ဆီးရီးယားနိုင်ငံ၏ နိုင်ငံကျော် ဟက်ကင်းအဖွဲ့မှ ဟက်ကာတစ်ယောက် ဖမ်းဆီးခံရ
မြေအောက်လောကတွင် Syrian Electronic
Army (SEA) ဆိုလျှင် မသိသူ အတော်ပင်ရှားပေလိမ့်မည်။ SEA အဖွဲ့သည် FBI ၏ အလိုအရှိဆုံး
ထိပ်တန်းစာရင်းတွင် ပါဝင်ပါသည်။ ထို အဖွဲ့မှ တစ်ယောက်သည် ၂၀၁၆ ခုနှစ် အစောပိုင်းတုန်းက
ဂျာမနီနိုင်ငံတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အဆိုပါ ဟက်ကာသည် အမေရိကန် အစိုးရအဖွဲ့ နှင့်
အခြားသော နိုင်ငံများမှ အစိုးရအဖွဲ့ များ၏ နိုင်ငံတော်ပိုင် Network စံနစ်များကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ပီတာရိုးမား (Peter Romar) သည် အသက် ၃၇
နှစ်အရွယ်ဖြစ်ပြီး SEA အဖွဲ့မှ ထင်ရှားသော ဟက်ကာ (Hacker) တစ်ယောက်ဖြစ်သည်။ ပီတာရိုးမားသည်
ထိုးဖောက်ဝင်ရောက်မှူ ၊ တရားမ၀င် ငွေကြေးများရယူလိုမှူ ၊ ခြိမ်းခြောက် ငွေတောင်းခံမှူ
စသည်တို့ဖြင့် စွဲချက်တင်ခံထားရပြီး ထို ပြစ်မှူ့များအတွက် အယူခံလွှာကို အလက်ဇန်းထရီးယား
(Alexandria) ပြည်နယ် တရားရုံးသို့ ပေးပို့ခဲ့သည်။
အမေရိကန်နိုင်ငံမှ ပီတာရိုးမားအား လွှဲပြောင်းပေးအပ်ရန်
ဂျာမနီနိုင်ငံသို့ တောင်းခံခဲ့သည်။ တရားခံ လွှဲပြောင်းပေးရန် တောင်းခံခြင်းမှာ ပီတာရိုးမား
သည် ဆိုင်ဘာရာဇ၀တ် ပြစ်မှူ့များကို အမေရိကန်နိုင်ငံတွင် ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။
ဗာဂျီးနီးယားပြည်နယ်အရှေ့ပိုင်း ရှေ့နေ
အကျိုးတော်ဆောင် ဒါနာ ဂျိမ်းစ် ဘိုအန်တီ (Dana J.Boente) မှ “မကောင်းမှူ့ဟူသည် စိတ်ကွယ်ရာ
မရှိပါဘူး။ အမေရိကန်နိုင်ငံတော်နှင့် အမေရိကန်လူမျိုးတို့၏ အကျိုးစီးပွားကို ပျက်စီးစေလိုသော
မည်သူမဆို ကမ္ဘာကြီးရဲ့ မည်သည့်နေရာမှာ ရောက်နေပါစေ ကျွှန်တော်တို့ ရှာဖွေဖော်ထုတ်ဖမ်းဆီးမှာပါ။
ပြီးရင်တော့ ပြုလုပ်ခဲ့သော ပြစ်ဒဏ်တွေအတွက် ထိုက်သင့်သော ပြစ်ဒဏ်ကို ပြန်လည်ပေးဆပ်သွားရမှာပါ”
ဟု ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ် မတ်လ ထဲတွင် SEA အဖွဲ့တွင်
ပါဝင်ပါတ်သက်နေသူများဟု သံသယရှိသူ ဟက်ကာ (Hacker) ၃ ယောက်အား ဖမ်းဆီးခဲ့သည်။ ပီတာရိုးမား
သည် ဒုတိယ နှစ်ယောက်အား မဖမ်းမိခင်ကတည်းက ဖမ်းဆီးထားမိခဲ့ခြင်း ဖြစ်သည်။ ထို ဖမ်းဆီးရမိသူ
နှစ်ဦးမှာ အာမက်အူမားအာခ်ဟ (Ahmad Umar Agha) အသက် ၂၂ နှင့် ဖီရာ့စ်ဒါဒါ (Firas
Dardar) အသက် ၂၇ နှစ်တို့ဖြစ်သည်။ ထိုသူများသည် ဆီးရီးယားနိုင်ငံတွင် နေထိုင်ကြသူများ
ဖြစ်သည်။
အာမက်အူမားအာခ်ဟ နှင့် ဖီရာ့စ်ဒါဒါ တို့သည်
FBI မှ အမေရိကန်ဒေါ်လာ တစ်သိန်း ဆုငွေထုတ်ခြင်း ခံထားသူများဖြစ်သည်။ ထိုသူများသည်
Associated Press ပုံနှိပ်မီဒီယာ၏ Twitter အကောင့်အား ထိုးဖောက်တိုက်ခိုက်ခဲ့သည်။ ထို့နောက်
အမေရိကန် အိမ်ဖြူတော်အား ဗုံးခွဲ တိုက်ခိုက်မည်ဟု ကောလဟလ သတင်း လွှင့်ခဲ့ခြင်း ၊ အမေရိကန်သမ္မတ
အိုဘားမားသည် ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း
စသည့် မဟုတ်မမှန် လုပ်ကြံသတင်းများကို ထိုးဖောက် တိုက်ခိုက်ခဲ့သော Associated
Press မီဒီယာမှ တဆင့် ထုတ်လွှင့်ခဲ့သည်။ လူအများအပြားသည် Associated Press မီဒီယာ ထိုးဖောက်
တိုက်ခိုက်ခြင်း ခံရသည့်အကြောင်းကို မသိရှိသေးဘဲ Associated Press ၏ Twitter အကောင့်တွင်
ဖော်ပြထားသော မဟုတ်မမှန်သတင်းများကို အမှန်တကယ် ယုံမှတ်ခဲ့ကြသည့်အတွက် နောက်ဆက်တွဲ
ဆိုးကျိုးများအဖြစ် စတော့ရှယ်ယာများ ထိုးကျသွားခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော ဟက်ကာများ (Hackers)
သည် ဆီးရီးယားသမ္မတ၏ ကျောထောက်နောက်ခံ အဖွဲ့များမှ ဖြစ်သည်။ SEA အဖွဲ့၏ အဓိကအသုံးပြုသော
တိုက်ခိုက်သည့် နည်းလမ်းမှာ “Spear-Phishing” ဟုခေါ်သော နည်းလမ်း ဖြစ်သည်။ ထို နည်းလမ်းကို
အသုံးပြုကာ ဆီးရီးယားအစိုးရကို ဆန့်ကျင်သော အမေရိကန် အစိုးရ ၊ အခြားသော နိုင်ငံများမှ
အစိုးရ အဖွဲ့အစည်းများ ၊ မီဒီယာများ ၊ အခြားသော ပုဂ္ဂလိက လုပ်ငန်းများ ကို ပစ်မှတ်ထားကာ
တိုက်ခိုက်ခဲ့သည်။
၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြားတွင် မီဒီယာများဖြစ်သည့်
Associated Press , Microsoft , Reuters , CNN , Time , The Daily Dot , The
Washington Post , Vice , Human Rights Watch , E! Online , Harvard University ,
NASA , US Marine နှင့် The Onion အပါအ၀င် အခြားသော မီဒီယာပေါင်း မြောက်များစွာကို
ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့သည်။ ပစ်မှတ်ထားရခြင်းမှာ နိုင်ငံတကာမှ ဆီးရီးယားနိုင်ငံ၏
ပုံရိပ်အား ဖော်ဆောင်ရာတွင် အကောင်းထက် အဆိုးများကိုသာ ဖော်ပြသည့် အတွက်ကြောင့် ဖြစ်သည်။
အာမက်အူမားအာခ်ဟ နှင့် ဖီရာ့စ်ဒါဒါ တို့သည်
ငွေကြေးရယူလိုမှူ့အတွက် ကွန်ပြူတာစံနစ်များကို ထိုးဖောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကွန်ပြူတာ စံနစ်များအတွင်းသို့ ခြိမ်းခြောက် ငွေတောင်းခံသည့် Ransomware ကို ထည့်သွင်းကာ
တိုက်ခိုက်ခြင်း ၊ အချက်အလက်များကို ခိုးယူပြီး မြေအောက်လောကတွင် ရောင်းချခြင်း စသည်တို့
ပြုလုပ်ခဲ့သည်။
“တိုက်ခိုက်ခံရသူ သားကောင်များက အာမက်အူမားအာခ်ဟ
နှင့် ဖီရာ့စ်ဒါဒါ တို့တောင်းသော ငွေပမာဏကို ပို့သည့်တိုင်အောင် ဆီးရီးယားမှ ဘဏ်များသည်
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခြင်း ခံထားသည့်အတွက် ပေးပို့လို့မရပါဘူး။ ထိုငွေပြောင်း/ငွေလွဲ
ပြဿနာကို ဂျာမနီတွင် နေထိုင်သော ပီတာရိုးမား မှတဆင့် ငွေများကို လက်ခံခြင်း လွှဲပြောင်းခြင်း
ပြုလုပ်ကြတာပါ” ဟု ဒါနာ ဂျိမ်းစ် ဘိုအန်တီ (Dana J.Boente) မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆိုင်ဘာရာဇ၀တ်မှူ့များအတွက် ပီတာရိုးမား
အား ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အာမက်အူမားအာခ်ဟ နှင့် ဖီရာ့စ်ဒါဒါ တို့အား
ခုံရုံးတင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
18-1-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
ဆီးရီးယားနိုင်ငံ၏ နိုင်ငံကျော် ဟက်ကင်းအဖွဲ့မှ ဟက်ကာတစ်ယောက် ဖမ်းဆီးခံရ
Reviewed by Myanmar Ethical Hacking News
on
6:28 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:28 AM
Rating:

No comments: