Yahoo ကို Altaba လို့နာမည်ပြောင်းနူတ်ဆက်လိုက်ခြင်း
Yahoo ရဲ့ Internet စီးပွားရေးကို $4.8 Billion နှင့် Verizon ကိုရောင်းချခဲ့ပါတယ်။နောက်လက်ခံရရှိတဲ့Company က Altaba လို့ အမည်ပြောင်းပေးလိုက်ပါတယ်။ Internet ပေါ်မှာတွေ့ရှိနေကျဖြစ်တဲ့နာမည်တစ်ခုရဲ့အဆုံးသတ်ဇာတ်လမ်းပါဘဲ။
နည်းပညာရပ်ဝန်းအကူအညီဖြင့်Company ကနေ Securities and Exchange Commission(SEC) နှင့်ပေါင်းပြီးနာမည်ကိုပြောင်းလဲလိုက်တာပါ။တခြားအရာတွေတော့ပြောင်းလဲမှုမရှိသေးပါဘူး။ Altaba ရဲ့နာမည်အောက်ရှိ 15% ကို Alibaha ကပိုင်ဆိုင်ပြီး 35.6% ကို Japan က Yahoo ကလုပ်ဆောင်ထားဆဲပါဘဲ။
Yahoo ရဲ့ CEO Mariss Mayer နဲ့Co.Founder David Filo တို့ကို Altaba ကဆက်လက်ပြီးလက်တွဲဖို့မဖြစ်နိုင်တော့ဘူးလို့ ထင်ရပါတယ်။ Yahoo ရဲ့လုပ်ပိုင်မှုအပိုင်းမှာ Mayer ကအဓိကအခန်းကပါဝင်ထားပါတယ်။ ဒါကြောင့်သူရဲ့ရာထူးက ဘယ်လိုဖြစ်သွားမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။
Mayer ရဲ့စွမ်းဆောင်မှုတွေကို Company အသစ်ကနေဆန့်ကျင်မှုတွေမရှိသေးပါဘူး။ Yahoo မှာ ရှာဖွေအသုံးပြု သူဦးရေဟာဆိုရင်လွန်ခဲ့တဲ့လအတွင်းမှာဘဲ ရှာဖွေသူက 1 Billion ထိရှိပါတယ်။
Yahoo လုံခြုံရေးကနေများပြားတဲ့ E.mail တွေကိုScan လုပ်ပြီးအသုံးပြုသူတွေရဲ့လုပ်ဆောင်မှုတွေကိုကြည့်ရှုမှုလွန်ခဲ့တဲ့၃ လကလုပ်ဆောင်ခဲ့ပါသေးတယ်။ Yahoo မှာHacking နဲ့ spying လုပ်ခံရခြင်းတွေကို Verzion လေ့လာမိပြီးနောက်ဖြစ်ပွားမှုမရှိအောင်လုပ်ဆောင်မှာပါ။ Yahoo, Altaba လို့ကျွန်တော်တို့ပြောင်းလဲခေါ်ဆိုသင့်ပါပြီ။ ဒီလွှဲပြောင်းရောင်းချမှုကြီးကို ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းလောက်က လုပ်ဆောင်မှုရှိခဲ့တာပါ။ နာမည်ကျော်ကြားမှုတွေနဲ့ ၁၉၉၅ ကနေ ၂၀၁၇ ထိသက်တမ်းရှိခဲ့တဲ့ Yahoo မှာတာဝန်ထမ်းဆောင်နေတဲ့အဖွဲ့ဝင်တွေကတော့ဝမ်းနည်းမှုများစွာခံစားနေရပါတယ်။ 1994 ခုနှစ်က Yahoo ကိုအသက်သွင်းခဲ့သူ Jerry Yang နဲ့ David Filo ကတော့ Yahoo ဟာဆိုရင် Internet လောကရဲ့တစ်စိတ်တစ်ပိုင်းပါဘဲ။ Google နဲ့ Facebook တို့ရဲ့ဌာနတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး ဟုပြောကြားပါတယ်။ Facebook နဲ့ Google တို့ထက် $125 Billion ပိုမိုဝင်ငွေရပါတယ်။ ဒါပေမယ့် Company တစ်ခုရဲ့နှေးကွေးတဲ့စီးပွားရေးပုံစံတစ်ခုနှင့်အတူခေါင်းဆောင်ပိုင်းလိုအပ်ချက်တွေကြောင့် ခုဆိုရင်ရောင်ချပြီး Yahoo နာမည်ကနေအပြီးတိုင်ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။
24-1-2017
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Yahoo ကို Altaba လို့နာမည်ပြောင်းနူတ်ဆက်လိုက်ခြင်း
Reviewed by Mr.Thein
on
9:42 AM
Rating:
No comments: