What is RAT?



ဒီတစ်ခါ စာဖတ်သူများကို ဖော်ပြပေးချင်သော အကြောင်းအရာကတော့ RAT အကြောင်းဘဲဖြစ်ပါတယ်။ RAT ဆိုတာကတော့ Remote Access Trojan တစ်ခုဖြစ်ပြီး တိုက်ခိုက်သူ (Attackers or Hackers) များမှ သားကောင် (Victim) ၏ ကွန်ပြူတာအား ထိန်းချုပ်ရန်အတွက် ဖန်တီးထားသော ကွန်ပြူတာ ပရိုဂရမ် (Computer Program) တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူသည် အင်တာနက်ပေါ်ရှိ Software တစ်ခုကို Download ဆွဲသည့်အခါ ထို Download ပြုလုပ်လိုက်သော Software ထဲတွင် အတူပါလာခြင်း ဖြစ်သည်။ ဥပမာ - Game Software များ ၊ Email များတွင် Attachment အနေဖြင့် ပါလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ Computer System သည် တိုက်ခိုက်ခံခဲ့ရပါက RAT အများကြီး ဖြန့်ဝေပီး အားနည်းချက်ရှိသော အခြား ကွန်ပြူတာများကို ရှာဖွေပါတော့တယ်။

RAT သည် သားကောင် ကွန်ပြူတာ (Victim’s Computer) များကို အမှန်တစ်ကယ် ထိန်းချူပ်ခြင်း လုပ်ငန်းစဉ်များကို (Administrative Control) လုပ်နိုင်ပါတယ်။ တခြားလုပ်ဆောင်နိုင်တာတွေကတော့ - သားကောင် ကွန်ပြူတာအတွင်း Keyloggers များ သို့မဟုတ် တခြား Spyware တစ်ခုခုကို ၀င်ရောက်သွားအောင် ပြုလုပ်နိုင်ပါတယ်။ အရေးကြီးသော လျှို့ဝှက်ချက်များကိုလည်း ရယူနိုင်ပါတယ်။ ဥပမာ - Credit Card ၊ Social Security Numbers စသည်တို့ကို ရယူသွားနိုင်ပါတယ်။ သားကောင်၏ ကွန်ပြူတာတွင် တပ်ဆင်ထားသော Webcam ကိုအသုံးပြုပြီး Video Recording ပြုလုပ်ခြင်း ၊ Screenshots ပြုလုပ်ခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ Viruses နှင့် Malware တို့ကို ဖြန့်ဝေပေးနိုင်စွမ်း ရှိပါတယ်။ Drives တွေကိုလဲ Formatting လုပ်လို့ရပါတယ်။ Files များနှင့် File Systems တို့ကို Deleting နှင့် Downloading တို့ပြုလုပ်လို့ရပါတယ်။ Back Orifice Rootkit သည် ထိပ်တန်း RAT တစ်ခု ဖြစ်သည်။

ကွန်ပြူတာ စံနစ်များသည် RAT များ ၀င်ရောက်ခြင်း ရှိ / မရှိကို သိရှိဖို့အတွက် ခက်ခဲလှပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကွန်ပြူတာ စံနစ်တွင် Running Programs များ သို့မဟုတ် Tasks တို့မှာ မမြင်ရသောကြောင့် ဖြစ်ပါတယ်။ RAT ၏ လှူပ်ရှားမှု့များသည် တခြားတရားဝင် ထည့်သွင်းထားသည့် Programs မျိုးကဲ့သို့ ဖြစ်နေတတ်ပါတယ်။ ထို့ကြောင့် RAT များသည် ကွန်ပြူတာ စံနစ်များအတွင်းသို့ ၀င်ရောက်သွားပါက ရှာဖွေဖော်ထုတ်ရန်အတွက် ခက်ခဲရခြင်း ဖြစ်ပါတယ်။

စာဖတ်သူတို့အနေနဲ့ RAT များ ၀င်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ထားသင့်ပါတယ်။ Antivirus Software ကိုအမြဲတစေ update ဖြစ်အောင်ပြုလုပ်ပေးသင့်ပါတယ်။ ထို့အပြင် Software များအား Downloading ပြုလုပ်ခြင်း သို့မဟုတ် Email များတွင် ပါလာသော Attachments တို့ကိုဖွင့်ရာတွင်လည်း ပေးပို့လာသော Email ၏ လိပ်စာ မူလဘူတ အရင်းအမြစ် Sources များသည် အမှန်တစ်ကယ် ဟုတ် / မဟုတ် သတိပြု စစ်ဆေးသင့်ပါတယ်။ ကွန်ပြူတာ စံနစ်တစ်ခုတွင် အသုံးမပြုသော Ports များနှင့် Services များကိုလည်း ပိတ်ထားသင့်ပါတယ်လို့အကြုံပေးရင် နိဂုံးချုပ်လိုက်ပါတယ်။

26-1-2017
သတင်း စီစဉ်တင်ဆက်သူ - Algorithm (MEHN Team)
What is RAT? What is RAT? Reviewed by Myanmar Ethical Hacking News on 7:21 PM Rating: 5

No comments:

MEHN Team. Powered by Blogger.