Android Malware မှတဆင့် Google အကောင့်ပေါင်း ၁ သန်းခန့် ထိုးဖောက် တိုက်ခိုက် ခံခဲ့ရခြင်း



အကယ်၍ စာချစ်သူက Android ဖုန်းကို အသုံးပြုနေတယ်ဆိုရင်တော့ ယခုဖော်ပြပါ အချက်ကို သတိပြုရပါတော့မယ်။ Android ရဲ့ Malware အသစ်က Google အကောင့်များကို နေ့စဉ် တိုက်ခိုက်လျှက် ရှိပါနေပါတယ်။ Malware အသစ် Gooligan သည် Email များနှင့် သတင်းအချက်အလက်များကို ထိုးဖောက် တိုက်ခိုက်ရန်အတွက် အသင့်ဖြစ်နေပါတယ်။ ရရှိထားသော အချက်အလက်များအရ Gooligan Malware သည် သင့်ရဲ့ Google Account နှင့်အတူ Google နှင့် ဆက်စပ်လျှက်ရှိသော အချက်အလက်တွေများကို တိုက်ခိုက်ရယူသွားနိုင်မှာ ဖြစ်ပါတယ်။

နည်းပညာသိပ္ပံပညာရှင်များသည် Gooligan Code များကို App Store များတွင် တင်ထားသော Applications များမှတဆင့် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အကယ်၍ Android အသုံးပြုသူများသည် Gooligan Malware ပါဝင်သော Apps များကို Dowload ပြုလုပ်ပြီး Installation ပြုလုပ်မိပါက Gooligan Malware သည် အသုံးပြုသူ၏ သတင်းအချက်အလက်များကို ခိုးယူပြီး C&C Server သို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ထို့နောက် Gooligan သည် C&C Server မှ Android ဖုန်းများကို တိုက်ခိုက်နိုင်သည့် Rootkit များကို အလိုအလျှောက် Download ပြုလုပ်ပြီး Android ဖုန်းများကို အားနည်းချက်များ ဖြစ်ပေါ်စေပါသည်။ ဖြစ်ပေါ်စေသော အားနည်းချက်များထဲတွင် VROOT (CVE-2013-6282) ၊ Towelroot (CVE-2014-3151) အစရှိသော လူသိများ ထင်ရှားသော အားနည်းချက်များကို ဖြစ်ပေါ်စေပါတယ်။

အကယ်၍ တိုက်ခိုက်သူသည် Gooligan Malware မှတဆင့် တိုက်ခိုက်မည်ဆိုပါက Android ဖုန်းတစ်ခုလုံးကို ကောင်းစွာထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ CheckPoint တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးနည်းပညာရှင်များ၏ အဆိုအရ Android Version 4.x (Jelly Been, KitKat) နှင့် 5.x (Lollipop) စသည်တို့ကို အသုံးပြုမည်ဆိုပါက Gooligan Malware ၏ တိုက်ခိုက်မှူ့ကို ခံရနိုင်ဖွယ်ရှိပါတယ်။

CheckPoint မှ နည်းပညာရှင်များသည် Gooligan Malware ဖြင့် Android ဖုန်းများကို တိုက်ခိုက်ခံရခြင်း ရှိ/မရှိကို စစ်ဆေးနိုင်သော Online Tool တစ်ခုကို ဖန်တီးခဲ့ပါသည်။ သင်၏ Android ဖုန်းကို Gooligan Malware တိုက်ခိုက်ခံရခြင်း ရှိ/မရှိ ကိုပေးထားသော Link တွင် စစ်ဆေး ကြည့်ရူ့နိုင်ပါသည်။


စစ်ဆေးပြီးသည့်အခါ အကယ်၍ Gooligan Malware ကို ရှာဖွေတွေ့ရှိပါက Android ဖုန်းများကို ရှင်းလင်းခြင်း သို့မဟုတ် Firmware များ အသစ်ပြန်လည် Installation ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးရမည်ဖြစ်သည်။ Android Malware များသည် Apps Store များတွင် ထောင် သောင်းနှင့် ချီပြီး ရှိနိုင်ပါသည်။ ထို့ကြောင့် Applications များကို Installation ပြုလုပ်သည့်အခါ မသကာင်္သာ စိတ်မချရသော Applications များကို Installation ပြုလုပ်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။

12-1-2017
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Android Malware မှတဆင့် Google အကောင့်ပေါင်း ၁ သန်းခန့် ထိုးဖောက် တိုက်ခိုက် ခံခဲ့ရခြင်း Android Malware မှတဆင့် Google အကောင့်ပေါင်း ၁ သန်းခန့် ထိုးဖောက် တိုက်ခိုက် ခံခဲ့ရခြင်း Reviewed by Myanmar Ethical Hacking News on 3:35 PM Rating: 5

No comments:

MEHN Team. Powered by Blogger.