Facebook Messenger အား Hack နိုင်ခဲ့ခြင်း
၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း Facebook
Messenger တွင် အားနည်းချက်တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
Facebook အသုံးပြုသူများအနေဖြင့် ဟက်ကာ (Hackers)
များမှ ဖန်တီးထားသော အတုအယောင် လင့် (Malicious
Link) တစ်ခုကို ထောက်မိသည်နှင့်တပြိုင်နက် Message များကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှူ့နိုင်ခြင်းဖြစ်သည်။
အဆိုပါ အားနည်းချက်သည် မူလ ဒိုမိန်း
(Original Domain) www.facebook.com တွင် တည်ရှိနေခြင်းမဟုတ်ဘဲ
Facebook မှ Massage များအတွက် သီးသန့်တည်ထောက်ထားသော ဆာဗာ (Server)
{number}-edge-chat.facebook.com တွင်တည်ရှိနေခြင်းဖြစ်သည်။
Chat Server နှင့် အသုံးပြုသူကြားတွင် XHR (XML HTTP Request) ကိုအသုံးပြုထားသည်။ ဆာဗာ (Server) ၏ Cross-Origin
Header Configuration အပိုင်းတွင် မှားယွင်းမှု ရှိနေသောကြောင့် Browser
Cookie ရယူထားသော မည်သည့် Website တွင်မဆို
Message များကို လက်ခံကြည့်ရှုနိုင်ခြင်းဖြစ်သည်
ဟုသိရပါသည်။ အားနည်းချက်ကို Video ဖိုင်ဖြင့် သက်သေပြထားပြီး အဆိုပါ Video ကို အောက်ပါလင့်
(Link) တွင်ကြည့်ရှုနိုင်ပါသည်။
Video Link : https://youtu.be/F__Fzt7vOwE
Facebook မှထောက်ပံ့ပေးထားသော Secret Conversation, End
to End Encryption အသုံးပြုသော User များအတွက်မူ
ပြဿနာ လုံးဝမရှိကြောင်း သိရှိရပါသည်။
အဆိုပါ အားနည်းချက်ကြောင့် Facebook Messenger အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာများသည် စိတ်ချရမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် Messenger Access ကို Attacker သည် တစ်စုံတစ်ယောက်ထံမှ ရယူနိုင်ပါက ၄င်းနှင့် ဆက်စပ်လျက်ရှိသော
အခြားသူများ၏ Message များကိုလည်း ဖတ်ရှုနိုင်သောကြောင့်
ထိုသူများ၏ Privacy သည်လည်း စိတ်ချရမည် မဟုတ်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင်မူ Facebook သည်အဆိုပါ အားနည်းချက်ကို ပြုပြင်ထားရှိပြီးဖြစ်သည်။
ယနေ့ခေတ်တွင် လုံခြုံမှုရေးရာကိစ္စရပ်များသည် အမြဲတစေ ချိန်းခြောက်လျက်ရှိသည်။ White
Hacker များမှ အားနည်းချက်များကို ယခုကဲ့သို့ထုတ်ဖော်ပြမှုမရှိလျင်
Black Hacker များသည် အားနည်းချက်များ မှတဆင့် အသုံးပြုသူများ၏ အချက်အလက်များကို မည်သို့ယူနေသည်ကို မသိရှိနိုင်ပါချေ။
13-1-2017
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN
Team)
Facebook Messenger အား Hack နိုင်ခဲ့ခြင်း
Reviewed by Myanmar Ethical Hacking News
on
2:32 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:32 PM
Rating:

No comments: