Microsoft Office ကို ယှဉ်ပြိုင်မည့် ရုရှားထုတ် MyOffice



ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ကိုယ်ပိုင် OS (Operating System) များ ကိုယ်ပိုင် Software များကို ကိုယ်တိုင် ထုတ်လုပ်အသုံးပြုရန် ကြိုးပန်းနေ လျှက်ရှိပါသည်။ ရုံးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် တကမ္ဘာလုံးမှ Microsoft Office ကိုသာ အားကိုးနေရပါသည်။ ထိုအခြေအနေကို ပယ်ဖျက်လျှက် ရုရှားမှ ရုံးသုံးလုပ်ငန်းများအတွက် ကိုယ်ပိုင် MyOffice Software ကို ထုတ်လုပ်နေပြီဖြစ်သည်။

နိုင်ငံတော်ဆိုင်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်မည်ဆိုလျှင် ကိုယ်ပိုင် Windows များကိုတီထွင်ဖန်တီးပြီး ကိုယ်ပိုင် Software များကို ထုတ်လုပ် အသုံးပြုခြင်းသည် အမှတ်တကယ် လုံခြုံစိတ်ချရသည့် အနေအထားတွင်ရှိပါသည်။ ကမ္ဘာ့အတော်ဆုံး ဟက်ကာ တစ်ယောက်ဖြစ်သည့် စနိုဒင်မှ “Microsoft ကို အပြည့်အ၀ ယုံကြည်လို့မရပါဘူး။ Windows များကို Crack နိုင်သည့် နည်းလမ်းများကို FBI , CIA , NSA စသည့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများသို့ လျှို့ဝှက်ပေးပို့ထားခြင်းများ ရှိပါတယ်။ ဒါ့အပြင် Windows တွေမှာလည်း Backdoor တွေ ထည့်ထားနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ ရှူ့ထောင့်မှ မြင်ရလျှင် နိုင်ငံတော်၏ အရေးကြီးသော စစ်ရေးဆိုင်ရာရုံးများ ၊ ဥပဒေပြုရေးရုံးများ ၊ လွှတ်တော်ရုံးများ နှင့် သမ္မတရုံးများ စသည့် နေရာများတွင် Microsoft Windows OS များကို အသုံးပြုပါက နှောင်တွင် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သော အလားအလာများ ရှိပါသည်။ Microsoft တွင် အင်တာနက် ချိတ်ဆက်ထားခြင်း မရှိဘဲနှင့် System Motherboard မှတဆင့် အချက်အလက်များကို ရယူနိုင်သော နည်းလမ်းများရှိပါသည်။ ထင်သာမြင်သာရှိသော ဥပမာတစ်ခုကို တင်ပြရရင် Microsoft Windows 8 နောက်ပိုင်းတွင် Microsoft မှ ထုတ်လုပ်ထားသော Email (Outlook , Hotmail, MSN , etc … ) တစ်ခုခုနှင့် ချိတ်ဆက်ရန် မဖြစ်မနေလိုအပ်သော လုပ်ဆောင်ချက်တစ်ခုကို ထပ်ထည့်ထားပါသည်။ Windows စတင်သည်နှင့် Email ထည့်ရန်လိုအပ်ပြီး Email ထည့်လိုက်သည်နှင့် မှတ်ပုံတင်သည့် လျှို့ဝှက်ကဏန်းကို ထို Email သို့ ပြန်လည် ပို့ဆောင်ပေးပါသည်။ ထို လုပ်ဆောင်ချက်ကို ကြည့်မည်ဆိုလျှင် Windows စတင်သည့် အချိန်တွင် မည်သည့် အင်တာနက်မှ ချိတ်ဆက်ထားခြင်း မရှိချေ။ သို့သော် Email ထည့်လိုက်သည်နှင့် လှို့ဝှက်ဂဏန်းများသည် Email သို့ရောက်ရှိသွားသည့် ဖြစ်စဉ်ကို လေ့လာကြည့်မည်ဆိုပါက အချက်အလက်များကို အင်တာနက် ချိတ်ဆက်ထားခြင်း မရှိသော်လည်း ရယူသွားနိုင်သည့် အခြေအနေရှိနေသည်ကို ခန့်မှန်းမိမည်ဖြစ်သည်။

Microsoft Office နေရာတွင် အခြား ကိုယ်ပိုင် ထုတ်လုပ်ထားသော Software များကို အသုံးပြုရန်အတွက် ကြိုးပမ်းမူ့သည် ရုရှားတစ်နိုင်ငံတည်းသာမဟုတ်ပေ။ အခြားသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံပေါင်းများစွာကလည်း ကြိုးပမ်းနေလျှက်ရှိပါသည်။ အီတလီတွင် LibreOffice ဟုခေါ်သော ရုံးလုပ်ငန်းသုံး Software ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး အရေးကြီးကြီးသော စစ်ဘက်ဆိုင်ရာရုံးများမှ အစပြုကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုရန် ကြိုးပမ်းနေလျှက်ရှိပါသည်။ သတင်းအပြည့်အစုံကို ဖော်ပြပါ Link တွင် ၀င်ရောက် ဖတ်ရူ့နိုင်ပါသည်။ https://www.facebook.com/mehnteam/posts/1757533661135140

နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အမေရိကန် နည်းပညာကုမ္ပဏီများ၏ စိုးမိုးခြယ်လှယ်ခြင်းများသည်လည်း တစ်စတစ်စ လျှော့ကျလျှက်ရှိသည်။ ကိုယ်ပိုင် နည်းပညာ ကိုယ်ပိုင် Software များကို ထုတ်လုပ်ရန် ကြိုးပမ်းနေလျှက်ရှိကြပါသည်။

ရုံးလုပ်ငန်းသုံး MyOffice Software များကို မော်စကိုမြို့ရှိ ရုံးများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။ ထို့အပြင် Microsoft Email စံနစ်တစ်ခုဖြစ်သော Outlook နေရာတွင်လည်း ကိုယ်ပိုင် Email စံနစ်တစ်ခုကို ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။ MyOffice Software ကို ရုရှားအခြေစိုက် New Cloud Technology မှ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ Outlook အစားအသုံးပြုမည့် Email စံနစ်ကိုတော့ Rostelecom မှ တီထွင်ဖန်တီးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား အရေးကိစ္စနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံကို အမေရိကန် ကုမ္ပဏီ အတော်များများမှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ထိုသို့ ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းကြောင့် Software များအတွက် လိုအပ်သော လိုင်စင်များကို ၀ယ်ယူရန် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုအခက်အခဲသည်ပင် MyOffice ထွက်ပေါ်လာစေရန် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း Software များ၏ လိုင်စင် လိုအပ်ချက်များအတွက် ငွေကြေးပမာဏ မြောက်များစွာ အသုံးပြုခဲ့ရပါတယ်။ MyOffice ထွက်ပေါ်လာခြင်းသည် နိုင်ငံတော်၏ ဘက်ဂျက်ကို အတော်အတန် သက်သာစေမှာ ဖြစ်ပါတယ်။

“ရုရှားနိုင်ငံထုတ် Software တွေက အခြားနိုင်ငံတွေမှ ထုတ်လုပ်သော Software တွေထက် အရည်အသွေးမနိမ့်ကျပါဘူး။ အရေးအကြီးဆုံးအချက်က ဈေးနှုန်းသက်သာစေပြီး အချက်အလက်များကို လုံခြုံစိတ်ချစေရန်အတွက် ဖြစ်ပါတယ်” လို့ မော်စကို IT ဌာန၏ အကြီးအကဲဖြစ်သူ ဆာဂျီ ကာလုဂျင် (Sergey Kalugin) မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စာရေးသူအနေဖြင့် သုံးသပ်တင်ပြရရင် Software များ ၊ Windows OS များကို ကိုယ်ပိုင် ထုတ်လုပ် အသုံးပြုခြင်းသည် အလွန်ပင် ကောင်းမွန်သော လုပ်ငန်းဆောင်တာ ဖြစ်သည်။ နိုင်ငံတော်၏ အချက်အလက်များအတွက် ပိုမို လုံခြုံစိတ်ချရခြင်း ၊ ဈေးကွက်အနေဖြင့် ကြည့်လျှင် ဈေးနှုန်း သက်သာ၍ နိုင်ငံတော် ဘဏ္ဍာ များစွာသက်သာစေခြင်း စသည့် အကျိုးကျေးဇူး မြောက်များစွာရှိပါသည်။ ထိုသို့ နိုင်ငံတော် အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်ရန် တတ်သိသော နည်းပညာရှင်ပေါင်း မြောက်များစွာ လိုအပ်ပါတယ်။ ထို လိုအပ်ချက်ကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပြီး တိုင်းပြည်အတွက် အားထားရမည့် အနာဂတ် တတ်သိ နည်းပညာရှင်များကို သေချာစွာ စံနစ်တကျ မွေးထုတ်ပေးမည် ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျာ ….

11-1-2017
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Microsoft Office ကို ယှဉ်ပြိုင်မည့် ရုရှားထုတ် MyOffice Microsoft Office ကို ယှဉ်ပြိုင်မည့် ရုရှားထုတ် MyOffice Reviewed by Myanmar Ethical Hacking News on 7:37 PM Rating: 5

No comments:

MEHN Team. Powered by Blogger.