက်ပါသည်။
DRAM (Device Dynamic Random Access
Memory) ကိုပစ်မှတ်ထား တိုက်ခိုက်သော အဆိုပါ အားနည်းချက်ကို Rowhammer ဟု အမည်ပေးထားသည်။
Rowhammer ၏တိုက်ခိုက်မှုပုံစံမှာ DRAM Memory Chip ၏ Transistor Row များသို့ Malicious Application အား စက္ကန့်ပိုင်းအတွင်း ထပ်ခါထပ်ခါ ဝင်ရောက်စေပြီး
Hammering Process ကို စတင်လုပ်ဆောင်ပါသည်။ Hammering ကြောင့် Memory Region တွင်
Disturb Region တစ်ခု ဖြစ်ပေါ်လာရပြီး အခြား Transistor Row သို့ bit များကို စိမ့်ဝင်မှုများ
ဖြစ်စေပါသည်။ စိမ့်ဝင်သော Bit များ Encode ပြုလုပ်သောအခါ Data ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး
Device တစ်ခုလုံးကို ထိန်းချုပ်နိုင်ခွင့်ရရှိစေပါသည်။ အားနည်းချက်သည် ယခင် DRAM များတွင်
ဖြစ်ပေါ်သည်ကို မတွေ့ရဘဲ နောက်ဆုံးမျိုးဆက်အသစ် DRAM များတွင်သာ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
Rowhammer တိုက်ခိုက်မှုအား စမ်းသပ်ရန်အတွက်
Security သုတေသနပညာရှင်များသည် Exploit တစ်ခုကို ဖန်တီးလိုက်သည်။ အဆိုပါ exploit သည်
Samsung, LG, One Plus, Motorola အစရှိသော နာမည်ကြီး Android ထုတ်ကုန်များကိုသာမက အခြားသောထုတ်ကုန်များစွာကိုပါ
အောင်မြင်စွာ ထိုးဖောက်နိုင်ပြီး Root
Access ပါရယူနိုင်ကြောင်း သိရှိရပါသည်။ DRAM ကိုအစွဲပြု၍ Exploit အား Drammer Exploit
ဟုအမည်ပေးထားပါသည်။ Malware Exploit Code များကို App တစ်ခုသို့ ပေါင်းထည့်ပေးလိုက်ကာ
အသုံးပြုမိသော သားကောင် ဘက်သို့ Root Shell Access ကို ရယူနိုင်ကြောင်း သိရှိရပါသည်။
Drammer Exploit အားနည်းချက်ကို မိမိဖုန်းတွင်
ရှိ / မရှိ စမ်းသပ်နိုင်ရန်အတွက် Security သုတေသနပညာရှင်များသည် Exploit Code များကို
github တွင် တင်ပေးထားသည်။ လေ့လာလိုပါက အောက်ပါလင့်တွင် သွားရောက်ရယူနိုင်ပါသည်။ ဤကဲ့သို့
အားနည်းချက်ကို ဖော်ထုတ်ပေးနိုင်သောကြောင့် Google Bug Bountry Program အရ သုတေသနအဖွဲ့သည်
ဒေါ်လာ ၄၀၀၀ ဆုကြေးရရှိသွားပါသည်။
Google သည် နိုဝင်ဘာလအတွင်း အဆိုပါထိုးဖောက်ဝင်ရောက်နိုင်မှုကို
လုံးဝမကာကွယ်နိုင်သော်လည်း ခက်ခဲစေရန် ပြုလုပ်ထားသော ဟန့်တားမှု Update Patch ကိုဖြန့်ချီထားသည်ဟု
ကြေငြာချက်ထုတ်ပြန်ထားသည်။ သို့သော်လည်း Security သုတေသနပညာရှင်များ၏အဆိုအရ လုံးဝစိတ်ချရန်အတွက်မှာ
DRAM Chip အစားထိုးရမည်သာဖြစ်သည်။ သုတေသနပညာရှင်များမှ LG, Nexus 5 တို့အား စမ်းသပ်ထားသော Video File ကိုအောက်ပါလင့်တွင်
ကြည့်ရှုနိုင်ပါသည်။
Drammer Exploit ကို Stagefright နှင့်ပေါင်းစပ်၍
တိုက်ခိုက်နိုင်ကြောင်းကိုလည်း သုတေသနပညာရှင်များမှ Video ဖိုင် ဖြင့်ထပ်မံစမ်းသပ်ပြထားပါသည်။
အဆိုပါ Video ကိုလည်း အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။
ယခင်က ဖော်ပြခဲ့ပြီးဖြစ်သော
Stagefright အကြောင်းကိုအောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။
Android တွင် Security ပိုင်းဆိုင်ရာ အားနည်းချက်တို့သည်
ခဏခဏ ပေါ်ထွက်လျက်ရှိသည်။ ထို့ကြောင့် Security ပိုင်းဆိုင်ရာများအတွက် စိတ်ချနိုင်ရန်မှာ
Apple ကိုသာအသုံးပြုသင့်သည်။
18-11-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN
Team)
Root မရှိသော်လည်း Root Access ရယူခြင်းခံရနိုင်သော Android ၏အားနည်းချက်
Reviewed by Myanmar Ethical Hacking News
on
3:34 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
3:34 AM
Rating:

No comments: