Hacker ထံ မိမိအချက်အလက်များရောက်ရှိသွားနိုင်မည့် Browser AutoFill Feature
အင်တာနက်အသုံးပြုသူအများစု
အထူးသဖြင့် မိုဘိုလ်းဖုန်းများဖြင့် အသုံးပြုသူများ အမုန်းဆုံး အရာမှာ မိမိတို့အသုံးပြုမည့်
website များတွင် web form ( name, email ) စသည်တို့ ဖြည့်စွက်ရခြင်း ဖြစ်ပါတယ်။
ဒါကိုပြေလည်စေရန်
Google Chrome ကဲ့သို့သော နာမည်ကြီး Browser များမှစကာ အခြား Browser များတွင်
Autofill ဟူသော စနစ်ပါဝင်လာခဲ့ပါတယ်။ ၄င်းစနစ်ဟာ အရင်ဖြည့်ထားဖူးသော အချက်အလက်များကို
ပြန်လည်ယူကာ အလားတူ web form များတွင် ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။
အရာရာမှာ
အကောင်းအဆိုးဒွန်တွဲလျက်ရှိနေကြောင်း သိသာလှသည့် တစ်ချက်ကတော့ ထို AutoFill ကြောင့်
လုပ်ငန်းလွယ်ကူ မြန်ဆန်လာသလို AutoFill ကို အသုံးချကာ Hacker များမှ မိမိတို့အချက်အလက်များကို
လှည့်ဖျားရယူသွားနိုင်ကြောင်း ဖော်ထုတ်လိုက်ပါပြီ။
ဖင်လန်မှ
web developer ၊ white hacker တစ်ဦးဖြစ်သူ Viljami Kuosmanen မှ GitHub တွင် Attacker တစ်ယောက်ဟာ
AutoFill ကို အသုံးချပြီး အချက်အလက်များကို ရယူမှုအား ဖော်ပြခဲ့ပါတယ်။ ဒီအားနည်းကို
ပထမဆုံးအနေဖြင့် ဆိုက်ဘာလုံခြုံရေးသုတေသီ
Ricardo Martin Rodriguez မှ ၂၀၁၃ တွင် ပထမဆုံးအနေဖြင့် ဖော်ထုတ်ခဲ့သော်လည်း
Google မှ ပြီးမြောက်စွာ ပြင်ဆင်ခြင်း မရှိခဲ့ကြောင်း သိသာသွားပါတယ်။
သက်သေပြချက်အဖြစ်ပြသထားသော
Demo Website တွင် ပုံမှန်ဖြည့်ရန် Name နဲ့
Email သာ ပါဝင်ပါတယ်။ သို့ပေမယ့် Hidden ဖြစ်နေသော အခြားနေရာများတွင် Phone
Number, Organization, Address, Postal Code, City နှင့် Country တို့ ပါဝင်ကာ
AutoFill အလိုအလျောက်ဖြည့်သွားမည် ဖြစ်ပါတယ်။
ထို့အတွက်ကြောင့်
အသုံးပြုသူမှ အမည်နဲ့ အီးမေးလ်လိပ်စာသာ ဖြည့်သော်လည်း အခြား Hidden ဖြစ်နေသော အချက်အလက်များပါ
ပါဝင်ကာ တိုက်ခိုက်သူထံ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
စမ်းသပ်လိုပါက
Kuosmanen’s PoC site ဖြင့်လည်း စမ်းသပ်နိုင်ပါသေးတယ်။ သူကတော့
အရေးကြီးအချက်အလက်များဖြစ်သည့် Credit Card နံပါတ်များ၊ ကုန်ဆုံးရက်များကဲ့သို့ပါ ပါဝင်မည်ဖြစ်ပါသည်။
သို့သော်လည်း Chrome အနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ ပါဝင်ပါက ဆိုဒ်သည် Secure ဖြစ်သော
HTTPS မဟုတ်လျှင် Warning ပြမည် ဖြစ်လေသည်။
Kuosmanen
Attack ဟာ အဓိက Browser များနှင့် Autofill tools များတွင် လုပ်ဆောင်နိုင်ပြီး ၄င်းတို့ထဲတွင်
Google Chrome, Apple Safari, Opera နဲ့ နာမည်ကြီး Cloud Security vault ဖြစ်သည့်
LastPass တို့ ပါဝင်ပါတယ်။
လက်ရှိအချိန်ထိ
Mozilla Firefox အသုံးပြုသူများအနေဖြင့် ယခုတိုက်ခိုက်မှုအား စိုးရိမ်ရမှုမရှိသေးပါဘူး။
Firefox မှာ multi_box AutoFill စနစ်မပါသေးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Firefox
Browser အား ယခုတိုက်ခိုက်မှုမျိုးက သက်ရောက်မှုမရှိနိုင်သေးကြောင်း Mozilla
principal Security engineer ဖြစ်သူ Daniel Veditz မှ ပြောကြားခဲ့ပါတယ်။
ကာကွယ်နည်း
အကောင်းဆုံး
ကာကွယ်နည်းကတော့ မိမိ Browser , password manager , extension တို့မှာ Autofill အား
ပိတ်ထားခြင်းပင်ဖြစ်ပါတယ်။ Google Chrome မှာ Default အနေနဲ့ On ဖြစ်ပါတယ်။ ပိတ်ရန်အတွက်ကတော့
Setting à Show Advanced Setting à Passwords and Forms à Uncheck Enable Autofill ဆိုရင် အဆင်ပြေပြီ
ဖြစ်ပါတယ်။
Opera အသုံးပြုသူများအနေဖြင့်
Setting à
Autofill à
turn off လုပ်ရမှာ ဖြစ်ပါတယ်။
Safari အသုံးပြုသူများအနေဖြင့်
Preferences à Autofill à turn off လုပ်ရမှာ ဖြစ်ပါတယ်။
ဆန်းပြားလှသော
ဆိုက်ဘာနယ်ပယ်ထဲမှာ အကောင်းဆုံး ရပ်တည်နေနိုင်ကြပါစေ…
သတင်းစီစဉ်တင်ဆက်သူ
ကိုသိန်း ( MEHN Team )
သတင်းစီစဉ်တင်ဆက်သူ
ကိုသိန်း ( MEHN Team )
Hacker ထံ မိမိအချက်အလက်များရောက်ရှိသွားနိုင်မည့် Browser AutoFill Feature
Reviewed by Mr.Thein
on
9:34 AM
Rating:
No comments: