NSA မှ ခိုးယူထားသော Hacking Tools များကို ပြန်လည်ရောင်းချတော့မည်



ယမန်နှစ်အတွင်းက Shadow Brokers  ဟက်ကာအဖွဲ့ (Hacker Group) သည် NSA (National Security Agency) နှင့် ပူးပေါင်းလုပ်ဆောင်ရသော  ဟက်ကာအဖွဲ့ (Equation Group) အား  အစီစဉ်တကျ ထိုးဖောက်တိုက်ခိုက် (Hack) နိုင်ခဲ့ပြီး NSA  ၏ Hacking Tool  များကို ခိုးယူခဲ့ပါသည်။ အဆိုပါသတင်းအား အောက်ပါလင့် (Link) တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။


သတင်းစတင်ထွက်ပေါ်စဉ်က ကောလာဟာလအဖြစ် လူအများထင်ခဲ့ရသောကြောင့် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ခဲ့သော်လည်း Shadow Brokers  မှ Tools အနည်းငယ်ကို ထုတ်ဖော်ချပြမှုကြောင့်  သေချာသော သတင်းဟု လူအများ သိရှိခဲ့ရပြန်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက Shadow Brokers  အဖွဲ့သည် အဆိုပါ Tool  များကို လေလံတင် ရောင်းချမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သော်လည်း  စိတ်ဝင်စား ဆက်သွယ်သူ နည်းပါးခဲ့သောကြောင့် မရောင်းဖြစ်ခဲ့ပေ။  ယခုအခါတွင် ဈေးနှုန်းကို ပုံသေသတ်မှတ်ပြီး ရောင်းချမည်ဟု ထပ်မံကြေငြာလိုက်ခြင်းဖြစ်သည်။ ၄င်းတို့၏ Database  တစ်ခုလုံးကိုပင် 750 bitcoin ( အမေရိကန်ဒေါ်လာ $678630) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါသတင်းသည် နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့များ ဟက်ကာ (Hackers) များအတွက် ဆွဲဆောင်မှုရှိသော သတင်းတစ်ခုဖြစ်နေသည်။  ၄င်းအပြင် Malware  သုတေသနပညာရှင် Jacob Willian  ၏အဆိုပြုချက်အရ အဆိုပါ Tool   များသည် Antivirus  များ အခြားသော Security Software  များမှ ထောက်လှမ်းခြင်း မပြုနိုင်သည်ဟု ယူဆရကြောင်း သက်သေအထောက်အထားဖြင့် အတည်ပြု ပြောကြားလိုက်သည်။ ဆိုလိုသည်မှာ စွမ်းအားမြှင့်ပြီး အမှန်တကယ် လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်သော Tools  များဖြစ်သည်ဟု အတည်ပြုပေးလိုက်ခြင်းဖြစ်သည် ဟုယူဆနိုင်သည်။

Shadow Brokers မှရောင်းလိုသော Tools များမှာအောက်ပါအတိုင်းဖြစ်သည်။

•Exploit Framework
•Network Implants
•Remote Administration Tools (RAT)
•Remote Code Execution Exploits for IIS, RDP, RPC, SMB Protocols (Some Zero-Days)
•SMB BackDoor (Implant)

စိတ်ဝင်စားစရာ ကောင်းလှသည့်အချက်မှာ အဆိုပါ Tools  များတွင် "DanderSpritz"  ဟုခေါ်သော Snowden  မှ ထုတ်ဖော်ခဲ့သည့် RAT (Remote Administration Tool) တစ်မျိုးလည်းပါဝင်နေခြင်းဖြစ်သည်။

ထို့ကြောင့် စာရှုသူတို့ အနေဖြင့် အဆိုပါ Tools  များကို ဝယ်ယယူနိုင်ပြီ  လိုအပ်လာပါက နိုင်ငံတော်ကာကွယ်ရေးအတွက်   ပြန်လည်အသုံးပြုနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

23-1-2016
သတင်း စီစဉ်တင်ဆက်သူ - Fr!d@y (MEHN Team)
NSA မှ ခိုးယူထားသော Hacking Tools များကို ပြန်လည်ရောင်းချတော့မည် NSA  မှ ခိုးယူထားသော Hacking Tools  များကို ပြန်လည်ရောင်းချတော့မည် Reviewed by Myanmar Ethical Hacking News on 6:00 AM Rating: 5

No comments:

MEHN Team. Powered by Blogger.