Spyware အသုံးပြုခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံရခြင်း



အမေရိကန် ပြည်ထောင်စု (United States) ဗာဂျီးနီးယာပြည်နယ် (Virginia) ဂရိတ်ဖော (Great Falls) တွင် နေထိုင်သော အသက် ၂၁ အရွယ် ကျောင်းသားလူငယ်လေး ဇာချရီရှိမ်း (Zachary Shames) သည် Malware သို့မဟုတ် Spyware သို့မဟုတ် Keylogger တစ်ခုကို ရေးသားခဲ့သည်။ ဇာချရီရှိမ်း (Zachary Shames) ရေးသားထားသော Keylogger သည် ကွန်ပြူတာ စံနစ်အတွင်း ၀င်ရောက်သွားပါက ထို ကွန်ပြူတာစံနစ်၏ Keyboard မှတဆင့် ရိုက်ထည့်သမျှ စကားလုံးတိုင်းကို မှတ်သားထားမည် ဖြစ်သည်။ ထို့နောက် မှတ်သားထားသော စကားလုံးများကို တဖက်ရှိ တိုက်ခိုက်သူထံသို့ ပြန်လည် ပေးပို့မည် ဖြစ်သည်။ အဆိုပါ Keylogger အား လူအယောက် ၃၀၀၀ ထက် မနည်းရောင်းချခဲ့ပြီး ကွန်ပြူတာပေါင်း ၁၆,၀၀၀ ခန့် ထိခိုက်ခဲ့ပါတယ်။

ဇာချရီရှိမ်း (Zachary Shames) သည် Keylogger ၏ ပထမဆုံး ဗာရှင်း (Version) ကို အထက်တန်းတက်စဉ် ကာလကပင် စတင်ရေးသားခဲ့သည်။ ထို့နောက် ပြုပြင်ခြင်း ပြင်ဆင်ခြင်း ပြုလုပ်ကာ တက္ကသိုလ် ရောက်သည့်အခါ ဈေးကွက်အတွင်း ဖြန့်ချီနိုင်သော အဆင့်သို့ရောက်လာခဲ့သည်။

Spyware များကို ရေးသားခြင်း ၊ တရားမ၀င်ရောင်းချခြင်း ၊ ကွန်ပြူတာ စံနစ်များကို ထိခိုက် ပျက်စီးစေခြင်း စသည့် ပြစ်မှူ့များကြောင့် အမေရိကန်နိုင်ငံဆိုင်ရာ တရားရုံးတော်မှ ဇာချရီရှိမ်း (Zachary Shames) အား ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နိုင်ငံတကာတွင် ဆိုက်ဘာ ရာဇ၀တ်များသည် နေ့စဉ်နှင့် အမျှ ဖြစ်ပွားလျှက်ရှိသည်။ အသစ်အသစ်သော နည်းပညာများသည်လည်း လျင်မြန်စွာ တိုးတက်လာလျှက်ရှိသည်။ ရန်သူကို အမိဖမ်းချင်ပါက ရန်သူထက် လျှင်မြန်နေဖို့ လိုအပ်ပါသည်။ ထို့ကြောင့် ဆိုက်ဘာရာဇ၀တ်မှူ့များကို တားဆီးမည်ဆိုပါက အဆိုပါ ရာဇ၀တ်သားများ အသုံးပြုသော ပစ္စည်းများထက် တားဆီးမည့်သူများ အသုံးပြုမည့် ပစ္စည်းများက ပိုမို ကောင်းမွန်စေရန် လိုအပ်ပါသည်။ ထို့ကြောင့် အချိန်တိုအတွင်း ဆိုက်ဘာရာဇ၀တ်မှူ့များကို တားဆီးနိုင်ရန်အတွက် စွမ်းရည်မြင့်သော အထောက်အကူပစ္စည်းများလည်း လိုအပ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

25-1-2016
သတင်း စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)
Spyware အသုံးပြုခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံရခြင်း Spyware အသုံးပြုခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံရခြင်း Reviewed by Myanmar Ethical Hacking News on 7:39 PM Rating: 5

No comments:

MEHN Team. Powered by Blogger.