၅ ဒေါ်လာတန် Hacking Device
ချစ်စွာသော စာဖတ်သူ … ရုံးခန်းထဲမှာ Browser ကိုဖွင့်ထားမိပြီးတော့ ကွန်ပြူတာ ဒီအတိုင်း ထားခဲ့မိပါသလား။ အဲသလိုဆိုရင် စာဖတ်သူ ကွန်ပြူတာဟာ ဘယ်လောက်ပဲ Strong ကျတဲ့ Password တစ်ခုကိုခံထားပြီး lock ချထားပါစေ … စက္ကန့်သုံးဆယ်အတွင်းမှာပဲ privacy-invading backdoor ကို ထည့်ပေးလို့ရနေပါပြီ။ ဒီအတိုင်းတော့မဟုတ်ပါဘူး။ Hacking Device အကူအညီလေးတော့လိုပါသေးတယ်။ Device ကလည်းဈေးသိပ်မကြီးပါဘူး။ ၅ ဒေါ်လာသာရှိပါတယ်။ ၅ ဒေါ်လာဆိုတာက Raspberry Pi ပစ္စည်းတန်ဖိုးဖြစ်ပါတယ်။ Device မှာတော့ configure လေးတော့ နည်းနည်းလုပ်ဖို့တော့လိုပါတယ်။ Poisontab ဆိုတဲ့ Exploit ကို install လုပ်ပေးရပါ့မယ်။
အဆိုပါ Poisontab Exploit ကိုရေးတဲ့သူကတော့ တန်ဖိုးနည်း hacking Device တွေကိုတီထွင်တဲ့နေရာမှာ နာမည်ကြီးတဲ့ Sammy Kammar ပဲဖြစ်ပါတယ်။ Kammar ဟာ 3D printer ကိုအသုံးပြုပြီးဖန်တီးထားတဲ့ robot အားဖြင့် combination locker (password သော့) ကို crack နိုင်တဲ့ ပစ္စည်းကိုတီထွင်ခဲ့ဖူးပါတယ်။ ဒေါ်လာ ၃၀ တန် Arduino Device အားဖြင့် Keystoke တွေကိုထောက်လှမ်းနိုင်တဲ့ hacking Device ကိုလည်း တီထွင်ခဲ့ဖူးပါတယ်။ ဒေါ်လာ ၁၀ တန် Credit ကဒ်ကိုခိုးနိုင်တဲ့ ပစ္စည်းကိုလည်း တီထွင်ခဲ့ပြီးဖြစ်ပါတယ်။ အခုလက်ရှိတော့ ၅ ဒေါ်လာတန် Hacking Device အားဖြင့် ကွန်ပြူတာကို usb ကြိုးနဲ့ချိတ်ပြီး စက္ကန့်သုံးဆယ်အတွင်း lock ချထားတဲ့ ကွန်ပြူတာကိုတောင်မှ backdoor သွင်းခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ပါပြီ။
usb ကို Mac သို့မဟုတ် Window တစ်ခုခုမှာချိတ်ဆက်လိုက်ပြီဆိုတာနဲ့ အဆိုပါ Device ဟာ ethernet connection တစ်ခုကဲ့သို့အယောင်ဆောင်ချိတ်ဆက်လိုက်ပါတယ်။ Driver ကို install လုပ်ရင်းတခါတည်း Backdoor ကိုထည့်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ poisontab ဟာ Attacker ရဲ့ Web server ဆီကို Authentication web cookie တွေ encryption မလုပ်ထားတဲ့ web http traffic တွေကို Browser ကနေတဆင့် ပို့ပေးနေပါတယ်။ အကယ်၍ victim ဟာ သူ့ရဲ့ browser ကိုပိတ်ထားရင်တောင်မှပဲ background process အားဖြင့် အချက်အလက်တွေကို ပေးပို့နိုင်ပါတယ်။ နောက်ပြီး hacking device ဟာ persistence web-base backdoor အားဖြင့် web browser နဲ့ local network တို့ကို ထိန်းချုပ်မှုပြုလုပ်နိုင်ပါတယ်။ Hacking Device ကို unplug လုပ်လိုက်ရင်လည်း အဆိုပါ backdoor ဟာကျန်ရှိနေနိုင်ပြီးတော့ လိုအပ်တဲ့အချိန်မှာ attacker ကနေ ဝင်ရောက်မှုပြုနိုင်ပါသေးတယ်။ တိုက်ခိုက်မှုပုံစံနမူနာကို အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/Aatp5gCskvk
အဆိုပါ တိုက်ခိုက်နိုင်မှုကိုကာကွယ်နိုင်ဖို့အတွက် အောက်ပါအချက်များကိုလုပ်ဆောင်ထားသင့်တယ်လို့ Kammar ကအကြံပြုထားပါတယ်။
၁။ သင်မရှိတဲ့အချိန်မှာ ကွန်ပြူတာကို sleep လုပ်ထားခြင်းထက် hibernate လုပ်ထားတာက ပိုစိတ်ချရပါလိမ့်မယ်။။
၂။ သင်ကွန်ပြူတာရှေ့က ထွက်မသွားခင် Web Browser အားလုံးကို ပိတ်သွားသင့်ပါတယ်။
၃။ Web Browser Cache တွေကို အမြဲတမ်း Clean လုပ်ထားပါ။
၎။ FileVault ကဲ့သို့သော Full Disk Encryption Software များကိသုံးပြုပါ။
၅။ အရိုးရှင်းဆုံးနည်းလမ်းကတော့ usb port တွေကိုပိတ်ထားလိုက်ပါ။
Kammar ဟာ သူ့ရဲ့ Poisontab ကိုလေ့လာလိုသူတွေအတွက် Source Code တွေအပါအဝင် ရှင်းပြထားပါတယ် ခင်ဗျာ … အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://samy.pl/poisontap/
သတင်းစီစဉ်တင်ဆက်သူ
Fr!d@y (MEHN )
၅ ဒေါ်လာတန် Hacking Device
Reviewed by Mr.Thein
on
10:21 AM
Rating:
Reviewed by Mr.Thein
on
10:21 AM
Rating:

No comments: