DDoS တိုက်ခိုက်မှူ့တွင် လူငယ် ၃၄ ဦး ဥရောပတွင် ဖမ်းဆီးခံခဲ့ရခြင်း



ဥရောနိုင်ငံတ၀ှမ်း ၁၃ နိုင်ငံမှ တရားဥပဒေ စိုးမိုးရေး ဌာနများ၏ ထုတ်ပြန်ချက်များအရ Netspoof DDoS ကို အသုံးပြုပြီး Websites များကို တိုက်ခိုက်ခဲ့သော လူပေါင်း ၃၄ ယောက်ကို ဖမ်းဆီးထားခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ သံသယရှိသူ အားလုံးပေါင်းမှာ ၁၀၁ ယောက်ဖြစ်ပြီး ထိုအထဲမှ ၃၄ ကို ဖမ်းဆီးထားမိခဲ့ခြင်း ဖြစ်ပါတယ်။ Europol Website ၏ ကြေငြာချက်မှာတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နှင့် ၉ ရက်ကြား ကာလအတွင်းမှာ ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းဆီးခံရသူ အများစုမှာ အသက် ၂၀ နှစ်အောက် လူငယ်များ အများဆုံး ပါဝင်နေပါတယ်။ ဖမ်းဆီးခံရသူများသည် Netspoof ကို ဌားရမ်း အသုံးပြုပြီး Websites များကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ DDoS Attack အတွက် ၀န်ဆောင်မှူ့များကို မြေအောက်လောကများတွင် ဌားရမ်း၍ သော်လည်းကောင်း ၊ အပိုင်ဝယ်ယူ၍ သော်လည်းကောင်း ရရှိနိုင်ပါသည်။ များသောအားဖြင့် DDoS ၀န်ဆောင်မှူ့များကို ဌားရမ်းပြီး တိုက်ခိုက်တတ်ကြပါသည်။ DDoS ဌားရမ်းခမှာ မနည်းလှသော ငွေကြေးပမာဏ တစ်ခုဖြစ်သည်။

DDoS တိုက်ခိုက်နည်းသည် Websites သို့မဟုတ် Webserver များကို ၀န်တင်မှူ့ ကြီးမားအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ Websites သို့မဟုတ် Webserver များတွင် ၀င်ရောက်အသုံးပြုသူ ကန့်သတ်ချက်ရှိသည်။ DDoS တိုက်ခိုက်နည်းသည် ထို အသုံးပြုသူ ကန့်သတ်ချက်အား ကျော်လွန်အောင် နေရာယူလိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ Websites သို့မဟုတ် Webserver တစ်ခုသည် တစ်ကြိမ်တည်း တစ်ပြိုင်တည်းတွင် အသုံးပြုသူ အယောက် တစ်သိန်း လက်ခံနိုင်တယ် ဆိုကြပါစို့။ DDoS တိုက်ခိုက်နည်းသည် ထို အသုံးပြုသူ အယောက် တစ်သိန်းနေရာတွင် ၀င်ရောက်နေရာ ယူလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ၀င်ရောက် နေရာယူထားသည့်အတွက် အခြားသူများ ၀င်ရောက်လိုသည့်အခါ Websites များတွင် Access Denied or Service Unavailable စသည့် စာတမ်းများကို မြင်တွေ့ရမည်ဖြစ်သည်။ နေရာလွတ် မရှိသေးသည့်အတွက် ၀င်ရောက်၍ မရနိုင်ခြင်း ဖြစ်သည်။

Europol ၏ ဥရောပ ဆိုက်ဘာရာဇ၀တ်မှူ့များ နှိမ်နင်းရေး ဗဟိုဌာနချူပ်မှ (European Cybercrime Center (EC3)) မှ ထိပ်တန်း အရာရှိတစ်ဦးဖြစ်သူ စတီဗန် ၀ီလ်ဆန် (Steven Wilson) မှ “ယနေ့ခေတ်လူငယ် အများစုက နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ရှေးယခင်ကာလများထက် ပိုမိုပြီး အကျွှမ်းတ၀င်ရှိလာကြပါတယ်။ ထိုသို့ အကွှမ်းတ၀င်ရှိလာခြင်းသည် ကောင်းကျိုးများကို ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဖမ်းဆီးခြင်းခံထားရသူ အများစုမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဘဲဖြစ်ပါတယ်။ ဆိုဘာလုံခြုံရေး (Cyber Security) အကြောင်းကို သေချာ ဂဃနဏ မသိဘဲ လက်တည့်စမ်းကြသည့်အတွက် ယခုလို မဖြစ်သင့်သည့် အရာတွေ ဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ လူငယ်များ ဆိုက်ဘာ လုံခြုံရေး (Cyber Security) လုပ်ငန်းစဉ်များကို စိတ်ဝင်စားတယ်ဆိုရင် သေချာ စံနစ်တကျ သင်ယူသင့်ပါတယ်။ သို့မဟုတ်ပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားစေနိုင်ပါတယ်” ဟု ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ဆိုက်ဘာ စစ်ဆင်ရေး (Cyber Operation) လှူပ်ရှားမှူ့များတွင် Europol နှင့်အတူ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ နယ်သာလန် ၊ နော်ဝေး ၊ လီသူနီးယား ၊ စပိန် ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ ရိုမေးနီးယား ၊ အင်္ဂလန် နှင့် အမေရိကန် ပြည်ထောင်စုတို့မှ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

ဆိုက်ဘာ ရာဇ၀တ် (Cyber Crime) များကို နှိမ်နင်းရန်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်း ဆောင်ရွက်မှူ့သည် အလွန်ပင် အရေးကြီးသော လုပ်ငန်းဆောင်တာ တစ်ရပ်ဖြစ်သည်။ ထင်ရှားသော သက်သေ သာဓကများကို ဖော်ထုတ် ပြရလျှင် ထိုင်းနိုင်ငံ နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော ATM စက်များကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တိုက်ခိုက်သူများသည် တစ်ဖွဲတည်းဖြစ်ပြီး တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လှည့်လည် တိုက်ခိုက်နေခြင်း ဖြစ်သည်။ နိုင်ငံတကာရဲများမှ ဆက်သွယ်မှူ့ ကောင်းကောင်းဖြင့် အလျှင်အမြန်ဖော်ထုတ်မည်ဆိုပါက ဆိုက်ဘာ ရာဇ၀တ် (Cyber Crime) ဖြစ်စဉ်များ လျှော့နည်းသွားမည် ဖြစ်ပါသည်။

16-1-2016
သတင်း စီစဉ်တင်ဆက်သူ - ပိုင်လင် (MEHN Team)
DDoS တိုက်ခိုက်မှူ့တွင် လူငယ် ၃၄ ဦး ဥရောပတွင် ဖမ်းဆီးခံခဲ့ရခြင်း DDoS တိုက်ခိုက်မှူ့တွင် လူငယ် ၃၄ ဦး ဥရောပတွင် ဖမ်းဆီးခံခဲ့ရခြင်း Reviewed by Myanmar Ethical Hacking News on 8:40 AM Rating: 5

No comments:

MEHN Team. Powered by Blogger.